01 September 2017

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်လုပ်ဆောင်မှုအပေါ် တပ်မတော်၏ သဘော ထားထုတ်ပြန်ချက်




၁။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားကျေးရွာအချို့အပါအဝင် လုံခြုံရေးတာဝန်ယူထား သော နယ်ခြား စောင့်ရဲစခန်းများနှင့် တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုအား အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများမှ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိနေပါသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အေး ချမ်းစွာနေထိုင်လိုသော ဘင်္ဂါလီများ၊ ဟိန္ဒူလူမျိုးများအပါအဝင် အပြစ်မဲ့ဒေသခံ တိုင်း ရင်းသားများအား အကာအကွယ်ပေးခြင်း၊ လုံခြုံစိတ်ချရသောနေရာများသို့ ပြောင်းေ ရွှ့ပေးခြင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက် လုပ်ဆောင်မှုများကို တားဆီးနှိမ်နင်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အချိန်ကာလဖြစ် ပါသည်။


၂။ ထိုသို့ တပ်မတော်မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနှင့် လုံခြုံရေး အတွက် ကြိုးပမ်းဆောင်ရွက်ချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်မတော် စစ်ကြောင်းတစ်ခုအား ၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့တွင် အလစ်အငိုက်ရယူ၍ ချောင်းမြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ယင်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ/ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပါသည်။

၃။ ယခုအချိန်ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာ ဏာကို တစ်စိတ်တစ်ပိုင်း ထိခိုက်နစ်နာထိပါးစေသည့် ရခိုင်ပြည်နယ်အရေးကိစ္စအား အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားများအားလုံးက အမျိုးသားရေးအသိစိတ်ဓာတ်ြ ဖင့် နိုင်ငံတော်၏ အနောက်ဘက်တံတိုင်း စည်းရိုးကျိုးပေါက်မှု မရှိစေရေး အစွမ်းကုန် ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ ယခုကဲ့သို့ အမျိုးသားရေးကိစ္စ လုံးပန်းဆောင်ရွက် နေချိန်မျိုးတွင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မလုပ်သင့်၊ မလုပ်ထိုက် သည့်ကိစ္စအား ဆောင်ရွက်ခဲ့သည့်အတွက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အား တပ်မတော်မှ ပြင်းထန်စွာပြစ်တင် ရှုံ့ချသည့်အပြင် ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့