05 July 2017

ရဲမိုး ၏ ရခိုင်အာနန်ကော်မရှင်ကိစ္စ နည်းနည်းပြောချင်တယ်


ရခိုင်အာနန် ကော်မရှင် ကိစ္စ နည်းနည်း ပြောချင်ပါတယ် ...
ဘာပြောချင်တာလဲဆိုတော့ ...
ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံချင်တာနဲ့ ပဲ ...
အာနန်ကော်မရှင်ကို စိုးရိမ်ပူပန်သူတွေ ...
သဘောမတူသူတွေကို ....
ပျက်ရယ်ပြု လှောင်ပြောင်နေတဲ့  ကိစ္စကို ပြောချင်တာပါ ....

ပထမဆုံးပြောလိုတာက ....
ဒီကော်မရှင်ကို သဘောမတူဘူး ပြောနေသူတွေထဲမှာ ....
ANP လို ရခိုင်မှာ မဲအများစု နိုင်ထားတဲ့  ပါတီရော ...
ရခိုင်တိုင်းရင်းသားတွေ အတော်များများရော ပါနေပါတယ် ...
တစ်ခါ ပြည်တွင်းက အခြားသဘောမတူသူတွေလဲ ရှိနေပါတယ် ...
ဒီလူတွေ အာနန်ကော်မရှင်ကို သဘောမတူတာဟာ ...
သူတို့ မှာလဲ သူတို့ အမြင်နဲ့  ....
ခိုင်လုံတဲ့  အကြောင်းအကျိုး ရှိနေပါတယ် ....
ဒါကို အာနန်ကော်မရှင်ထောက်ခံသူများ ....
အသေအချာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ် ...
ကောင်းပါပြီ ....
အာနန် ကော်မရှင်ကို ဘာကြောင့် ကန့် ကွက်နေကြလဲ ...
ကျွန်တော်တို့ စပြောကြည့်ရအောင်ပါ ...


ပထမဆုံး စ ပြောလိုတာက ....
ဒီကိစ္စကို ရခိုင်တိုင်းရင်းသားတွေ နဲ့  ...
မတိုင်ပင်ဘဲ မဆွေးနွေးဘဲ ...
လွှတ်တော်ကို မတင်ပြဘဲ ....
ကိုယ့်သဘောနဲ့  ကိုယ် ...
ကော်မရှင်ထဖွဲ့ တယ်ဆိုတဲ့  ကိစ္စပါ ...
ဒီကိစ္စကို မနေ့ က လွှတ်တော်မှာ ...
မြောက်ဦးအမတ်လဲ စိတ်ထိခိုက်စွာ ထပြောသွားပါပြီ ...
ရခိုင်ပြည်နယ်အရေးအတွက် ...
အရေးကြီးတဲ့  ဆုံးဖြတ်ချက်တစ်ခု ချတာကို ....
ရခိုင်အဖွဲ့ အစည်းတွေရဲ့  ...
သဘောဆန္ဒတောင်းယူခြင်း မပြုဘဲ ....
ကိုယ့်သဘောနဲ့ ကိုယ် ထလုပ်တာကို ...
ရခိုင်တွေက မနှစ်မျို့ ဘူး ...
သဘောမတူဘူး ဖြစ်နေပါတယ် ....
သူတို့ ပြောတာ မှားလား ...
သူတို့ ပြောတာ နည်းလမ်းကျသလား စဉ်းစားကြည့်ပါ ...
ဒါက ပထမအချက်ပါ .............................................................................................................

ဒုတိယအချက်က ....
အာနန်ကော်မရှင်ဟာ အကြံပေးရုံသက်သက် မှန်ပါတယ် ....
သို့ သော် ဒီကော်မရှင်က ပေးတဲ့ အကြံဟာ ...
ရခိုင်ပြသနာအတွက် ကမ္ဘာမှာ မှတ်တမ်းဝင်မှာပါ ...
လိုက်လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ...
နောက်ပိုင်းမှာ ဒါကို ....
ကိုးကားကြတော့မယ့် သဘော ဖြစ်ပါတယ် ...
ဆိုလိုတာက ဒီကော်မရှင်ရဲ့  အစီရင်ခံစာဟာ ...
အတော်အရေးကြီးပါတယ် ....
ဒါကြောင့် ဒီကော်မရှင်ကို စိတ်ပူကြတာ ....
ပူတဲ့  သူတွေမှာ အပြစ်ရှိလား ...
သူတို့ စိတ်ပူသင့်တဲ့  အနေအထားရှိနေလား ....
သူတို့ စိတ်ပူတာ မှားလား ... စဉ်းစားကြည့်ပါ ...
ဒါက ဒုတိယအချက်ပါ .......................................................................................................

တတိယအချက်က ...
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းကို ...
ကော်မရှင်မှာ ဥက္ကဌ ထားပြီး ဖွဲ့ တဲ့ ကိစ္စပါ ...
ရခိုင်ပြည်နယ်မှာ UN တို့  INGO တို့  ...
နိုင်ငံတကာ အဖွဲ့ အစည်း ဘာညာတွေကို လုံးဝ မယုံကြပါဘူး ...
ဘာလို့ မယုံလဲဆိုတော့ ...
ဘင်္ဂါလီတွေကို ပစားပေးလို့ ပါ ...
ဒုက္ခသည်ချင်း ထောက်ပံ့ တဲ့  ပုံစံလဲ မတူပါဘူး ...
ဝန်ထမ်းခန့် ထားတာက အစ မတူတာတွေ အများကြီးရှိပါတယ် ...
INGO တွေမှာလဲ သူ့ သက်ဆိုင်ရာ မန်းဒိတ်ရှိနေတော့ ...
အဲဒီမန်းဒိတ်အတိုင်း လုပ်ရပါတယ် ...
ထောက်ပံ့ တာ မတူကြောင်း ...
သူတို့ ကိုယ်တိုင်လဲ ၀န်ခံထားတာတွေ ရှိပါတယ် ....
ဦးသိန်းစိန်လက်ထက်က NGO ရုံးတစ်ခုကို ...
ရခိုင်တွေ ဖျက်ပြစ်တာ မှတ်မိအုန်းမှာပါ ...
ကျွန်တော်တို့ ဂျာနယ်က အလုပ်ကိစ္စတစ်ခုအတွက် ....
စစ်တွေကို သတင်းထောက်တစ်ယောက် ...
တစ်လ နှစ်လသွားထိုင်ဖို့  ပေါ်လာပါတယ် ...
တည်းခိုခန်း ဈေးကြီးလို့  အိမ်ခန်းငှားခိုင်းချိန် ...
NGO လား NGO ဆို မငှားဘူးလို့ ပြောတာ ကြုံရပါတယ် ...
သဘောထားပျော့ပြောင်းသူ တစ်ချို့ တစ်လေ ရှိနိုင်ပါတယ် ...
သို့ သော် ရခိုင်အများစု အမြင်က အဲဒီလို ရှိပါတယ် ....
ပိုထင်ရှားပေါ်လွင်အောင် ...
ဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်ကော်မရှင်အစီရင်ခံစာ ....
အပိုဒ် ၁၁ - ၁၁-၁ ကနေ ၁၁-၁၀ အထိ အကြံပြုချက်တွေကို
ကိုးကားလိုပါတယ် ...
အဲဒီစာပိုဒ် ၁၀ ပိုဒ်မှာ ရခိုင်ပြည်သူတွေက ...
ပြည်နယ်တွင်းက ကုလသမဂ္ဂနဲ့  NGO အဖွဲ့  အစည်းတွေကို ...
ဘာကြောင့် အမြင်မကြည်ရတဲ့ အကြောင်း ...
ဒီအဖွဲ့ တွေဟာ ဘင်္ဂါလီတွေကို ...
ဘယ်လို မျက်နှာသာပေး ဘက်လိုက်နေကြောင်း ...
စုံစမ်း စစ်ဆေးချက်တွေ ပါဝင်ပါတယ် ...
အစီရင်ခံစာ အပိုဒ် ၁၁-၅ မှာ ...
ရခိုင်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ …
INGO ၂၀ ကျော် နဲ့ ပတ်သက်လို့  …..
စစ်တမ်းကောက်တဲ့ အချိန်မှာ ….
ဘင်္ဂါလီ ၈၆ ရာခိုင်နူန်းက ….
အဲဒီအဖွဲ့ တွေအပေါ် ကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ….
ရခိုင် ၈၀ ရာနူန်းက မကျေနပ်ကြောင်း ပြောခဲ့တဲ့ အတွက် ….
ဘက်လိုက်မှု ဟာ သိသာထင်ရှားစွာ ရှိနေတာကို တွေ့ ရပါတယ်….
အစီရင်ခံစာ အပိုဒ် ၁၁-၄ မှာ ...
မောင်တောက ရခိုင်မြို့ မိ မြို့ ဖတွေက …
စစ်တမ်းကောက်တဲ့ အဖွဲ့ ဝင်တွေကို …
နာဂစ်လို …သဘာဝဘေး အကြီးအကျယ် ဖြစ်ခဲ့တဲ့  …
ဧရာဝတီတိုင်းမှာတောင်…
INGO တွေက ၃ နှစ်အကြာမှာ …
အကူအညီတွေ ရပ်ဆိုင်းခဲ့တယ်…
ရခိုင်မြောက်ပိုင်းမှာ ...
၁၉၉၂ ကတည်းက …ယခု အချိန်အထိ ...
INGO တွေ ရှိနေတာ ဘာကြောင့်လဲ ဆိုပြီး ….
မေးခွန်း ပြန် ထုတ်ခဲ့ တယ် လို့  ဆိုပါတယ်…
ထောက်ပြချင်တာက UN နဲ့  NGO တွေ ...
ရခိုင်ပြည်နယ်မှာ ဘယ်လိုလုပ်နေတယ် ...
ရခိုင်ပြည်သူတွေက ဘယ်လိုသဘောထားတယ်ဆိုတာ ...
ထောက်ပြလိုတာပါ ...
ဒီလို အခြေအနေမျိုးမှာ ...
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းကို ...
ရခိုင်ကော်မရှင် ဥက္ကဌ ခန့် လိုက်တာကို ...
ရခိုင်အဖွဲ့ အစည်းတွေက စိတ်ပူပန်ကြတာ ...
သဘောမတူကြတာ ....
သဘာဝကျပါသလား ....
သူတို့ စိတ်ပူတာ မှားလား စဉ်းစားကြည့်ပေးပါ ...
ဒါက တတိယ အချက်ပါ ................................................................................................

စတုတ္ထအချက်က ...
ကိုဖီအာနန်ဟာ ...
၁၉၉၇ ဇန်န၀ါရီ ကနေ ၂၀၀၆ ဒီဇင်ဘာ အထိ ...
UN Secretary-General လုပ်ခဲ့ပါတယ် ...
သူ့ လက်ထက် ၁၀ နှစ်အတွင်း ...
ဒီဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်လို့  ...
ကုလသမဂ္ဂရဲ့  ဆောင်ရွက်ချက်တွေဟာ ...
မြန်မာနိုင်ငံအတွက် အကောင်းရှိခဲ့သလား ...
ဖိအားပေးတာတွေပဲ ရှိခဲ့သလား ...
ဒါကို ပြန်စဉ်းစားဖို့ လိုပါတယ် ...
ဒီနေ့ ဒီအချိန်အထိ ...
ကုလသမဂ္ဂရဲ့  ထုတ်ပြန်ချက်တွေမှာ ...
ဒေသခံ ရခိုင်တွေဘက်က စဉ်းစားလား ...
ခိုးဝင် ဘင်္ဂါလီတွေဘက်က စဉ်းစားလား ...
ဒါ လူတိုင်း သိတဲ့ ကိစ္စပါ ...
ဒါကြောင့် ဒီလိုလူကြီး ဥက္ကဌ လုပ်တဲ့  ကော်မရှင်က ...
ထွက်ပေါ်လာမယ့် အကြံပြုချက်ကို ...
ကျွန်တော်တို့ စိုးရိမ်ပါတယ် ...
ကျွန်တော်တို့ စိုးရိမ်တာ နည်းလမ်းမကျရင် ပြောပါ ...
ဒါ စတုတ္ထ အချက်ဖြစ်ပါတယ် ....................................................................................

ပဉ္စမ အချက်က ....
ပြင်မရတဲ့  နိုင်ငံရေး အမှားအယွင်း ဖြစ်မှာစိုးပါတယ် ...
ဦးနုလက်ထက် မဲလိုချင်တာနဲ့  ...
ရိုဟင်ဂျာ အသံဆိုပြီး ထလုပ်ဖူးပါတယ် ..
အဲဒီ ပြသနာ အခုအထိ ရှင်းလို့ မဆုံးပါဘူး ....
ဘင်္ဂါလီတွေက ဒါကို တစ်ချိန်လုံး ကိုးကားတော့တာပါ ...
ဘင်္ဂါလီတွေအနေနဲ့  ဒီပြသနာကို ...
ကမ္ဘာကို သိပ်တင်ပြချင်နေပါတယ် ....
မဟုတ်ဘူးလား ဟုတ်လား စဉ်းစားကြည့်ပါ ...
အရင်အစိုးရ အဆက်ဆက် ...
ဒီပြသနာကို ပြည်တွင်းရေး ပြသနာလို့  ပဲ ...
သတ်မှတ်ဖြေရှင်းပါတယ် ...
နိုင်ငံတကာ ဖိအားပေးတာတွေကိုလဲ ...
တင်းတင်းမာမာ ပဲ တုန့် ပြန်ပါတယ် ...
အခု ဒေါ်အောင်ဆန်းစုကြည်က ...
နိုင်ငံတကာ ပြသနာဆိုတဲ့  အနေအထား ဆွဲတင်လိုက်ပါတယ် ...
အဖြေ ဘယ်လိုထွက်မယ် မထွက်ဘူး မသိရသေးပါဘူး ...
သို့ သော် သေချာပေါက် ပြောနိုင်တာတစ်ခုက ...
ဘင်္ဂါလီတွေ နှစ်ရှည်လများ ကြိုးစားခဲ့တဲ့  ...
အနေအထားတစ်ခု ရောက်သွားပါပြီ ...
သူတို့ လိုချင်တဲ့  ရည်မှန်းချက် တစ်ခု အောင်မြင်သွားပါပြီ ...
ဒီကိစ္စကို နိုင်ငံတကာကို တင်ပြချင်လွန်းလို့  ...
တစ်ပိုင်းသေနေတဲ့  သူတွေကို ...
နိုင်ငံတကာ စင်မြင့်ကို တင်ခွင့်ပြုလိုက်ပါပြီ ...
ဒီနေ့ အာနန်ကော်မရှင် ဖွဲ့ ပြီး ...
နောက်နေ့  ၀ါကာအူဒင်တို့ လက်ခမောင်းခတ်နေတာ ...
ထိန်းမနိုင်သိမ်းမရ ၀မ်းသာလုံးဆို့ ပြီး ...
ထောက်ခံကြောင်း ကြိုဆိုကြောင်း ...
ကြေငြာချက်တွေ ထုတ်နေတာ လူတိုင်းအမြင်ပါ ...
ဖြစ်နေတဲ့ အခြေအနေတွေကို ...
ကျွန်တော်တို့ အင်မတန် စိုးရိမ်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည် တစ်ခုခု မှားသွားရင် ...
ဒါမှမဟုတ် ချွတ်ချော်သွားရင် ...
ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ ....
ဒေါ်စုက နတ်ဘုရားလား ?
ဘယ်တော့မှ မမှားတဲ့ သူလား ?
လုပ်သမျှကိစ္စ ထာဝရ အောင်မြင်နေသူလား ?
ဒီအပေါ်မှာ တင်ပြခဲ့တဲ့  အချက်တွေကြောင့် ...
ကျွန်တော်တို့ က ....
ဒီ ကိုဖီအာနန် ကော်မရှင်ကို မလုပ်စေချင်တာပါ ...
ကန့် ကွက် နေကြတာပါ ...
မလိုအပ်ပဲ မစွန့် စားစေချင်လို့  ...
ရလဒ် နဲ့  စွန့် စားရတာနဲ့  မကာမိဘူး ယူဆလို့  ...
မလုပ်တာက ပိုကောင်းမယ် စဉ်းစားမိလို့ ပါ ...
ကျွန်တော် အခုပြောနေတာတွေ မှားရင် ပြောပါ ...
ဒါ ပဉ္စမ အချက်ပါ ........................................................................................................................

နောက်ဆုံးအချက် ပြောပါမယ် ...
ဒေါ်စုထောက်ခံသူတွေက မေးခွန်းထုတ်ပါတယ် ...
ဒီပြသနာကို ဒီလိုမရှင်းရင် ဘယ်လိုရှင်းမလဲတဲ့  ....
ရှင်းစရာနည်းတွေ အများကြီးပါ ...
မနေ့ ကလဲ မြောက်ဦးအမတ် ပြောသွားပါတယ် ...
ဒါ ကျွန်တော်တို့ တိုင်းရင်သားတွေ ကျောချင်းကပ်ပြီး ...
လက်တွဲညီညီ ဖြေရှင်းရမယ့် ကိစ္စ ပါ ...
ဘယ်သူ့ ကိုမှ ခေါ်ရှင်းခိုင်းဖို့ မလိုပါဘူးတဲ့  ...
ကျွန်တော်ကိုယ်တိုင်လဲ ...
အရင်က ရေးဖူး ပြောဖူးပါတယ် ...
ဦးသိန်းစိန် လက်ထက် ရခိုင်ကော်မရှင် အစီရင်ခံစာ ရှိပါတယ် ...
ပြသနာကို ဖြေရှင်းဖို့ အကြံပြုထားတာတွေ အများကြီးပါ ...
၈၂ ဥပဒေနဲ့ တိုက်စစ်ဖို့  ...
ညီရင် နိုင်ငံသားခွင့်ပြု မညီရင် ခိုးဝင်ဒုက္ခသည် ....
နယ်စပ်ကို ထိထိရောက်ရောက် ကာကွယ်ပါ ...
သူတို့ ပြောတာ ရှင်းပါတယ် ...
ဒါက ၂၀၁၄ ကတည်းက ...
ဘင်္ဂါလီကိစ္စ ကျွန်တော် ရေးခဲ့ အကြံပြုခဲ့တဲ့  စာပါ ...
ခပ်တိုတို အကြံပြုထားတာပါ ...
https://web.facebook.com/photo.php?fbid=506673709445529&set=a.127107237402180.24229.100003087144846&type=3&theater
အစိုးရတစ်ရပ်ဟာ ...
ဖေ့စ်ဘုတ်က ကျွန်တော့်လို ...
သာမန်ဂျာနယ်လစ် တစ်ဦးတွေးတာထက် ...
အများကြီး ပိုတွေးနိုင်ပါလိမ့်မယ် ....
ဒါ နောက်ဆုံးအချက်ပါ ...
ဒေါ်စုကို ခင်ဗျားတို့ ကြိုက်သလို ထောက်ခံလို့ ရပါတယ် ...
သို့ သော် ဒါ တိုင်းပြည်တစ်ခုရဲ့  ...
အနာဂတ် ကံကြမ္မာနဲ့  ပတ်သက်နေပါတယ် ...
ဒီကိစ္စမှာတော့ မျက်စိ စုံမှိတ်ပြီး ...
အမေစုလုပ်သမျှ မှန်တယ် မလုပ်ဖို့  ...
ကျွန်တော် အခုပြောနေတဲ့  အချက်တွေ ...
သဘာဝ ကျမကျ ဆန်းစစ်ကြည့်ဖို့  ...
မေတ္တာရပ်ခံ ပါရစေ ...
တစ်ခုခု မှားသွားရင် ...
အလျော်အစားက သိပ်ကြီးသွားမှာမို့ ပါ ...
ဒီလောက်ပါပဲ ။
( ရဲမိုး )
----------------------------------------------------------------------------------------------------------------------------------
မနှစ်က ရေးခဲ့ သတိပေးခဲ့တဲ့ စတေးတပ် လက်ရှိအနေအထားနဲ့ တိုက်ဆိုင်သုံးသပ်နိုင်ဖို့  ပြန်တင်တာပါ။
မူရင်းလင့်က ဒီမှာ - https://m.facebook.com/story.php
ဖိုတိုက မူရင်းပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ် ။
Ye Moe feeling sad with NaingBo Bo Oo and Kyaw Shein Win.
ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၂ (ဇာတ်သိမ်း)
======================================
သုံးသပ်ချက် အပိုင်း
--------------------
၂၈.၅.၂၀၁၂ ရက်နေ့  ရဲ့ ညနေခင်းတစ်ခုမှာ ….
ရခိုင်ပြည်နယ် ကျောက်နီမော် ကျေးရွာက …
အသက်၂၆ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို …
ဘင်္ဂါလီ လူငယ်သုံးဦးက ..
အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့ ကိစ္စဟာ…
လူမျိုးစု နှစ်ခုလုံး ….
ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ တဲ့ …
အမုန်းတရား နဲ့ သံသယ ဗုံးကို …
ဝုန်း ကနဲ ပေါက် သွားစေခဲ့ပါတယ်….
တရားခံ လူငယ် ၃ ဦး ကို …..
ရဲတပ်ဖွဲ့ က မြန်မြန်ဆန်ဆန်ပဲ ဖမ်းဆီးပြီး ….
ဇွန်လ ၈ ရက်နေ့ မှာ ....
စတင် ရုံးထုတ် စစ်ဆေးခဲ့ပေမယ့် ….
အချိန်အတော် နောက်ကျလို့ နေပါပြီ ….
အပြန်အလှန် ဂလဲ့ စားချေ ...
အကြမ်းဖက် တိုက်ခိုက်မှုများ ဟာ…
ရခိုင်ပြည်နယ် နေရာ အနှံ့ ဖြစ်ပွားလို့  နေခဲ့ပြီ ဖြစ်ပါတယ်….
၂၀၁၂ ဇွန်လ ရခိုင်ပြည်နယ် အရေးအခင်းဟာ….
အရေးပေါ် အခြေအနေ ကြေငြာပြီး …
စစ်တပ်များ ၀င်ရောက်လာခဲ့ မှု ကြောင့် …
လူပေါင်း ၉၈ ဦးသေဆုံး ၊ ၁၂၃ဦး ဒဏ်ရာ ရ …
အိမ်ခြေပေါင်း ၅၃၀၀ ကျော် ပျက်စီးမှု နဲ့ အတူ …
သြဂုတ်လ အတွင်းမှာ ရပ်တန့် သွားခဲ့ ပေမယ်….
အောက်တိုဘာ တတိယပတ်အတွင်းမှာ ..
ပြန်လည် ဖြစ်ပွားခဲ့ပြီး…
လူပေါင်း ၉၄ ဦး ထပ်မံ သေဆုံးကာ ...
၁၂၄ ဦး ဒဏ်ရာ ရရှိပြီး ….
အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးဆုံးရှုံး မှု နဲ့ …
အဆုံးသတ်သွားခဲ့ပါတယ်….
ဒါပေမယ့် ...
ကျွန်တော်တို့ အားလုံး သတိမမူ လိုက်မိတဲ့  …
ကိစ္စ တစ်ခု ကျန်ခဲ့ ပါတယ်….
အဲဒါကတော့ …
ဒီ အရေးအခင်းဖြစ်တဲ့  နှစ်ဟာ…..
၁၉၄၂ ခုနှစ် မဟုတ်ဘူးဆိုတာပါပဲ….
၂၀၁၂ ခုနှစ် မြန်မာပြည် ဟာ ….
လူလတ်တန်းစား တစ်ဦးအနေနဲ့ …
လက်ကိုင်ဖုန်း တစ်လုံး ပိုင်ဆိုင်ဖို့ …
သိပ်မခက် လှတော့သလို …
အဲဒီဖုန်းတွေ မှာလဲ အင်တာနက် ရရှိနေပြီ ဖြစ်တဲ့ အတွက်…
သတင်းအချက်အလက်တွေ ဓာတ်ပုံတွေ …
ဗီဒီယိုဖိုင်တွေဟာ…
လျှင်လျှင်မြန်မြန် ပဲ ပြန့် နှံ့ စီးဆင်းပါတယ်…..
မီဒီယာ လွတ်လပ်ခွင့် အတော်အတန် ရရှိနေပြီ ဖြစ်လို့  ….
အပတ်စဉ်ထုတ် ဂျာနယ်တွေဟာလဲ …
ကျေးလက် တောနယ် အနှံ့  ....
ခရီးဆက် ခြေဆန့် ပါတယ်….
အကျိုးဆက်ကတော့ ….
မြန်မာပြည် ဒေသ အသီးသီးက …
ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ စိတ်မှာ….
မခံချင်စိတ် ... ဒေါသစိတ် …
အိမ်ရှင်ကို ဧည့်သည်က စော်ကားတယ်ဆိုတဲ့ စိတ်နဲ့ ….
တောက် တစ်ခေါက်ခေါက် ဖြစ်ကုန်တော့တာပါပဲ …
ဒါပေမယ့် ရခိုင်ဒေသဟာ …
ဝေးကွာလွန်းပြီး လမ်းပန်းဆက်သွယ်ရေးကလည်း …
သိပ် လွယ်ကူလှတယ် မဟုတ်လို့ ……
အံတင်းတင်းကြိတ် တာနဲ့ ပဲ အဆုံးသတ်လိုက်ရပါတယ်….
ဒါဟာ….
၂၀.၃.၂၀၁၃ ရက်နေ့  မိတ္ထီလာ မြို့ မှာတော့ …
ကိုယ်ထိလက်ရောက် ….
ဖောက်ခွဲဖို့ အခွင့်ကြုံလာပါပြီ…..
ရွှေဆိုင် မှာ စကားများတာက အစပြုခဲ့ တဲ့ ….
၂၀၁၃ မတ်လ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် ….
သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၆၄ ဦး …
အိမ်ခြေပေါင်း ၁၄၉၈ လုံး ….
ကား ၃၃ စီး၊ ဆိုင်ကယ် ၁၀ စီး ….
ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး …
လူပေါင်း ၁၂၇ ဦးဟာ….
ပြစ်မှုပေါင်း ၉၅ မှုအတွက် တရားစွဲဆို အရေးယူ ခံခဲ့ရပါတယ်…
မတ်လ ၂၂ ရက်နေ့ မှာ …
အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာလိုက်တဲ့ အတွက်….
ပတ်ဝန်းကျင် ဒေသတွေ ကနေ ….
မိတ္ထီလာကို ဦးတည်ဝင်ရောက်ဖို့ ကြိုးစားခဲ့ ကြတဲ့ …..
လူအုပ်စု အများအပြားကို တားဆီးနိုင်ခဲ့ပေမယ့်….
ပြသနာဟာ ရခိုင်ပြည်နယ် ကိစ္စကနေ ….
ပြည်တွင်းနေ နိုင်ငံသား ....
အစ္စလာမ် ဘာသာဝင်များ ဘက်ကိုပါ …..
အဖျားခတ် လာပါပြီ….
ဒါ ဘာကြောင့်ပါလဲ…..
တကယ်တော့ ဒီပြသနာတွေဟာ ..
ရခိုင်ပြည်နယ်က ပြသနာက ...
မူလအကြောင်းခံ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ် က အစပြုလိုက်တဲ့ ပြသနာ ရဲ့ အမုန်းတရားဟာ…
တစ်ပြည်လုံး ကို ကျယ်ကျယ်ပြန့် ပြန့် ...
ကူးစက်သွားပါတယ်…
မောင်တောမြို့ နယ် သရေကုန်းဘောင်ရွာက …
ရခိုင်ကျောင်းဆရာ ဦးအောင်ချမ်းသာကို ..
သူတပည့် ဘင်္ဂါလီ လူမျိုး ၃ ဦးက ပြန်သတ်လိုက်တဲ့ ဖြစ်စဉ်….
ပြည်ပရောက် မြန်မာလူမျိုးများ တိုက်ခိုက်ခံရမှု ဖြစ်စဉ် …
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားက …
ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ် …
ဒါတွေဟာ တစ်ပြည်လုံးက ဗုဒ္ဒဘာသာဝင်တွေစိတ်မှာ ….
အတော် စိတ်ထိခိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ်မှာ ပြသနာ တစ်ခါတက်လိုက်တိုင်း …
တစ်ပြည်လုံးက ...
ကျန်တဲ့ မြန်မာလူမျိုးတွေ စိတ်မှာ မခံချင်ဖြစ်ကြပါတယ်….
အဲဒီ အခါမှာ …
အနီးနားမှာ ရှိတဲ့  ....
ဘာသာတူ နိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေကို ….
လှညှ့် ရန်လုပ်ချင်တဲ့ ပုံစံမျိုး ....
ပေါ်ပေါက်လာတာကို တွေ့ ရပါတယ်….
ဒီဖြစ်စဉ်တွေ နဲ့ ...
အစွန်းရောက် မြန်မာ လူအုပ်စုတစ်ချို့ နဲ့ ပေါင်းစပ်တဲ့ အချိန်မှာ…
မြန်မာပြည် အနှံ့ အပြားမှာ ဖြစ်ပွားခဲ့ တဲ့ ….
အဓိကရုဏ်းတွေ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ …
ပေါ်ပေါက်လာရပါတော့တယ်…
ဒါကြောင့် ....
မူလ အရင်းခံ ရခိုင်ပြည်နယ် ပြသနာကို ....
အောက်ပါအတိုင်း ဖြေရှင်းဖို့ ….
လိုတယ်လို့  ယူဆပါတယ်...
=================
အစိုးရ အား အကြံပြုချက်
================
၁။ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ….
တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ...
ထပ်မံ မခိုးဝင်လာနိုင်ရေးပါ….
တစ်သက်လုံး လုပ်သွားရမယ့် ကိစ္စပါ….
သက်ဆိုင်ရာ ဌာနများ နဲ့ ....
တပ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်…
ဖြစ်နိုင်ရင် ၀န်ကြီးဌာန တစ်ခု သီးခြားဖွဲ့ စည်းပြီး ….
သီးခြားဘတ်ဂျက်နဲ့  ....
နယ်စပ်ဒေသ အားလုံးမှာ လုပ်ဆောင်စေချင်ပါတယ်…
နယ်စပ်ကို စည်းရိုးခတ်တာ ….
လူ အီလက်ထရောနစ် ကိရိယာတွေနဲ့ ....
စဉ်ဆက်မပြတ်စောင့်ကြည့်တာ ….
အမြန် ကင်းလှည့်ရေယာဉ်များ ….
ကင်းလှည့် တပ်ဖွဲ့ များ အများအပြား တိုးချဲ့ ဖွဲ စည်းတာ ….
စသဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်…
၂။ နစက လို အဖွဲ့ အစည်းမျိုး ကို ...
အဲဒီဝန်ကြီးဌာနက တာဝန်ယူဖွဲ့ စည်းပြီး ….
နစက လုပ်ခဲ့တဲ့  ဆွဲတင်စစ် စီမံချက်လို လုပ်ငန်းမျိုးတွေ ….
ဖိဖိစည်းစည်း လုပ်ဖို့ လိုပါတယ်….
နစက ကို ဖျက်ရတဲ့ အဓိကအကြောင်းက ….
ကာကွယ်ရေး ၀န်ကြီးဌာန ….
ပြည်သူ့ စစ်နဲ့  နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးအောက်မှာ ရှိနေပြီး ….
ဝန်ကြီးဌာန ၃ခုလောက်က ၀န်ထမ်းတွေ ....
စုပေါင်းဖွဲ့ စည်းထားတာ ဖြစ်တဲ့ အတွက် …..
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်ပြီး ….
ဒီမိုကရေစီ အရပ်သားအစိုးရ နဲ့ ...
အံဝင်ခွင်ကျ မဖြစ်လို့ လို့ သိရပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် ....
ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ အဆိုအရ ….
ဒေသခံ ရခိုင် ၆၈ ရာခိုင်နူန်းက ..
နစက ရှိနေဖို့ လိုလားတယ်လို့ ဆိုတဲ့ အတွက်…
နစက ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်တယ်လို့ သုံးသပ်နိုင်ပါတယ်…
၃။ ရဲတပ်ဖွဲ့ က သတင်းတပ်ဖွဲ့ တပ်ဆွယ်တစ်ခုကို ….
စနစ်တကျ ဖွဲ့ စည်းပြီး ...
တစ်ဖက်နိုင်ငံ အဖွဲ့ အစည်းတွေနဲ့ …
ဘဂ်ါလီများ ဆက်သွယ်မှု ကိစ္စတွေကို …
မျက်ခြေမပြတ်စောင့်ကြည့် ထောက်လှမ်းသင့်ပါတယ်….
ဌာနေ ဘင်္ဂါလီများကြားမှာလဲ သတင်းပေးတွေ ….
အမြောက်အများ မွေးမြူထားသင့်ပါတယ်….
ရရှိလာတဲ့ သတင်းတွေပေါ် မူတည်ပြီး ..
လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်ပါတယ်…
၎။ စုံစမ်းရေးကော်မရှင်က အကြံပြုခဲ့တဲ့  ….
မိမိနိုင်ငံကို တရားမ၀င် ခိုးဝင်ရောက်ရှိလာသူ အားလုံး နဲ့  ….
သူတို့ က မွေးဖွားလာတဲ့ အဆက်အနွယ်တွေအားလုံးဟာ…
မည်သည့် အခါမှ နိုင်ငံသား ဖြစ်ခွင့်မရှိစေရ ဆိုတဲ့ ဥပဒေမျိုးကို…
ချက်ချင်း အတည်ပြု ပြဋ္ဌာန်းပေးသင့်ပါတယ်…
ဒါဟာ တစ်ဖက်က ...
နောက်ထပ်ခိုးဝင်လာမယ့် ဘင်္ဂါလီများ နဲ့ ပတ်သက်ပြီး ….
ထပ်ပေါ်ပေါက်လာမယ့် အနာဂတ် ပြသနာတွေကို ….
အလိုအလျောက် တားဆီးသလိုမျိုး ...
ဖြစ်သွားစေမှာ ဖြစ်ပါတယ်..
၅။ နဂါးမင်း စီမံချက်လို ...
စီမံချက်မျိုး ထပ်လုပ်သင့်ပါတယ်…
ဒါပေမယ့် ၁၉၇၈ ခုနှစ်တုန်းကလို ….
ဘင်္ဂလားဒေ့ရှ်က …..ကမ္ဘာက ….
အပြင်းအထန်ဖိအားပေးတာမျိုး မဖြစ်ရအောင် …
သတင်းမှားတွေ ထုတ်လွှင့်ဝါဒဖြန့် တာမျိုး မဖြစ်အောင် …
ကုလသမဂ္ဂအရာရှိ တွေ ၊ မီဒီယာ သမားတွေကိုပါ …
တစ်ပါတည်း ခေါ်ဆောင်သွားပြီး ….
နေ့ စဉ် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးကာ….
ခိုးဝင်များ အားလုံးကို စစ်ဆေး အရေးယူသင့်ပါတယ်….
၆။ စစ်ဆေး ပေါ်ပေါက်လာတဲ့  ခိုးဝင်များ အားလုံးကို …
ဒုက္ခသည်စခန်းများ မှာ ...
သီးခြား ထားရှိ နေထိုင်စေရပါမယ်…
ဥပဒေစည်းမျဉ်း ၊ နိုင်ငံတကာ စံနူန်းများနဲ့ အညီ …
စနစ်တကျ အုပ်ချုပ်ပြီး နေထိုင် သွားစေ သင့်ပါတယ်…
ဘယ်သောအခါမှ....
နိုင်ငံသား ဖြစ်ခွင့် ပြုခွင့် ဧည့်နိုင်ငံသား လုံးဝ မပေးသင့်ပါဘူး…..
၇။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ တိတိကျကျ စိစစ်ပြီး …
နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီသူ ဘင်္ဂါလီများကို …..
နိုင်ငံသား ဖြစ်ခွင့်ပြုရေး စီမံချက် နဲ့  ....
ပြုလုပ်ဆောင်ရွက်သင့်ပါတယ်…
နိုင်ငံသား ဖြစ်ပြီး ဘင်္ဂါလီများကိုလဲ …
ကျန်တဲ့ တိုင်းရင်းသား နိုင်ငံသားများ နည်းတူ ….
တန်းတူ အခွင့်အရေးပေးအပ်သင့်ပါတယ်…
=======================================
ပြည်တွင်းနေ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ နှင့်
ရခိုင်ဒေသနေ နိုင်ငံသား ၊ ပြု နိုင်ငံသား …..
ဧည့်နိုင်ငံသား အရည်အချင်းကိုက်ညီသူ ဘင်္ဂါလီများအပေါ် အကြံပြုချက်
=========================================
၁။ ခိုးဝင် ဘင်္ဂါလီများ ကို အားပေးခြင်း ...
ကူညီခြင်း များ မလုပ်ဖို့ လိုပါတယ်….
အကယ် ၍ ကိုယ်နဲ့ ဘာသာတူမို့ လို့  …
လူသားချင်းစာနာတဲ့ အကူအညီမျိုး ပေးလိုလျှင် ….
သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက တစ်ဆင့် ပဲ ….
ဆောင်ရွက်သင့်ပါတယ်…
၂။ ရိုဟင်ဂျာ လူမျိုး ဆိုတဲ့  ကိစ္စကို ….
အစိုးရကရော ….အတိုက်အခံ ခေါင်းဆောင်ကပါ …..
တရားဝင် ငြင်းပယ်ထားပြီး ဖြစ်လို့  …
လုံးဝ လက်လျော့ဖို့ လိုပါတယ်…..
မြန်မာနိုင်ငံသား ဖြစ်ခွင့်က ....
ဥပဒေ နဲ့ ကိုက်ညီလျှင် ရနိုင်ပါတယ်….
ဒါပေမယ့် …
တိုင်းရင်းသား ဖြစ်ခွင့် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး……
ဘယ်သူကမှ လက်မခံတဲ့ ကိစ္စကို …
တကျီကျီ လုပ်နေတာဟာ ….
ကြာလေ… လူမုန်းလေ ဖြစ်လာပါတယ်…
၃။ ဒီ ဘင်္ဂါလီ ကိစ္စ ကို စနစ်တကျ စီမံချက်ချပြီး ….
ပြည်တွင်း ပြည်ပ ကနေ ….
တစ်ပြိုင်နက် ကြိုးကိုင် လှုပ်ရှားနေတယ် ဆိုတဲ့  ….
အထောက်အထားတွေ အထင်အရှားတွေ့ ရပါတယ်….
(က) ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ဟာ ….
မောင်တော ၊ အုန်းတော နှင့် ညောင်ချောင်းဒေသများရှိ ဘင်္ဂါလီများကို ….
အင်တာဗျူး ပြုလုပ်တဲ့ အခါမှာ….
ကျောက်နီမော် မသီတာထွေး ကိစ္စကို လုံးဝ မသိရှိကြပဲ …
တောင်ကုတ် လူ ၁၀ ဦး သတ်ခံရတဲ့  ဖြစ်စဉ်ကိုသာ ..
သိရှိကြကြောင်း တွေ့ ရတဲ့ အတွက် ….
ကိုယ်လို ချင်တဲ့ သတင်းကိုသာ အသိပေးခဲ့တဲ့  ….
အနေအထားမျိုး ရှိ တယ်လို့ သုံးသပ်ခဲ့ပါတယ်…
(ခ) ၈.၆.၂၀၁၂ ရက်နေ့ …..
မောင်တောမြို့ မအနောက် ဂျာမေဗလီက ……
ဝတ်ပြုပြီး ပြန်ထွက်လာတဲ့ ဘင်္ဂါလီလူအုပ်စုကြီး ဟာ ….
မြို့ မ ရပ်ကွက်ကို စတင် တိုက်ခိုက်ခဲ့ပါတယ်……
အဲဒီ တစ်ချိန်တည်းနီးပါးမှာပဲ …
ဒေသတွင်း နေရာ ၁၆ နေရာမှာ ….
တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေ စတင်တဲ့ အတွက်…
ဒီကိစ္စကို နောက်ကွယ်က စီစဉ်ခဲ့တဲ့ သူတွေ ရှိတယ်လို့ …
သေချာပေါက် ဆိုနိုင်ပါတယ်…
(ဂ) ရခိုင်စုံစမ်းရေးကော်မရှင် ရဲ့ သုတေသနအဖွဲ့ က …
ဘင်္ဂါလီများကို အင်တာဗျူးတဲ့ အခါ …
ပထမဆုံး လူကိုမေးပြီးတာနဲ့ ....
မေးခွန်းတွေကို …ရန်ကုန်ကို ဖုန်းနဲ့ သတင်းပို့ ကြောင်း …
နောက်ရက်များမှာ ...
အဖြေတွေက သင်ထားတဲ့ အတိုင်း ….
အားလုံး တစ်ပုံစံတည်း ဖြစ်သွားကြောင်း ….
မေးခွန်းတွေကို ရှေ့ နောက်လွှဲ မေးလျှင် …
မဖြေနိုင်တော့သည်ကို တွေ့ ရှိရကြောင်း ….
ဖော်ပြထားပါတယ်….
(ဃ) ရခိုင်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ …
INGO ၂၀ ကျော် နဲ့ ပတ်သက်လို့  …..
စစ်တမ်းကောက်တဲ့ အချိန်မှာ ….
ဘင်္ဂါလီ ၈၆ ရာခိုင်နူန်းက ….
အဲဒီအဖွဲ့ တွေအပေါ် ကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ….
ရခိုင် ၈၀ ရာနူန်းက မကျေနပ်ကြောင်း ပြောခဲ့တဲ့ အတွက် ….
ဘက်လိုက်မှု ဟာ သိသာထင်ရှားစွာ ရှိနေတာကို တွေ့ ရပါတယ်….
ရခိုင်လူမျိုးတစ်ဦး ကတော့ …
စစ်တမ်းကောက်တဲ့ အဖွဲ့ ဝင်ကို …
နာဂစ်လို …သဘာဝဘေး အကြီးအကျယ် ဖြစ်ခဲ့တဲ့  …
ဧရာဝတီတိုင်းမှာတောင်…
INGO တွေက ၃ နှစ်အကြာမှာ …
အကူအညီတွေ ရပ်ဆိုင်းခဲ့တယ်…
ရခိုင်မြောက်ပိုင်းမှာ ...
၁၉၉၂ ကတည်းက …ယခု အချိန်အထိ ...
INGO တွေ ရှိနေတာ ဘာကြောင့်လဲ ဆိုပြီး ….
မေးခွန်း ပြန် ထုတ်ခဲ့ တယ် လို့  ဆိုပါတယ်…
(င) ပြည်ပက အဖွဲ့ အစည်း ကြီးငယ်အများအပြား …
နိုင်ငံ အများအပြားဟာ …
ရိုဟင်ဂျာ လူမျိုးဆိုတဲ့ ကိစ္စကို လက်ခံဖို့  …
မြန်မာနိုင်ငံကို ထင်ထင်ရှားရှားကို …
ဖိအား အများအပြား ပေးလျက် ရှိနေပါတယ်….
ပြည်တွင်းမှာ လက်ရှိ ရှိနှင့်ပြီးသား …
တိုင်းရင်းသား ၁၃၅ မျိုးလုံးက …
ဒါကို မနှစ်မျို့  လက်မခံတဲ့  အတွက်…
ဒီ ပြည်ပ က ဖိအားပေး ၀င် စွက်နေတဲ့ ကိစ္စတွေကို ..
ပြည်တွင်းနေတွေက ထောက်ခံခြင်း ...
အားပေးခြင်း မလုပ်မိဖို့ လိုပါတယ်…
၎။ ရခိုင်ဒေသမှာ ပြုလုပ်တဲ့ စစ်တမ်းတွေအရ….
ဘင်္ဂါလီ လူမျိုးအများစုဟာ…
မြန်မာစကားကို ကောင်းမွန်စွာပြောဆိုနိုင်ခြင်း မရှိ …
မြန်မာစာကို ရေးနိုင်ဖတ်နိုင်ခြင်း မရှိပေမယ့်…
ဘင်္ဂါလီ နဲ့ အာရဗီ စာကိုတော့ …..
ကောင်းကောင်းမွန်မွန် ရေးဖတ်နိုင်တာကို တွေ့ ရှိရပါတယ်…
ကျေးလက်မှာ နေထိုင်သူ အများစုဟာ …
ဦးသိန်းစိန် နဲ့  ဒေါ်အောင်ဆန်းစုကြည် နာမည်ကိုတောင် …
မကြားဖူးတာကိုလဲ တွေ့ ရှိရပါတယ်….
စစ်တမ်းမှာ ပါတဲ့ ဘင်္ဂါလီ ၅ ရာခိုင်နူန်းကပဲ …
နိုင်ငံတော် အလံကို အလေးပြုနိုင်တယ်လို့  ဖြေကြားခဲ့ပြီး…
ဘူးသီးတောင် နှင့် မောင်တော မြို့ နယ်မှ ဘင်္ဂါလီများဟာ…
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ အားကစားပွဲများ…
နယ်စပ်ပြသနာများမှာ ….
ဘင်္ဂလားဒေ့ရှ် ဘက်က ရပ်တည်ထောက်ခံအားပေးတာကို …
စိစစ်တွေ့ ရတယ်လို့  ဆိုပါတယ်….
ဒီလို ကိစ္စ အမူအကျင့် တွေဟာ ….
ဒေသတွင်း မှာရှိတဲ့ အခြားလူမျိုးများစုများ နဲ့ …
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့  …
အများကြီး ပြသနာရှိတာမို့ …
အရေးတကြီး ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်…
၅။ ဘင်္ဂါလီ ၈၀၀ ဦးကို …
သူတို့ အလေးစားဆုံး ပုဂ္ဂိုလ် အမည်ကို မေးတဲ့ အခါ….
၈၀၀ လုံးက ....
သူတို့ ရဲ့ မော်လ၀ီ ဆရာဖြစ်တယ်လို့ …
ဖြေဆိုပါတယ်….
ထိုမော်လ၀ီ ဆရာများက …
ရခိုင်လူမျိုးများ မကောင်းကြောင်းကို …
အမြဲပြောတယ်လို့ ဖြေဆိုသူ ၆၀ ရာခိုင်နူန်းရှိပြီး …
ရံဖန်ရံခါ ပြောတယ်လို့ ဖြေဆိုသူ ၃၀ ရာခိုင်နူန်း နဲ့ 
မသိပါလို့ ဖြေဆိုသူ ၁၀ ရာခိုင်နူန်း ရှိတယ်လို့  ဆိုပါတယ်…
သဘောထား ပျော့ပြောင်းတဲ့  …
မျိုးဆက်သစ် မော်လ၀ီ ဆရာများ ပေါ်ပေါက်လာရေးကို …
ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များ အားလုံး…
ဝိုင်းဝန်းကြိုးပမ်း သင့်ပါတယ်…
၆။ ဒီခိုးဝင် ဘင်္ဂါလီတွေကိစ္စ...
ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတဲ့ ကိစ္စတွေကို ...
ကန့် ကွက်ကြောင်း ...
ပြည်တွင်းနေ အစ္စလာမ် အဖွဲ့ အစည်း အသီးသီးက ....
ထုတ်ပြန်ကြေငြာ သင့်ပါတယ်....
ဒီ အပေါ်က အချက် ၆ချက်လောက်ကို လုပ်ဆောင်ရင်ပဲ ....
မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ နဲ့ ...
ကျန်တိုင်းရင်းသားများ အကြားက ...
မကျေလည်မှုလေးတွေ ....
အတော် ပြေလည်သွားမှာ ဖြစ်ပါတယ်....
အချုပ်အနေနဲ့ ဆိုရလျင်တော့ …
ဒီ ရခိုင်ပြည်နယ်က …
ခိုးဝင် ဘင်္ဂါလီများ ပြသနာ နဲ့ ..
သူ နဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာရတဲ့ ..
အကြမ်းဖက် တိုက်ခိုက်မှု အများအပြားဟာ…
ဖော်ပြပါ အချက်တွေအတိုင်း ...
ဆောင်ရွက် ကျင့်သုံးသွားမယ်ဆိုရင် …
ဒေသတွင်း တဖြည်းဖြည်း တည်ငြိမ်အေးချမ်းမှု …
ရလာမယ်လို့ ယုံကြည်ပါတယ်….
ဒီပြသနာကို ချဉ်းကပ်တဲ့ အခါမှာ ….
ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေးဆိုတဲ့ ရူထောင့်က ဆိုတာထက်…
ကိုယ့် အမျိုးသား အကျိုးစီးပွား နဲ့ ….
တိုင်းရင်းသားတွေ ရဲ့ ခံစားချက် ရူထောင့်က ….
ချဉ်းကပ် ဖြေရှင်း သင့်တယ်လို့ …
အစိုးရ အဆက်ဆက်ကို အကြံပြုလိုပါတယ်….
ခိုးဝင်လာတဲ့ ဘင်္ဂါလီကို ဆက်ဆံရမယ့်ပုံစံ နဲ့ ….
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ နဲ့  စိစစ်ပြီး …
နိုင်ငံသား အရည်အချင်း နဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီများကို …
ဆက်ဆံရမယ့် ပုံစံ မတူညီနိုင်ပါဘူး …
အထူးသဖြင့် …
လူ့ အခွင့်အရေး ရူထောင့် က ပဲ ဖြစ်ဖြစ်….
လူနည်းစု ကိုညှာတာတဲ့  ရူထောင့်က ကြည့်လို့ ပဲ ဖြစ်ဖြစ်…
ပြည်ပ ဖိအားပေးမှုကြောင့်ပဲ ဖြစ်ဖြစ် …
ခိုးဝင်လာတဲ့ ဘင်္ဂါလီများကို …
နိုင်ငံသားများ နဲ့ တန်းတူ ….
စေ့စပ်မယ် ..ဆွေးနွေးမယ်...
အခွင့်အရေးပေးမယ်…
အပေးအယူ လုပ်ပြီး ဖြေရှင်းမယ်ဆိုရင်တော့ …..
အဲဒီလို လုပ်တဲ့ အစိုးရဟာ …
ရခိုင်လူမျိုး ၂သန်း ကျော် နဲ့ ….
မြန်မာပြည်သူ ၅၈ သန်း ကျော် ကို …
သစ္စာဖောက် ပြီး…..
အနောက်ဖက်တံခါးရဲ့ ပတ္တာ တစ်ချပ်ကို ..
ဆွဲဖြုတ်ပြစ်လိုက်တာ ဖြစ်တယ်လို့  ….
အလေးအနက် ယုံကြည်ပါတယ် ခင်ဗျား….။
(ရဲမိုး)