10 March 2017

“MAT အဖွဲ့ကကိုစိုင်းအေး လမ်းသွားရင်းကုသိုလ်ယူလာတယ်”



                                    
၂၀၁၇ မတ်လ ၁၀ ရက်
မင်းဘခက်

         ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ၏ ဆက်ဆံရေးအရာနှင့်ရုံး တာဝန်ခံ ကိုစိုင်းအေး တစ်ယောက် အလုပ်ကိစ္စနှင့်ပြန်လာစဉ် ၃လအရွယ် ကလေးငယ်တစ်ဦး ဖခင်ထံသို့  ရောက်ရှိစေနိုင်ရေးအတွက် ကူညီပေးနိုင်ခဲ့သည်။

        အသက်၂၂ နှစ်အရွယ် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညနေကွင်းကျေးရွာမှ မနုနုဝင်း ဆိုသူသည် ၃လ အရွယ် ကလေး ငယ်တစ်ဦးနဲ့အတူ ထိုင်းနိုင်ငံအတွင်းနေထိုင် အလုပ်လုပ်ကိုင် ခွင့် မြန်မာနိုင်ငံကူးလက်မှတ်နှင့် အတူ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ သို့ယမန်နေ့ကပြန်လာခဲ့ပါသည်။

          ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးအလုပ်များလုပ်ကိုင်ရင် အိမ်ထောင်ကျခဲ့သည်။ ကိုယ်ဝန်အရင့် အမာ ဖြစ်လာသည့်အခါ မိဘများထံသို့ ပြန်သွားခဲ့ပြီး မီးဖွားခဲ့ခြင်ြး ဖစ်ပါသည်။ သူမယနေ့ မဲဆောက်မှ ကားစီးလာခဲ့စဉ် တောင်ပေ ခွေးဝဲလျားဦး စစ်ဆေးရေးဂိတ် အရောက် တွင် ကလေးငယ်မှာမွေးစါရင်းမပါသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ခွင့်မပြုနိုင်ကြောင်းထိုင်းလ၀က 
ကားပေါ်မှဆွဲချကာ မဲဆောက်သို့ ပြန်သွားရန်ပြောဆိုခဲ့ပါသည်။

       မနုနုဝင်း က“ဆရာဦးစိုင်းအေးကူညီပေးလို့ ကျမ သမီးလေး သူ့ဖခင်နဲ့တွေ့ခွင့်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် ကျမသမီးကို ယူသွားလို့မရဘူး။ နတ်သိကြားမသလို သမီးခံစားရတယ်။ ၀မ်းလည်းအရမ်းသာ တယ်။ ကျေးဇူး လည်းတင်တယ်။ ပြောမတတ်အောင်ပါပဲ” ဟု ၀မ်းမြောက်စကားဆိုပါသည်။

     ကားပေါ်တွင် အတူတူစီးနင်းလိုက်ပါလာသော MAT အဖွဲ့ရုံးတာဝန်ခံ ကိုစိုင်းအေးက စစ်ကြောရေးဂိတ် မှ လ၀က အရာရှိကို အကျိုးသင့်အကြောင်းသင့်ရှင်းပြ၍ မေတ္တာရပ်ခံခဲ့သဖြင့် သားအမိနှစ်ဦးမှာ မိမိသွားလို ရာ ကလေး ငယ်ဖခင်ရှိရာ အယုဒ္ဓယမြို့သို့ခရီးဆက်နိုင်ခဲ့ပါသည်။

ကိုစိုင်းအေး က “ကျနော်တို့က လူကုန်ကူးခံရသူတွေကို သံရုံးကထောက်ခံစာတွေ၊ DSI ထောက်ခံချက်တွေ နဲ့ မကြာမကြာ မြ၀တီကို လိုက်ပို့ရတယ်။ ကျနော်တို့အဖွဲ့ဟာ ထိုင်းနိုင်ငံတရားဥပဒေစိုးမိုးမှုကို အကူညီပေး 
 နေသူတွေ၊ လူကုန်ကူးမှုနဲ့ အခြားရာဇ၀တ်မှုတွေကိုပါ တတ်နိုင်သမျှ ကူညီနေသူတွေဖြစ်တယ်ဆိုတာ ဒီလမ်း တလျှောက်က ဂိတ်တွေကသိတယ်။ ဒါကြောင့် ကျနော် မေတ္တာရပ်ခံခဲ့လို့ အဆင်ပြေသွားတာပါ” ဟုပြောသည်။

        လူကုန်ကူးမှုတိုက်ဖျက်ရေးကိုအဓိကထား၍ လုပ်ဆောင်သည့် MAT မှာ ထိုင်းနိုင်ငံ၏ ဘာသာရေး ကိစ္စ တစ်ခုတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များ လုပ်ကိုင်ဆောင်ရွက်နေရသဖြင့် ကယ်တင်ရန် အဆင်သင့် ကိစ္စရပ်များကိုပင် အကောင်အထည်မဖေါ်နိုင်ဖြစ်နေကြောင်း MAT အဖွဲ့က ပြောဆိုပါသည်။

      မြန်မာနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့်တရုတ် နိုင်ငံတို့တွင်လူကုန်ကူးခံရပါက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဖုန်းနံပါတ် များသို့ဆက်သွယ်၍ အကူညီတောင်း ခံနိုင်ပါသည်။

ဦးအောင်မျိုးသန့်=089 652 5696…ဦးကျော်သောင်း=0846705727… ကိုစိုင်းအေး=0805885548 ..
ကိုဘခက်=087 312 1179