04 September 2017

နယ်စပ်ခြံစည်းရိုး သံကြိုးများ ဖျက်ဆီး၍ အလွယ်တကူ ၀င်ထွက်သွားလာ၊ တိုင်းရင်းသားနေအိမ် ၃၇ လုံး မီးရှို့ဖျက်ဆီးခံထားရ


3 September 2017 19:54(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)

[ARSA အစွန်းရောက်အကြမ်းဖက်သမား သတင်း- ၂၆]

စက်တင်ဘာ ၃ ၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နံ့သာတောင်ကျေး ရွာသို့ နယ်မြေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သွားရောက်စဉ် မီးတိုက်ချောင်းဝ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝကင်းစခန်းကြားတွင် ပေ ၁၂၀ခန့်၊ မီးတိုက်ချောင်း ၀ ကင်းစခန်းနှင့် ကွမ်းသီးပင်ချောင်းဝ ကင်းစခန်းကြားတွင် ၃၂ ပေ ခန့် နယ်စပ်ခြံ စည်းရိုး ကာရံထားသည့် သံကြိုးများအား ဖျက်ဆီး၍ ချောင်းပေါက်ဝများအတိုင်း တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနေနိုင်သည်ကို တွေ့ရှိရသည်။


ထို့ပြင် နံ့သာတောင်ကျေးရွာရှိ တိုင်းရင်းသားနေအိမ် ၃၇ လုံးအား မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရှိရသည်။

နံ့သာတောင်ပရဟိတစာသင်ကျောင်း ဂြိုဟ်နံဘုရားရှိ ဘုရားဆင်းတုတော် အားလုံး၏ မဏိတော် (ဦးခေါင်းတော်) များ ဖြတ်ထားပြီး ဘုန်းကြီးကျောင်းအတွင်း မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)