01 September 2017

အကြမ်းဖက်သမားခြောက်ဦးကို ဘင်္ဂါလီ ကျေးရွာသားများ ကိုယ်တိုင်ဖမ်းဆီးအပ်နှံဟု ရဲမှူးချုပ်သူရစန်းလွင် ပြောကြား

မောင်တောဒေသမှ အကြမ်းဖက်သမား ခြောက်ဦးကို ဘင်္ဂါလီကျေးရွာလေးရွာမှ ကျေးရွာ သားများကိုယ်တိုင်ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံလာရောက် အပ်နှံထားကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။


မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက် နံနက် တွင် စတင်ဖြစ်ပွားသည့် အကြမ်း ဖက် တိုက် ခိုက်မှု ဖြစ်စဉ်များသည် ခုနစ်ရက်အကြာ သြဂုတ် ၃၁ ရက်တွင် ယခင်ထက်လျော့ကျ လာခြင်း မှာ ဘင်္ဂါလီကျေးရွာများက ယခုကဲ့ သို့ပူးပေါင်းဆောင်ရွက်လာမှုအပေါ် သုံးသပ်၍ရနိုင်သည်ဟု ၎င်းကဆိုသည်။

‘‘အကြမ်းဖက်ကို အရင်တုန်းက ကြောက်လို့ သာ ငြိမ်ခံပေမယ့်လို့ သူတို့ကိုယ်တိုင် အကြမ်း ဖက်အဖွဲ့တွေကို လိုက်ပြီးတော့ ရှာဖွေတဲ့အခါမှာ အကြမ်း ဖက်တစ်ယောက်ဆိုရင် ဘူဂါခြုံပြီးတော့ မိန်းမလိုဟန် ဆောင်ပြီး ထွက်ပြေးမယ်လို့လုပ်တဲ့အချိန်မှာ ဘင်္ဂါလီ ရွာသားတွေက ဝိုင်းဖမ်းပြီးတော့ ကျွန်တော်တို့ကို လာ အပ်တာ စုစုပေါင်းခြောက်ေ ယာက်ရှိပြီ’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ရှင်းပြသည်။အစွန်းရောက် ဘင်္ဂါလီအ ကြမ်းဖက်သမားများကြောင့်အ ခြားဘင်္ဂါလီများပါ ဒုက္ခရောက်နေရသည့် အခြေအနေ ကို လက်မခံ နိုင်သည့် ဘင်္ဂါလီကျေးရွာများက ၎င်းတို့ကိုယ်တိုင် အကြမ်းဖက် သမား များကို ဖမ်းဆီးပေးရန် ခွင့် ပြုချက်တောင်းဆိုလာခြင်းနှင့် ည ဘက်တွင် ၎င်းတို့ဘင်္ဂါ လီကျေးရွာ များ၌ လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ခွင့်တောင်းလာ၍ ပေါင်းစပ်ဆောင်ရွက်နေသည်ဟု သူရစန်းလွင်က ဆက်လက်ပြောသည်။

      မောင်တောဒေသတွင်း အ ကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချပြီး အကြမ်းဖက် သမားဟု သံသ ယရှိသူ ဘင်္ဂါလီများကို ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူများထံ  သ တင်းပို့၍ ပူးပေါင်းဖမ်းဆီးနေ ကြောင်း မောင်တောမြို့နယ်မှ ဘင်္ဂါလီ အချို့က သတင်း မီဒီယာများကို ယမန်နေ့က ပြောသည်။

‘‘အခုလိုအကြမ်းဖက်လုပ် ရပ်တွေ လုပ်နေတာကို ကျွန်တော်တို့ နားမလည်နိုင်အောင် ဖြစ်ရတယ်။ အလွန်အံ့သြရတယ်။ ရှုတ်လည်း ရှုတ်ချတယ်။ ဒါ ကြောင့် အကြမ်းဖက် သမားလို့ သံသယရှိသူတွေ့ရင် ရဲတပ်ဖွဲ့ကို သတင်းပို့ပြီး ဖမ်းဆီးနိုင်ဖို့ ကျွန် တော်တို့ လုပ်နေတယ်’’ ဟု အ သက်အန္တရာယ် ရန်ပြုခံရမည်စိုး ၍ အမည်ထုတ်ဖော်ရေးသား ခွင့် မပြုသော မောင်တောမြို့နယ် မောင်နီကျေးရွာဒေသခံ ဘင်္ဂါလီ တစ်ဦးက ပြော သည်။

7Day Daily သတင်းစာ အပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းထောက်များသည် အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မောင်တောမြို့ခံ ဘင်္ဂါလီအချို့ကို သြဂုတ် ၃၁ ရက်တွင် တွေ့ဆုံခွင့်ရသဖြင့် မေးမြန်းရာ ဖြေကြားခြင်းဖြစ်သည်။

ထို့အပြင် သြဂုတ် ၃၀ ရက်ကမောင်တောမြို့ သုံးမိုင်လမ်းဆုံအ နီး ဘင်္ဂါလီကျေးရွာနှင့် တိုင်းရင်း သားများအကြား ဖြစ်ပွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ် အစိုးရ၊ ပြည်နယ်လွှတ်တော်တို့ သို့ တင်ပြထားသည်ဟု ရဲမှူး ချုပ် သူရစန်းလွင်က ပြောသည်။ အဆိုပါဖြစ်စဉ်အပေါ် ရဲမှူးချုပ် သူရစန်းလွင် ပြောကြားချက်နှင့် ဒေသခံအချို့ပြောကြားချက် ကွဲ လွဲနေသည်။

 ‘‘တခြားရွာတွေ စုပြီး သွားမီးရှို့တာပေါ့။ ဟိုကရွာထဲမှာ သူတို့ဘာသူတို့ ကြောက်လို့ငြိမ်နေတာ။ သူတို့ရွာတွေ မီးရှို့တော့လည်း သူတို့က မခံနိုင်လို့ထင်တယ်။ အဲဒါအပြန်အလှန်ဖြစ်ကြတာ’’ ဟု ရဲမှူးချုပ် သူရစန်းလွင်က သြဂုတ် ၃၀ ရက်  ညပိုင်းတွင်ပြောသည်။
သို့သော် ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသည် ဆိုသော တိုင်းရင်းသား တစ်ဦးက မောင် တောမြို့ သုံးမိုင်လမ်းဆုံအနီးတွင် အမျိုးသားငါးဦးကို အကြမ်းဖက် သမားများက တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ သို့သော် ထိုဖြစ်ရပ်အပေါ် 7Day က သီးခြား အတည်မပြုနိုင်ပေ။

ဒေသခံလေးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးသည်ဆိုသော အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက် ၍ နှစ်ဖက်စလုံးကို အမှုဖွင့် ဆောင် ရွက်ရမည်ဟု ရဲမှူးချုပ်က ဆို သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ် သက်၍ ရဲမှူးချုပ်သူရစန်းလွင်က ‘‘အဲဒါတွေကတော့ လွှတ်တော် ဥက္ကဋ္ဌကိုလည်း တင်ပြတယ်။ ပြည် နယ်အစိုးရအဖွဲ့ကိုလည်း တား မြစ်ပေးပါ။ နိုင်ငံရေးပါတီတွေက လည်း အောက်ကနေ မြှောက်ထိုး ပင့်ကော်မလုပ် မိဖို့၊ နောက်ပြီး ဆရာတော်တွေလည်း လျှောက် ထားပြီးတော့ ကိုယ့်နေရာမှာပဲ အေးအေးဆေးဆေးနေပါ၊ တိုင်း ရင်းသားတွေ။ ကျန်တဲ့ဟာတွေကို တော့ ဥပဒေနဲ့ အညီဆောင်ရွက် နေပါတယ်လို့ ကျွန်တော်လိုက်ပြီးတော့ ပြောထားပါတယ်’’ ဟု သြဂုတ် ၃၁ ရက် ညတွင် ပြောသည်။

မောင်တောဒေသတွင် သြ ဂုတ် ၂၅ ရက် နံနက်၌ အစွန်း ရောက် ဘင်္ဂါလီအကြမ်း ဖက်သ မားများက ရဲကင်းစခန်းအများ အပြားကို တိုက်ခိုက်ခဲ့ရာက စတင် ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ ကို လူမျိုးရေး၊ ဘာသာရေး မဖြစ်အောင် ကိုင်တွယ်နေ သည်ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြော ကြားထားသည်။

ARSA အစွန်းရောက် အ ကြမ်းဖက်သမားများသည် သြ ဂုတ် ၂၅ ရက် နံနက်တွင် မောင် တော်ဒေသရှိ ရဲစခန်းများ၊ ကင်းစ ခန်းများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦးသေဆုံးကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုသည်လည်း ၃၀ ၀န်းကျင်ရှိနေပြီဖြစ်သည်။

အကြမ်းဖက်သမားများအ နေဖြင့် ရဲတပ်ဖွဲ့ဝင်များက မတ ရားမီးရှို့သည်ဆိုသည့် ပုံစံမျိုး ဖန်တီးချင်၍ မီးရှို့မှုများ လုပ် ဆောင်ကြောင်း ရဲမှူးချုပ်သူရစန်း လွင်က ပြောသည်။

‘‘မီးသတ်ကားတွေနဲ့ သတ် လို့ရသမျှ သတ်တယ်။ တချို့နေ ရာတွေမှာ သူတို့ဗုံးတွေ ခွဲထား တယ်ဆိုတော့ တချို့ကျတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ မီး လောင်ပြီး ဒီဗုံးကွဲရင် အန္တရာယ် ဖြစ်နိုင်တာမို့လို့ တချို့ကျတော့ ဒီ အတိုင်းပဲ နေရတာမျိုးရှိတယ်’’ ဟု ရဲမှူးချုပ်သူရစန်းလွင်က ပြော ကြားသည်။