20 July 2017

“မြန်မာအလုပ်သမားတွေရဲ့အခက်အခဲကိုမြင်ပါ၊ သိပါ၊ လုပ်ပေးပါ”



                 
၂၀၁၇ ခု  ဇူလိုင်လ ၂၀ ရက်
ရွှေလုပ်သား
        ပတ်စပို့စာအုပ်များထားဝယ်တွင်ပြုလုပ်ပြီးပြန်လာသည့်မြန်မာအလုပ်သမား ၂၃ ဦး အားထိုင်အာဏာပိုင် များက ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။ 

 
          ၁၈.၇.၂၀၁၇ နေ့က မြန်မာအလုပ်သမား ၂၃ ဦးတို့သည် ထားဝယ်မြို့မှ ပတ်စပို့လုပ်ပြီး၍ ပြန်လာကြ စဉ် ဖက်ဘူရီခရိုင် ခေါင်ရွဲ စစ်ဆေးရေးဂိတ်တွင်စာရွက် စာတမ်းများအတုဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်အခြေစိုက် မြန်မာအလုပ် သမားများကွန်ယက်ဥက္ကဌ ဦးခိုင်အတ က ခရမ်းေ ရာင် ပတ်စပို့ကိုင်ဆောင်ထားသူ ၄ ဦးကိုဗီဇာသက် တမ်းကျန်သေးလို့ပြန်လွှတ်ပေး လိုက်တယ်။ ပန်းရောင် ဘတ်ကဒ် ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၂၃ ဦး ကိုတော့ ဥပဒေကြောင်းအရ အရေးယူသွားမယ် လို့ပြော တယ်” ဟု ပြောသည်။

         မြန်မာသံရုံးပတ်စပို့ထုတ်ပေးရေးဌာန ၏ နှောင့်နှေးကြန့်ကြာမှုများကြောင့် ပန်းရောင်ဘတ်ကဒ်၊ ၄နှစ်၊ ၆နှစ် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသွားသည့် ပတ်စပို့များကို အလုပ်သမားများသည် ပွဲစားများ အကူညီဖြင့် ထားဝယ်၊ မော်လမြိုင်နှင့် ဘားအံမြို့တို့သို့ သွားရောက်လုပ်ခဲ့ကြသည်မှာ တစ်နှစ်ကျော် ကြာမြင့် ခဲ့ပြီးဖြစ်ပါသည်။ 

         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က  “ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိန်းချုပ်နိုင်ဖို့၊ အကျိုးအမြတ်ရှိဖို့ ရေရှည်ရေတိုအစီ အမံတွေ ကို ပညာရှင်တွေ အကူညီနဲ့ စနစ်တကျ မူဝါဒချမှတ်ပြီးလုပ်တယ်။ နိုင်ငံခြားအလုပ်သမားခန့်ထားေ ရဆိုင်ရာနဲ့ မိမိနိုင်ငံသားအလုပ်ခန့်ထားရေးဆိုင်ရာကအစပေါ့။ ကျနော်တို့မြန်မာအစိုးရမှာ ခုထိစနစ်တကျ စီမံခန့်ခွဲမှု မရှိသေးဘူး။ ရေတိုဖြတ်လမ်းလိုက်ပြီးလုပ်နေတဲ့ သံရုံးပတ်စပို့ထုတ်ပေးတဲ့စခန်း၊ CI တွေထုတ်ေ ပးနေတာတွေ၊ ရလဒ်တွေလွဲနေတယ်။ သန်းချီရှိတဲ့မြန်မာအလုပ်သမားတွေက အစိုးရကိုအားမကိုးပဲ ဘာကြောင့်ပွဲစားတွေ ကို အားကိုးနေကြရတာလဲ။ ဘာကြောင့်ပွဲစားတွေကအခရာကျနေတာလဲ၊ ဒါတွေကို အဖြေရှာမှ ပြဿနာတစ် ၀က် လောက်သိပါလိမ့်မယ်” ဟုပြောသည်။

       ယခုဖမ်းမိသည့်အလုပ်သမားများသည် ပွဲစားကို ဘတ်ငွေ ၈၅၀၀ စီပေး၍ မြန်မာဘက်သို့သွားရောက် လုပ် ကိုင် ကြသူများဖြစ်ကြပါသည်။ မြန်မာသံရုံးပတ်စပို့ထုတ်ပေးရေးရုံးတွင် အနည်းဆုံး ၄လမှ ၆လ အထိ ကြာမြင့် သဖြင့် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူများနှင့် ၄နှစ်နှင့်၆နှစ်သက်တမ်းကုန်ဆုံးကြသည့် အလုပ် သမားများ မှာ လွယ်ကူမြန်ဆန်သည့် ပွဲစားလမ်းကြောင်းဖြင့်လုပ်ကိုင်ကြခြင်းဖြစ်သည်။

 ထားဝယ်၊ ဘားအံနှင့်မော်လမြိုင် တို့တွင် ၇ရက်တစ်ပတ်အတွင်း ဆိုပါက ပတ်စပို့စာအုပ်တစ်အုပ်လျှင် ကျပ်ငွေ ၁၃၅၀၀၀ ကျပ်ပေးရပြီ၊ ၁၅ ရက်ကြာမည်ဆိုပါက ကျပ်ငွေ ၇၅၀၀၀ မြန်မာလ၀က ကိုပေးရကြောင်း အကျိုး ဆောင်ပွဲစားများကပြောသည်။ 

၃၇ ယောက်ဖမ်းဆီးသတင်း http://www.goldenworkers.asia/2017/07/blog-post_10.html#more