02 September 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၄]

ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်စဉ် အကျဉ်းထုတ်ပြန်ချက်
(အကြမ်းဖက် တိုက်ခိုက်ခံရမှု ၅၂ ကြိမ်၊ ထိတွေ့မှု အကြိမ် ၉၀ နှင့် သြဂုတ် ၂၅ ရက် တစ်ရက်တည်းတွင် အကြမ်းဖက်သမားများနှင့် ၃၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့)
No automatic alt text available.
(နေပြည်တော်၊ စက်တင်ဘာ ၁ )

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့ နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၅၂ ကြိမ်၊ ထိတွေ့မှု အကြိမ် ၉၀ နှင့် သြဂုတ် ၂၅ ရက် တစ်ရက်တည်းတွင် အကြမ်းဖက်သမားများနှင့် ၃၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အချို့သေဆုံးကာ အချို့အရှင်ဖမ်းမိ ခဲ့သည်။


အရပ်သားပြည်သူများ ထိခိုက်ဆုံးရှုံးမှုARSA အစွန်းရောက်အကြမ်းဖက် သမားများက ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဒါးကြီးဇား၊ ၀ါးပိတ်နှင့် ပြောင်ပိုက်ကျေးရွာ တို့ရှိ ၎င်းတို့၏ နေအိမ်များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ကဲ့သို့ ယခုတစ်ကြိမ်တွင် လည်း ကိုးတန်ကောက်၊ မြင်းလွတ် နှင့် ကျီးကန်းပြင်ကျေး ရွာများအပါအ၀င် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် တို့အတွင်းရှိ ကျေးရွာပေါင်း ၃၂ ရွာ နှင့် မောင် တောမြို့ရှိ ရပ်ကွက် ၂ ခုတို့ကို ၎င်းတို့ ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အိမ်ခြေ ပေါင်း ၂၆၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ သည်။

ဒေသခံတိုင်းရင်းသားများ ရွှေ့ပြောင်းမှုတွင် ARSA အစွန်းရောက်အကြမ်းဖက်သမား များက လမ်းခုလတ်တွင် အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဟိန္ဒူ ဘာသာ ၀င် ၇ ဦး၊ ဒိုင်းနက် တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား ၂ဦး ဒဏ်ရာရရှိကာ ၂ ဦး ပျောက် ဆုံးလျက်ရှိကြောင်း ၊ ရွှေ့ပြောင်းသွားသည့် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်များ ကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသဖြင့် တိုင်းရင်းသား ကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၁၃၈ လုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံတိုင်းရင်းသား ၂၃၂၆ ဦး၊ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်းရင်းသား ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦး တို့အား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ နယ်မြေခံတပ် ဌာနချုပ်များ၊ ကျေးရွာ ၃၃ ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်ဆုံးရှုံးမှုARSA အစွန်းရောက်အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက်စွန့်လွှတ် ခဲ့ရကြောင်း နှင့် တပ်မတော်မှ စစ်သည် ၅ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သည် ၁ ဦး ပျောက်ဆုံးလျက်ရှိသည်။
ထို့ပြင် တပ်မတော်မှ လက်နက်ငယ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄၀ နှင့် ဆက်စပ် ပစ္စည်းများ၊ ရဲတပ်ဖွဲ့မှ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီး မျိုးစုံ ၁၁ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံးဆုံးရှုံးခဲ့ပြီး ရဲတပ်ဖွဲ့ပိုင် မော်တော် ယာဉ် ၇ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရဲကင်းစခန်းများနှင့် တပ်ရင်းဌာနချုပ်အား ၀င်ရောက်တိုက်ခိုက်ခဲ့သည့် သြဂုတ် ၂၅ ရက်တစ်ရက်တည်းမှာပင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်း ဖက်သမား များ တိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်သ မား အချို့သေဆုံးကာ အချို့ အရှင်ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၃၀ ရက်အထိ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးဆောင်ရွက်စဉ် ARSA အစွန်းေ ရာက်အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှု ၅၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၂၅ ရက်အပါအ၀င် အကြမ်းဖက်သမားများထံမှ ပွိုင့်-၂၂ သေနတ်အပါအ၀င် လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဒါး ၆၁ လက်၊ လှံ ၁၅ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ ယမ်းထုတ် ၂၇ ထုတ်၊ ၀ါယာကြိုးခွေများ၊ ဝတ်စုံအနက်များ၊ ပြောက်ကျား ယူနီဖောင်းများ၊ ဆေးဝါးမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)