03 July 2017

“MOU အလုပ်သမား ၂ယောက်ဘာကြောင့်ကြိုးဆွဲချသေဆုံးရသလဲ”

 “MOU အလုပ်သမား ၂ယောက်ဘာကြောင့်ကြိုးဆွဲချသေဆုံးရသလဲ”


2017 ဇူလိုင်လ ၃
မင်းဘခက်

        အောင်စံဖြိုးကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ MOU ဖြင့်လာရောက်ခဲ့သည့် အလုပ်သမားဇနီးမောင်နီးမောင်နှံထိုင်းနိင်​ငံ မဟာချိုင်အနီး ဖစ်​ဘူရီမြို့နယ်​​နောင်​ စွန်းနယ်​​မြေမှာ ယမန်နေ့က ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။
         ယမန်နေ့နေ့လည် ၄နာရီခွဲခန့်အချိန်တွင် ဆေဆုံးသူများကိုတွေ့ရှိခဲ့ကြရပြီး၊ သေဆုံးသူတို့မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှ မောင်​​သော်​ဇင်​ဖြိုး နှင့်​ မ​ဝေနှင်းဖြူ တို့သည် ဖြစ်ကြပါသည်။


        သေဆုံးသည့်ဇနီးမောင်နှံတို့သည် ဖက်ဘူရီ ​နောင်​စွန်းရှိ ခယ်​​ခေါ့န်​ကွန်ပြူတာအပို​ပစွည်းထုတ်​လုပ်​​သော စက်​ရုံမှ လုပ်ကိုင်​​နေ​​သော အလုပ်သမားများဖြစ်ကြပါသည်။ အတူတကွလုပ်ကိုင်နေကြသူများ၏ ပြောပြချက်
အရ မြန်​မာ​ကျပ်ငွေ သိန်းနှစ်​ဆယ်​ခန့် အကြွေးတင်ကြောင်း ပြောဆိုကြသည်။

          ထိုင်းနီးပါးအ​ကြွေးထိုင်းအာဏာပိုင်များကမူ မိမိကိုယ်သတ်သေတာလား၊ သေကြောင်းကြံစည်ခံရ တာလားကို ဆက်လက်စုံစမ်းစစ်ဆေးဦးမည်ဖြစ်ကြောင်း သတင်းတွင်ရေးသားထားသည်။