06 March 2017

“CI စာအုပ်ထုတ်လုပ်မှုလုပ်ငန်းစဉ်အစီအမံညံ့ဖျင်း၊ သမားများအတွက်တာဝန်ပိ”


              “CI စာအုပ်ထုတ်လုပ်မှုလုပ်ငန်းစဉ်အစီအမံညံ့ဖျင်း၊ သမားများအတွက်တာဝန်ပိ”

၂၀၁၇ မတ်လ ၆
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)

         မတ်လ၃ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် Certificate of Identity.CI စခန်းတို့၏ လုပ်ကိုင် ဆောင်
ရွက်မှုများပုံအဆင်မချောမှုတို့ကြောင့် အလုပ်သမားများအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်နေကြောင်းသိရသည်။


        စာအုပ်ထုတ်ပေးခ အဖြစ် စခန်းများက အလုပ်သမားများထံမှ တစ်စုံတစ်ရာကောက်ခံခြင်း မရှိစေရန် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက တင်ဒါစနစ်ဖြင့် ရွေးချယ်၍ ဘန်ကောက်၊ မဟာချိုင် ၂ခု၊ မယ်ဆယ်၊ မဲဆောက်နှင့်ရနောင်းတို့တွင် စခန်း၆ခုဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ စခန်းများက အစိုးရသတ် မှတ်ထားသည့်စည်းကမ်းများကိုလိုက်နာစေရန်အတွက် မြန်မာအစိုးရထံတွင် ကျပ်ငွေ သိန်း၇၀၀(သို့) ဘတ် ငွေ၂သန်းစီ အာမခံတင်ရပါသည်။

       အစိုးရ၏ကြေညာချက်များအရ အလုပ်သမားတစ်ဦးလျှင် CI ကဒ်ထုတ်ရန်အတွက် Eleven (7/11) ဆိုင်တွင် ၃၁၀ ဘတ်၊ မိမိနေထိုင်ရာခရိုင် လူဝန်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာပြုလုပ်ရန်အတွက် ၅၀၀ ကုန်ကျ မည်ဖြစ်သည်။ ဗီဇာထုတ်ယူ၍ ၁၅ ရက်အကြာတွင် အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ပြုလုပ်ရန် စာရွက်စာ တမ်း အတွက် ၁၀၀ဘတ်၊ ဆေးစစ်ခ ၆၀၀ဘတ် စာရွက်စာတမ်းခ ၁၀၀၊ စုစုပေါင်း ၁၆၀၀ ကုန်ကျမည် ဖြစ်ကြောင်း၊ အလုပ်ရှင်ပြောင်းပါက ၉၀၀ ဘတ် ထပ်မံကုန်ကျမည် ဖြစ်ကြောင်း သိရသည်။



           လက်ရှိအခြေအနေတွင်၊ စခန်းများက ကိုယ်တိုင် ငွေကြေးကောက်ခံခြင်းမရှိသော်လည်း၊ ဖွင့်လှစ် ထား သည့်စခန်းအနီးတွင် ထိုင်းနှင့်မြန်မာပွဲစားတို့ပူးပေါင်း၍၊ အလုပ်သမားများထံက တစ်ဦးလျှင် ဘတ်ငွေ ၆၀၀ စီ ပေးမှ ၀င်ရောက်ခွင့်ပြုခြင်း၊ ပွဲစားခအနေဖြင့်ဆိုပါက တစ်ဦးကို ဘတ်ငွေ ၃၀၀၀ ကောက်ခံနေခြင်း၊ တို့ ပြုလုပ် နေကြောင်း အလုပ်သမားများပြောပြချက်အရသိရသည်။

           မဟာချိုင်အခြေစိုက် AAC မဟာမိတ်အဖွဲ့မှ  ကိုရဲမင်းက“ မတ်လ ၃ရက်နေ့စဖွင့်တဲ့နေ့က မဟာချိုင် စခန်း(၁) မှာ ကျနော်တို့သွားတယ်။ အလုပ်သမားတွေဟာ ကိုယ်တိုင် ဆဲဗင်းမှာ ငွေသွင်းလာတယ်။ ဒါပေ မယ့် အဲဒီစခန်းဘေးက ဟင်္သာတံဆိပ်ကပ်ထားတဲ့ ရုံးခန်းက အလုပ်သမားတွေကို ဘတ်ငွေ ၂၁၀၀ ပေးမှ စာ အုပ်ပေး တယ်။ မတ်လ ၄ ရက်နေ့မှာ စမူပရကန်စခန်းကိုသွားတယ်။အလုပ်သမားဝင်ခွင့်ရဖို့ အတွက် တစ်ယောက်ကို ဘတ် ၃၀၀စီကောက်နေတဲ့ ပွဲစားတွေနဲ့တွေ့ရတယ်။ ဒီနေ့ မတ်လ ၆ရက်နေ့ မဟာချိုင် စခန်း(၁) မှာ အလုပ် သမားတစ်ယောက်ကို အထဲကို ၀င်ခွင့်ရဖို့အတွက် ဘတ်ငွေ ၆၀၀ စီ အစိမ်းရောင် စတေကာကပ်ပေးနေတယ်” ဟုပြောသည်။
        
          နကပထုန်နယ်မြေမှ လာရောက်၍ CI လာလုပ်သည့် အလုပ်သမားကိုရဲဝင်းနှင့် မဥမ္မာဝေ တို့ ဇနီးမောင်နှံ၂ဦးတို့ မဟာချိုင်ဈေးသို့ရောက်သည့်အခါ ကားပေါ်ကဆင်းသည်နှင့် တပြိုင်နက် ပုလိပ်များက ဘတ်ငွေ တစ်သောင်း တောင်းခံခဲ့ရာ၊ ငါးထောင်ပေးမှလွတ်မြောက်လာခဲ့သည်။

      ထိုအခြင်းအရာအား MAT အဖွဲ့ က မဟာချိုင်ရဲကိုမေးမြန်းရာ နယ်ကျော်သဖြင့်ဖမ်းဆီးငွေတောင်းေ ကြာင်း၊ CI ထုတ်ပေးရေးနှင့် ပတ်သက်၍ အထက်မှ တစ်စုံတစ်ရာ ညွန်ကြားထားခြင်းမရှိသေးကြောင်း မဟာချိုင်ရဲစခန်း မှ ပြောဆိုပါသည်။ ထို့ပြင် မဟာချိုင်စခန်းအနီးတွင် ဆိုင်ကယ်စီးရဲများက မြန်မာများကို ဖမ်းဆီး၍ ငွေကြေး တောင်းခံနေကြောင်းလည်း အလုပ်သမားများကပြောပါသည်။

      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “CI လုပ်ဖို့လာတဲ့အလုပ်သမားတွေကိုပုလိပ်မဖမ်းအောင်အယင်ဆုံးအစိုးရကြေညာပေးရမယ်၊ စခန်း တစ်ခုကို တစ်နေ့ကို ဘယ်လောက်လက်ခံမလဲ၊ ဦးရာလူစနစ်လား၊ တန်းစီစနစ်ဆိုရင်လည်း ဘယ်လို၊ အစိုးရနဲ့ အလုပ်ရုံနဲ့ ဇုန်နဲ့ ဘယ်လိုညှိကြမလဲ။ ဒါမှမဟုတ် ကြားခံအေဂျင့်နဲ့စီမံမလား၊ သေသေချာချာ အမြန်ဆုံးလုပ်ပေးဖို့လိုပါမယ်။ အလုပ်သမားတွေက အလုပ်ပျက်ခံပြီးလာရတာ။ အခု CI လုပ်တာ နောက် ကျတော့ ပန်းရောင် ဘတ်ကဒ်ကို အယင်ဆက်ရတယ်။ အဲဒီမှာ ဘတ်ငွေ ၅၀၀၀ ကုန်သွားပြီ။ ဗီဇာက လည်းတစ်နှစ်ပဲထုပေးမယ်။ CI စခန်းလုပ်ရင်းနဲ့ ဗီဇာတွေကုန်လာမယ်။ အလုပ်သမားတွေထပ်ကုန်မယ်။ အလုပ်သမားတစ် ယောက်အတွက် တရားဝင်နေထိုင်ခွင့်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုပ်သမျှပိုက်ဆံတွေ ထိုင်းမှာကုန်ကျနေတယ်၊ ဒါကို မြန်မာအစိုးရ သေသေချာချာစဉ်းစားဖို့လိုပါတယ်” ဟုပြောသည်။


           ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းခန့်ရှိပြီး ဦးရေ . သန်းခန့်သာ တရားဝင် အလုပ်လုပ်ခွင့် လုပ်ကိုင်ထားရာ ထိုအထဲတွင် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ သိန်းကျော် ရှိကြောင်း အစိုးရကထုတ်ပြန် ထားပါသည်။

      ယခု CI ထုတ်ပေးခြင်းလုပ်ငန်းစဉ်မှာ အလုပ်သမားများအတွက် ခိုင်မာသည့် အာမခံချက်ရှိစေမည့် အစီအမံ မျိုးမပါဝင်သကဲ့သို့ ဗီဇာထုရေးကိစ္စ၊ ပြောင်းရွှေ့ခွင့်ကိစ္စရပ်များအပြင် ယခုဖြစ်နေသည့် ပရမ်းပတာ အခြေအနေများမှာ  မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စနစ်တကျ သေသေချာချာ ပြင်ဆင် ထားခြင်း မဟုတ်ကြောင်းသိသာပါသည်။

    သို့ဖြစ်၍ ၄နှစ်ဗီဇာကုန်အလုပ်သမား၊ ၆နှစ်ဗီဇာကုန်အလုပ်သမားများအား ပွဲစားကြီးအချို့တို့က ဘားအံ သို့ ပြန်၍ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ယူ၍ ထိုင်းလ၀က ငွေအမြောက်အမြားပေး၍ ဗီဇာထုပေးခြင်း လုပ်ငန်းမှာလည်းတွင်ကျယ်နေပါသည်။ ဘားအံ ပတ်စပို့ထုတ်ပေးသည့်စခန်းတွင် ပုံမှန်ဆိုပါက တစ်ပတ်ေ စာင့်ရ၍ကျပ်ငွေ ခုနစ်သောင်းမှ တစ်သိန်းအထိပေးရသော်လည်း ၂ရက်အတွင်းရလိုပါက ပတ်စပို့စာအုပ် တစ်အုပ်ကို အမြန်ဈေးနုန်း ကျပ်ငွေ ၂ သိန်းခွဲအထိပေါက်ဈေးရှိနေကြောင်း ပွဲစားကုမ္ပဏီများပြောပြချက်အရ သိရှိရသည်။

        ဘန်ကောက် မြန်မာသံရုံးတွင် သာမန်နိုင်ငံ ကူး လက်မှတ်ထုတ်ပေးရေးစခန်းအား Vega Trading Co,ltd ကုမ္ပဏီ ကထုတ်ပေးလျှက်ရှိရာ တွင်လည်း နိုင်ငံသားစိ စစ်မှုမှာအနည်းဆုံး၅ လ ကြာမြင့်သည်။ ထို့အပြင်၊ ဓါတ်ပုံရိုက်ခ တစ်ဦးကို ဘတ်ငွေ ၂၅၀နုန်းစီကောက်ခံကြောင်း၊ ပတ်စပို့ ထုတ် ယူသည့်အခါတွင်လည်း ပြင်ပတွင် ဘတ်ငွေ ၅၀-၆၀ ခန့်သာပေးရသည့်ပတ်စပို့ထည့်သည့် အိပ်ခွံကို၁၂၀ဘတ်မဖြစ်မနေပေး၍၀ယ်ရကြောင်း၊ 
အိမ်သာ သွားခ ၅ဘတ်စီပေးရကြောင်း၊ အလုပ်သမားများကပြောကြပါသည်။
                 ဦးသိန်းစိန်အစိုးရလည်း၅နှစ်သာကုန်သွားခဲ့သော်လည်းပြည်တွင်းပြည်ပအလုပ်သမားကိစ္စရပ်များကို
 သေသေချာချာမကိုင်တွယ် နိုင်ခဲ့ပေ။ အဖြစ်မျိုး မဖြစ်စေရန်အတွက်  လူထုရွေးချယ်တင်မြှောက်ထားသည့် NLD အစိုးရအနေဖြင့် ပြည် တွင်းပြည်ပအလုပ်သမားကိစ္စရပ်များကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရန် အပူတပြင်း လိုအပ်နေကြောင်း MAT အဖွဲ့ကပြောသည်။
 
             အချို့ ပွဲစားတို့သည် အလုပ်သမားများထံမှ CI လုပ်ရန်အတွက်ဟုဆိုတာက ဘတ်ငွေ၊ ၆၀၀၀-
၇၀၀၀ အထိယူဆောင်ထားပြီး ဆဲဗင်းအလဲဗင်းတွင်ငွေသွင်းပေးပြီး CI ထုတ်ပေးသည့်စခန်းများရှေ့ သို့
လာရောက်ပို့ဆောင်ပြီး အလုပ်သမားများကို ထားခဲ့သဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိသော အလုပ်သမား
များလည်းရှိနေကြောင်း သိရှိရပါသည်။