21 July 2017

အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် သံဃာတပါးအား ထိုင်းအစိုးထံပြန်လည်လွဲပြောင်းပေး


2017- 7- 20
SAW

အမှုငါးမှုနဲ့  ထိုင်းနိုင်ငံက အလိုရှိနေသူ Nenkham အဖိုးနင်ခံလို့  လူသိ များကျော်ဇောခဲ့သူ စီစကက်ပြည် နယ် ကျောင်းထိုင် သံဃာဟာ အမေရိကန် နိုင်ငံကို ထွက်ပြေးပြီး လေးနှစ်ကျော် အကြာမှာ ၂၀-၇-၂၀၁၇ ည၁၀နာရီမှာ ထို


      နင်ခံဟာ ရဟန္တာတပါး ပြန်ဝင်စားခဲ့သူ-နဂါးမင်းကို တွေ့ နိုင်သူလို့  နာမည်ကြီးရာက ယုံကြည်ကိုး ကွယ်သူတွေများလာခဲ့ပါတယ်။ ဒကာဒကာမတွေရဲ့  အလှူငွေတွေကို ကိုယ်ပိုင်ငွေကြေးအဖြစ်သုံးစွဲနေ ခဲ့ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်စီးပြီး အပေါင်းအါသံဃာတွေနဲ့  ခရီးနေတာ-အဖိုးတန် ကိုယ်ပိုင်ကား အစီးပေါင်း (၆၀) နေအိမ်ပေါင်းများစွာ ၀ယ်ထားခဲ့တာကိုဆိုရှယ်မီဒီယာတွေမှာဖေါ်ပြခဲ့ပြီးတဲ့ပိုင်း နောက် ဆက်တွဲ အမှုတွေ ဆက်တိုက်ပေါ်လာခဲ့လို့  နိုင်ငံတော်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSIက ကိုင်တွယ် စစ်ဆေးခဲ့ရပါတယ်။

      နင်ခံရဲ့ အရူပ်တော်ပုံတွေ ဆက်တိုက်ပေါ်လာ ခဲ့ရာမှာ သူ့ ကိုယုံကြည်တဲ့ဒကာမတွေနဲ့  လိင်ဆက် ဆံနေခဲ့တာဟာ နောက်ဆုံး ၁၄ နှစ်သမီးလေးနဲ့ 
အတူနေရင်း ခလေးတယောက်ရှိနေ တာပါပေါ် လာခဲ့ ပါတယ်။

အာရှမှာ အဖိုးတန်ဆုံးကျောက်စိမ်းစေတီ တည်မယ် ဆိုပြီးအလှူခံခဲ့လို့ ရလာတဲ့ သန်းပေါင်းရာနဲ့ ချီတဲ့ ထိုင်းဘတ်ငွေ တွေကို အပျောက်ရှင်းခဲ့ပြီး သာမံကျောက် စိမ်းနဲ့  တန်ဘိုးနည်း စေတီသာတည်ခဲ့တာကို စစ်ဆေးတွေရှိခဲ့ပြီး ရလာတဲ့ အလှူငွေကို ဆွေးမျိုးတွေနံမည် နဲ့  ဘဏ်စာရင်းတွေဖွင်ပြီး အပိုင်းသိမ်းထားပါတယ်၊ နင်ခံအမေရိကာကို ထွက်ပြေးပြီး သူပိုင်ငွေ ဘတ်ငွေ သန်း (၄၀)-မာစီဒီး ကားအစီး (၆၀)နဲ့  အိမ်ခြံအားလုံးကို နိုင်ငံပိုင်သိမ်းယူလိုက်ပါပြီ။

     နင်ခံကို အမေရိကန်အစိုးရက ကာကွယ်ပေးထားပြီး သူ့ ရဲ့  ကျော်ကြားမှုကို မနာလို လို့  အမှုဆင်တာ လို့  အကြောင်းပြပြီး နိင်ငံရေးခိုလုံခွင့်တောင်းနေသူပါ။ ထိုင်းအစိုးရက တရားခံကို လွဲပြောင်းပေးဘို့အကြိမ်
 ကြိမ်တောင်းဆိုခဲ့ပေမယ့် အိုဘာမား အစိုးရလက်ထက်မှာ မအောာင်မြင်ခဲ့ပါဘူး။ အစိုးရသစ်လက်ထက်မှာ ဒေါ်နယ်ထ၇န့် ရဲ့  ပေါ်လစီအသစ်နဲ့ ကြောင့် တရားခံပြေး နင်ခံကို(ကယ်လီဖိုးနီးယားပြည်နယ် လပ်ဗေ ကပ်စ်ရဲတွေက ဖမ်းဆီး ခဲ့ပြီး ကို ခုလို တရားခံကို ပြန်လွဲပေးဘို့  သဘောတူခဲ့တာဖြစ်တယ်လို့  လေ့လာ သူတွေကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ဘန်ကောက်တရားရုံးမှာ နင်ခံကို အမှုငါးမှုနဲ့  စတင်တရား စွဲ မှာပါ။














နင်ခံ ထိုင်းကိုပြန်ခေါ်လာတဲ့ ရုပ်သံ
https://www.youtube.com/watch?v=iqt-1CqCnyk

နင်ခံနဲ့  အဖွဲ့  ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့  အဖိုတန်အသုံးဆောင်တွေကို
ဆိုရှယ်မီဒီယာကနေ သူတိုကိုတိုင်ကြွားပြီး တင်ခဲ့တဲ့ရုပ်သံ။
https://www.youtube.com/watch?v=v7SRrGxb-WU

နင်ခံဆီကနေ ခလေးစရိတ်ပေးဖို့  တရားရုံးမှာ တိုင်ကြားခဲ့တဲ့ ၁၄ နှစ်
အရွယ် မိန်းခလေး။(ဒီအင်အေ စစ်ပြီး တရားရုံးက နင်ခံသား ဟုတ်မှန်
ကြောင်းအတည်ပြု။
https://www.youtube.com/watch?v=o6UdeHXJIig