06 September 2017

မြန်မာအတွက် ၄+၁ အကြံပြုချက် အင်ဒိုနီးရှား ဒါကာမှာ ရှင်းလင်း


6 September 2017 09:57(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Retno Marsudi ဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ၀န်ထုပ်ဝန် ပိုး ကို ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ သက်သာစေဖို့ သူ့အစိုးရက အကူအ ညီပေးဖို့ အသင့်ရှိကြောင်း စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆွေးနွေးခဲ့ပြီးနောက် အခုလို ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ခရီးဆက်ခဲ့တာပါ။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာ ဖြစ်ပါတယ်။

04 September 2017

နယ်စပ်ခြံစည်းရိုး သံကြိုးများ ဖျက်ဆီး၍ အလွယ်တကူ ၀င်ထွက်သွားလာ၊ တိုင်းရင်းသားနေအိမ် ၃၇ လုံး မီးရှို့ဖျက်ဆီးခံထားရ


3 September 2017 19:54(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)

[ARSA အစွန်းရောက်အကြမ်းဖက်သမား သတင်း- ၂၆]

စက်တင်ဘာ ၃ ၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နံ့သာတောင်ကျေး ရွာသို့ နယ်မြေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သွားရောက်စဉ် မီးတိုက်ချောင်းဝ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝကင်းစခန်းကြားတွင် ပေ ၁၂၀ခန့်၊ မီးတိုက်ချောင်း ၀ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝ ကင်းစခန်းကြားတွင် ၃၂ ပေ ခန့် နယ်စပ်ခြံ စည်းရိုး ကာရံထားသည့် သံကြိုးများအား ဖျက်ဆီး၍ ချောင်းပေါက်ဝများအတိုင်း တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနေနိုင်သည်ကို တွေ့ရှိရသည်။

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံများ အရေးအပေါ်အကူအညီ လိုအပ်နေ

4 September 2017 08:40(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)

ဘူးသီးတောင် ၊ စက်တင်ဘာ ၃ / DMG

ARSA အကြမ်းဖက်ဘင်္ဂါလီများ၏ ရန်ကိုကြောက်၍ ဘူးသီးတောင်မြို့နယ် ဂူတာပြင်အုပ်စု ကျောက်စာတိုင် (နတလ)ကျေးရွာမှ ဒေသခံများမှာ သြဂုတ်လ ၃ ရက်နေ့မှ ယနေ့ထိ ကျေးရွာအတွင်း ပိတ်မိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

02 September 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၄]

ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်စဉ် အကျဉ်းထုတ်ပြန်ချက်
(အကြမ်းဖက် တိုက်ခိုက်ခံရမှု ၅၂ ကြိမ်၊ ထိတွေ့မှု အကြိမ် ၉၀ နှင့် သြဂုတ် ၂၅ ရက် တစ်ရက်တည်းတွင် အကြမ်းဖက်သမားများနှင့် ၃၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့)
No automatic alt text available.
(နေပြည်တော်၊ စက်တင်ဘာ ၁ )

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့ နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၅၂ ကြိမ်၊ ထိတွေ့မှု အကြိမ် ၉၀ နှင့် သြဂုတ် ၂၅ ရက် တစ်ရက်တည်းတွင် အကြမ်းဖက်သမားများနှင့် ၃၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အချို့သေဆုံးကာ အချို့အရှင်ဖမ်းမိ ခဲ့သည်။

ALA ဌာနချုပ်ကို သိမ်းလိုက်ပြီဟု AA စစ်ဦးစီးချုပ်ပြော


နန်လွင်နှင်းပွင့် / ဧရာဝတီ
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ဗဟိုဌာနချုပ် ကို ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက် လိုက် ပြီဖြစ်ကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် အေအေတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုများရှိ

1 September 2017

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့ အကြား သြဂုတ် ၃၁ ရက်နေ့ညနေက ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့တယ်လို့  နှစ်ဖက်စလုံးက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

01 September 2017

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်လုပ်ဆောင်မှုအပေါ် တပ်မတော်၏ သဘော ထားထုတ်ပြန်ချက်




၁။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားကျေးရွာအချို့အပါအဝင် လုံခြုံရေးတာဝန်ယူထား သော နယ်ခြား စောင့်ရဲစခန်းများနှင့် တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုအား အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများမှ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိနေပါသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အေး ချမ်းစွာနေထိုင်လိုသော ဘင်္ဂါလီများ၊ ဟိန္ဒူလူမျိုးများအပါအဝင် အပြစ်မဲ့ဒေသခံ တိုင်း ရင်းသားများအား အကာအကွယ်ပေးခြင်း၊ လုံခြုံစိတ်ချရသောနေရာများသို့ ပြောင်းေ ရွှ့ပေးခြင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက် လုပ်ဆောင်မှုများကို တားဆီးနှိမ်နင်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အချိန်ကာလဖြစ် ပါသည်။

အကြမ်းဖက်သမားများနယ်မြေတွင် WFP တံဆိပ်ပါဘီစကစ်များ ထပ်မံတွေ့ရှိ

By

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားနယ်မြေမှာ  အကြမ်းဖက်အဖွဲ့တွေရဲ့ အသုံးအဆောင်တွေနဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမား ၃၇၀ အသေမိ၊ ၉ ဦးအား အရှင်ဖမ်း


1 September 2017 09:06(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

နိရဉ္စရာ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၃၇၀ ကို အသေနှင့် ၉ ဦးကို အရှင်ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သမားခြောက်ဦးကို ဘင်္ဂါလီ ကျေးရွာသားများ ကိုယ်တိုင်ဖမ်းဆီးအပ်နှံဟု ရဲမှူးချုပ်သူရစန်းလွင် ပြောကြား

မောင်တောဒေသမှ အကြမ်းဖက်သမား ခြောက်ဦးကို ဘင်္ဂါလီကျေးရွာလေးရွာမှ ကျေးရွာ သားများကိုယ်တိုင်ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံလာရောက် အပ်နှံထားကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။