04 September 2017

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံများ အရေးအပေါ်အကူအညီ လိုအပ်နေ

4 September 2017 08:40(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)

ဘူးသီးတောင် ၊ စက်တင်ဘာ ၃ / DMG

ARSA အကြမ်းဖက်ဘင်္ဂါလီများ၏ ရန်ကိုကြောက်၍ ဘူးသီးတောင်မြို့နယ် ဂူတာပြင်အုပ်စု ကျောက်စာတိုင် (နတလ)ကျေးရွာမှ ဒေသခံများမှာ သြဂုတ်လ ၃ ရက်နေ့မှ ယနေ့ထိ ကျေးရွာအတွင်း ပိတ်မိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။


အဆိုပါ ဒေသခံခမီတိုင်းရင်းသားများမှာ ရွာမှနေ ဘေးလွတ်ရာသို့ ထွက်ခွာရန်မှာ လည်း မိုင်းများရှိနေသည်ဆိုသည့်အတွက် ကျေးရွာမှ မထွက်ခွာရဲကြဘဲ ကျေးရွာ အတွင်း၌သာ နေထိုင်နေကြခြင်းကြောင့် လက်ရှိအချိန်တွင် စားနပ်ရိက္ခာအခက် အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံစိန်က DMG သို့ ဖုန်းဖြင့် အကြောင်းကြားသည်။

ကျောက်စာတိုက်ကျေးရွာတွင် ခမီတိုင်းရင်းသားများ အများဆုံးနေထိုင်ကြပြီး အိမ်ခြေ ၆၉ ဆောင်နှင့် လူဦးရေ ၁၄၃ ဦးခန့်ရှိကြောင်းလည်း သိရသည်။

Development Media Group