13 July 2017

“ငါးဖမ်းလှေပေါ်တွင်လူကုန်ကူးခံရသည့်မြန်မာ၁၆ ဦးကို DSI,ထိုင်းစစ်တပ်နှင့်MAT အဖွဲ့ကယ်တင်”




၂၀၁၇  ခု ဇူလိုင်လ ၁၃ 

ရွှေလုပ်သား

      ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှား နယ်စပ်၊ ပါသနီခရိုင်၊ နာရာသီဝ ငါး ဖမ်းလှေဆိပ်ငါးဖမ်းလှေတစ်စီး ပေါ်မှ မြန်မာနိုင်ငံသား ၁၆ ဦးတို့အား DSI, ထိုင်းစစ်တပ်နှင့် MAT အဖွဲ့တို့က ယနေ့ ကယ်တင်နိုင်ခဲ့ပါသည်။
        အင်ဒိုနီးရှားငါးဖမ်းလှေသို့ပို့ဆောင်ရန်အတွက် နာရာသီဝ ငါးဖမ်းလှေဆိပ်မှ လှေအမှတ် KNF 761ငါးဖမ်း လှေ ပေါ်တွင် ရခိုင်ပြည်နယ်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်တို့မှ ရခိုင်အလုပ်သမား ၁၃ ဦးရောက်ရှိနေကြောင်း၊ ၈.၇.၂၀၁၇ နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ဆက်သွယ်အကူညီတောင်းခံခဲ့သည်။ ၁၁-၇-၂၀၁၇ နေ့တွင် ရခိုင်လူငယ်၂ဦးနှင့် ပဲခူးတိုင်းဝေါမြို့နယ်မှ လူငယ်တစ်ဦး တို့ထပ်မံရောက်ရှိလာခဲ့ကြပါသည်။


         မြောက်ဦးမြို့နယ်၊ ပေါက်ပြင် ကွင်းကျေးရွာမှ ကိုကျော်ဝင်း က “ပွဲစားကို ကျနော်တို့ တစ်ယောက်ကို
ဘတ်ငွေ ၁၇၀၀၀ စီပေးပြီး ကော့သောင်းဘက်ကလာခဲ့တာပါ။ ကျနော်တို့အလုပ်လုပ်ချင်လို့လာတာ။ ဒါပေမယ့်ကျနော်တို့သွားလိုတဲ့ အသိတွေရှိတဲ့ကျနော်တို့သွားလို တဲ့ ပါသနီကိုမပို့ပဲ နာရာသီဝလှေဆိပ်က အင်ဒိုဒီနေရာ ကိုပို့ထားပါတယ်။အပြင် လည်းမထွက်ရဘူး၊ ထမင်းလည်း ၀၀မစားရဘူး။ ကျနော်တို့ရောင်းစားခံ ရပြီဆိုတာသဘောပေါက်လာတယ်” ဟုပြောသည်။

     MAT အဖွဲ့ကလည်း လိုအပ်သည့်သတင်းအချက်အလက်များ ကိုရရှိအောင်ဆောင်ရွက်ခဲ့ပြီးထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းထောက်လှမ်းရေး  Anti-Human Trafficking Center , Department  of Special Investigation , Ministry of Justice..DSI မှ  Chief of Prevention and Suppression Div. 1, Mr.Komvich Padhanarath  နှင့် Chief of Prevention and Suppression Div. 2.. Pol. Maj. Jatuporn  Arunleaktawin  တို့ကို ၁၁.၇.၂၀၁၇ နေ့က တင်ပြအကူညီတောင်းခံခဲ့သည်။

          MAT အဖွဲ့၏ ရုံးတာဝန်ခံ ကိုစိုင်းအေး က “ကျနော်တို့အချက်အလက်တွေ၎ရက်စုရတယ်။ DSI ကို သတင်းပို့တယ်။ သူတို့က မြန်မာသံရုံးက အကူ ညီတောင်းခံစာလိုတယ်လို့ပြောတာကြောင့်  အလုပ် သမားသံ အရာရှိ ဦးမိုးအောင်ခိုင်ဆီကိုသွားခဲ့တယ်။ DSI မှာ အစည်းဝေးလုပ်ပြီး နာရာသီဝကိုဆင်းသွား ခဲ့တယ်။ ဒီနယ်မြေက အနီရောင်နယ်မြေ ဖြစ်တာေ ကြာင့် စစ်တပ်ရဲ့အကူညီနဲ့ ကယ်တင်ရတာဖြစ် တယ်။ တည်းခိုရတာ သွားလာရတာကအစ အတော့်ကိုသတိထားရတယ်။ ကျနော်တို့ အတော်လေး ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်” ဟုပြောသည်။

          မြန်မာအစိုးရနေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေတပ်ဖွဲမှူးထံသို့ ယခုလုပ်ငန်းစဉ်များကို MAT အဖွဲ့က အီးမေးနှင့် ဖုန်းတို့ဖြင့် သတင်းပေးပို့ထားခဲ့သည်။ ဖူးခက်မှ အလုပ်သမားကွန်ယက် MNP ဥက္ကဌ ကိုခိုင် အတက လည်း အစွမ်းကုန်ဝိုင်းဝန်းကူညီခဲ့ပါသည်။

         MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “မြန်မာနိုင်ငံ သားတွေ ထိုင်းမှာနေ့တိုင်း လူကုန်ကူးခံရ ဆဲပဲဖြစ်တယ်။  ဒီအ လုပ်သမား ၁၆ ယောက်ကို ကယ်ထုတ်ဖို့အတွက် အချိန် ၆ရက် အသုံးပြုခဲ့ရတယ်။ စရိတ်စကတွေ အသုံးပြုရတယ်။ ဗုံးတွေ မကြာခဏပေါက်ကွဲတဲ့ အနီရောင်နယ်မြေကို စွန့်စားပြီးလာခဲ့ ရတယ်။ ကုန်ခဲ့တဲ့နှစ်ကစ ပြီး ကျနော်တို့ လုပ်ရကိုင်ရတာတွေ ခက်ခဲမှုတွေပိုများလာတာကြောင့် လူကုန်  ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် တွေ လုပ်သင့်သလောက်မလုပ်နိုင်တာတွေရှိပါ တယ်” ဟုပြောသည်။

            ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ နှင့်ပူးေ ပါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦး၊၂၀၁၅ခုနှစ်တွင် ၁၇၄ ဦး၊ ၂၀၁၆  ခုနှစ်တွင် ၃၄၇ ဦးကယ်တင်နိုင်ခဲ့ပါသည်။ 

     ၂၀၁၇ ခုနှစ်တွင် လုံခြုံရေးအခြေအနေအရ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်အလုပ်သမားကူညီမှုတို့ကို လျှော့ချခဲ့သော်လည်း ယခုဇူလိုင်လအထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ၈ကြိမ်တွင် လိင်အလုပ်သမများအပါ အ၀င် စုစုပေါင်း ၁၁၂ ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ပါသည်။