25 March 2017

“CI နဲ့မဲဆောက်ကဘန်ကောက်လာတဲ့မြန်မာအလုပ်သမားတစ်ဦးအခက်အခဲကြုံခဲ့”




၂၀၁၇ ခု မတ်လ ၂၅ ရက်
ရွှေလုပ်သား

          မဲဆောက်က ဘန်ကောက်သို့ CI စာအုပ် အသစ် စက်စက်ဖြင့်တက်လာ သည့်အလုပ်သမားတစ်ဦးအား မဲဆောက်တောင်ပေါ်ဂိတ်တွင် ဖမ်းဆီး၍ နယ်စပ် သို့ပြန် လည်ပို့ဆောင်ခြင်းခံခဲ့ရသည်ကို MAT အဖွဲ့ကကူညီ ပေးနိုင် ခဲ့ သဖြင့်ယနေ့တွင် နေထိုင်အလုပ်လုပ်ကိုင်ရာဘန်ကောက် မြို့သို့ အလုပ်သမားပြန်လည်ရောက်ရှိ လာခဲ့ပြီဖြစ်သည်။

       မဟာချိုင်သို့အကြွေးသွားတောင်သည့် အလုပ်သမား တစ်ဦး ယခင်အပတ်က မဟာချိုင်တွင်ဖမ်းဆီးခံခဲ့ရရာ ဆမ်ဆောင်းဂလေစီ7 ဖုန်းတစ်လုံးကိုသိမ်းယူခံခဲ့ရုံ သာမက မဲဆောက်သို့ချက်ခြင်း ပို့ဆောင်ခံခဲ့ရသည်။ 

ထိုအလုပ်သမားတွင် ပန်းရောင်ဘတ်ကဒ် ရှိပါသည်။ သို့ဖြစ်၍ မဲဆောက်CI စခန်းတွင် CI စာအုပ်လုပ်ခြင်း နှင့် ဘန်ကောက်မှ ဗီဇာထုပေးခြင်းတို့ကို ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ က အစမှအဆုံးထိ ကူညီဆောင်ရွက်ပေးခဲ့သည်။ 

        ယမန်နေ့က အဆိုပါ အလုပ်သမားအား မဲဆောက်တော်ပေါ်စခန်းတွင်ဆွဲချသဖြင့် MAT အဖွဲ့က နိုင် ငံခြားရေးတာဝန်ခံ ကိုစိုင်းအေးက အဆိုပါ ထိုင်းရဲအား “ နှစ်နိုင်ငံအစိုးရချင်း လွတ်လွတ်လပ်လပ် သွားလာ လို့ရတဲ့စာအုပ်ထုတ်ပေးနေတာ။ မင်းတို့ရဲတွေက တောင်းစားဖို့ပဲချောင်းနေကြတာလား”ဟုပြောဆိုခဲ့သည်။ သို့ဖြစ်၍ ထိုရဲက စက်ချုပ်ဆရာကို လက်သီးဖြင့်ထိုးရန် ရွယ်ခဲ့သည်ဟုဆိုသည်။ 

အလုပ်သမားများအခက်အခဲကြုံတွေရပါက ကိုစိုင်းအေး ၏ဖုန်း ‎0805885548 ကိုဆက်သွယ်ကြရန်ပြော သည်။