21 December 2012

“နာနတ်သီစက်ရုံ MOU အလုပ်သမား မိမိသဘောဖြင့် မြ၀တီသို့ပြန်သည်”

ကိုတီး ဒီဇင်ဘာ ၂၁
        ထိုင်းနိုင်ငံ အနောက်ဘက် ရပ်ခ်ျဘူရီခရိုင် Ratachburi Ban Kha မြို့ရှိ V&K PINEAPPLE CANNING CO.,LTD  ကုမ္ပဏီတွင်  MOU ဖြင့် လာရောက် အလုပ် လုပ်နေကြသည့် မြန်မာ အလုပ် သမားများ  ကုမ္ပဏီ ကိုယ်စားလှယ်ဖြင့် အချင်းများ သဖြင့် မိမိသဘောဖြင့်ဒီဇင်ဘာ၁၈ရက်နေ့က  မြ၀ တီ သို့ ပြန်သွားခဲ့ ကြပြီး   ဖြစ်ကြောင်း သိရှိရသည်။
   ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မြ၀တီမှ အထက်ဖေါ်ပြပါ  ၀ိုင်တ (ခ) V&K သစ်သီးစက်ရုံသို့  MOU ဖြင့်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ အလုပ်သမား ၁၀၁ ဦးတို့အား  သရ၀ဏ် ကုမ္ပဏီမှတင်ပို့ခဲ့ကြောင်း  အလုပ်သမား များပြောပြ ချက်များ အရ သိရှိရသည်။

 
         နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လုပ်အားခ စါရင်းစါရွက် ထွက်လာသည့်အခါ(၁၅ ရက် တစ်ဝိ) အခန်း ခ တစ်ဦးစီ ၃၀၀ဘတ်၊ သန့်ရှင်းရေးကြေး ၅၀၊ ၀တ်စုံကြေး ၄၂၀ဘတ်၊ ပတ်စပို့ဖိုး ၁၅၀၀ဘတ် စသည်ဖြင့် ဖြတ်တောက်ထားပြီးမှ လုပ်အားခ ကျန်ငွေ များကိုရှင်းပေးခဲ့ခြင်းဖြစ်သည်။
           အလုပ်သမားများအား စာချုပ်ပါ စည်းကမ်း နဲ့ ကိုက်ပြီးမှုမရှိပဲ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖြတ်တောက်ထားသဖြင့် အလုပ်သမားများက   ဒီဇင်ဘာ ၄ရက်နေ့ ကတည်းက စတင်၍ အလုပ်ပြန်မဆင်းပဲနေခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဒီဇင်ဘာ ၉ ရက်နှင့်၁၀ ရက်နေ့ က မြန်မာသံရုံး မြန်မာအလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် နှင့် ကုမ္ပဏီ ကိုယ်စားလှယ် ဦးကျော်သီဟ တို့ ၂ရက်တိုင်တိုင် သွားရောက်ရှင်းလင်းခဲ့ကြသည်။     အလုပ်သမားများထံမှ ဖြတ်တောက်ထားငွေများအား ပြန်လည်ပေးချေရန် သဘောတူညီခဲ့ကြသည်။
             တစ်ပတ်ကြာသည့်တိုင်အောင် အလုပ်သမားများအား ဖြတ်တောက်ထားသည့်ငွေများအား  ဦးကျော်သီဟ က ပြန်လည် ပေးချေခြင်းမရှိသဖြင့် အလုပ်သမားများက အလုပ်မဆင်းပဲ နေခဲ့ကြသည်။
      ဒီဇင်ဘာ ၁၆ ရက်နေ့ တွင် နေပြည်တော်မှ တာဝန်ရှိသူတစ်ဦး၏ အကူညီတောင်းခံမှုနှင့် အတူ ဦးကျော်သီဟ နှင့် အလုပ်သမားများ၏ ဖိတ်ခေါ် ချက်များအရထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT က  သွားရောက်ညှိနှိုင်းပေးခဲ့သည်။
MAT အဖွဲ့၏ညှိနှိုင်းမှုကြောင့် ဖြတ်တောက်ထား သည့်ငွေများကို ချက်ခြင်းပေးချေပြီး နယ်စပ်တွင် ချုပ်ဆို သည့် စာချုပ်ပါစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိပါက အလုပ် သမားများအလုပ်ပြန်လုပ်မ ည်ဖြစ်ကြောင်း သုံးကြိမ်သုံးခါ ပြောဆိုသည်။  အလားတူ SIAM HONGSA CO,LTD မှ ဒါရိုက်တာ ဦးကျော်သီဟ နှင့် ထိုင်းအလုပ်ရုံ ကိုယ်စား လှယ် Mrs. Nutchaput Chotsiri  တို့  ကလည်း သဘောတူကြောင်း သုံးကြိမ်သုံးခါ   ပြောဆိုပါသည်။
          ဦးကျော်သီဟကတိပေးထားသည့်အတိုင်းဒီဇင်ဘာ၁၇ရက်နေ့တွင် ဖြတ်တောက်
ထားသည့် ငွေများအား ပေးအပ်ရန် သွားသည့်အခါ  MAT အဖွဲ့ကလည်း လိုက်ပါ ခဲ့ပြန်ပါသည်။ ထိုအခါ အလုပ်သမားများ က  ငွေများကိုလည်းမယူတော့ပဲ နယ်စပ် ကို ပြန်သွားရန်သာ တောင်းဆိုနေခဲ့ကြသဖြင့်ဦးကျော်သီဟ စီစဉ်ပေးသည့် ကားဖြင့်   မြ၀တီသို့ ပြန်သွားခဲ့ကြသည်။
      အလုပ်သမားခေါင်းဆောင် ကိုသိန်းနိုင်ထွန်း က နယ်စပ်မှာ ချုပ်ဆိုတဲ့ စာချုပ် မှာက အခန်းခ၊ ရေခ၊ မီးခ၊ ၀တ်စုံခ၊ ဆေးဝါးကုသမှု သယ်ယူ ပို့ဆောင်မှု စတဲ့စရိတ် စကတွေ အခမဲ့ဖြစ်ပေမယ့် ဒီမှာ လုပ်တဲ့အခါ အဲဒါတွေကို အကုန်ဖြတ် တယ်။ ပတ်စပို့ဖိုးလည်း၁၅၀၀ ဖြတ်တော့  ကျနော်တို့လုပ်အားခ မကျန်တော့ဘူး။ အဲဒါ ကိုမြန်မာသံရုံးက ဦးကျော်ကျော်လွင်နဲ့  MOU ကုမ္ပဏီ ကိုယ်စားလှယ် ဦးကျော်သီဟ တို့ ၂ ရက်တိုင် တိုင် လာရောက် ညှိနှိုင်းခဲ့ပေမယ့် လက်တွေ့မှာ မရှင်းခဲ့ဘူး။ အလုပ် သမား သံအရာရှိ ဦးကျော်ကျော်လွင် ကိုယ် တိုင်လာပြီးတော့ အဆင်ပြေအောင် လုပ်ပေးပါမယ်လို့ ပြောတာတောင် မပြေလည်ခဲ့တာ။ ဒါကြောင့် ကျနော်တို့ အယုံ အကြည်မရှိတော့ပဲ ပြန်ပို့ခိုင်းခဲ့တာဖြစ်ပါတယ်။ ဦးကျော်သောင်း ကို အလုပ်ပြန်လုပ် ပါ့မယ် လို့ ကတိပေးခဲ့တာကို တောင်းပန်ပါတယ်” ဟုပြောသည်။ 
       အလုပ်သမားများ ပြန်ခါနီးအချိန်တွင် ဦးကျော်သီဟက မိမိသဘောဖြင့်ပြန်သွား
ခြင်းဖြစ် ကြောင်းလက်မှတ်ထိုးခိုင်ခဲ့သော်လည်း အလုပ်သမားများက လက်မှတ် မထိုးသော်လည်။   ၃ကြိမ်သုံးခါ ညှိနှိုင်း၍ အဆင်ပြေမှုမရှိသဖြင့် မိမိတို့ သဘော
ဖြင့် နေရပ်ရင်း သို့ ပြန်သွားရခြင်းဖြစ်ေ ကြာင်း စာသားကိုမူ လက်မှတ်ရေးထိုးခဲ့ကြရ
ကြောင်း  ကိုသိန်းနိုင်ထွန်းကပြောသည်။
MOU ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်သီဟ က အလုပ်ရုံကမှားယွင်းဖြတ်ေ တာက် ထားတာကိုရှင်းပေးတာကို အလုပ်သမားတွေက မယူကြတော့ ဘူး။ အလုပ်ရုံ မှာ ငွေစါရင်းဆိုတာလည်း ချက်ချင်း လုပ်လို့ ဖြစ်နိုင်တာ မဟုတ်ဘူး။ သည်းခံမှုအရမ်း နည်းကြပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေ ကျနော်တို့  အလုပ် သမားတွေ အပေါ်မှာရော MOU ကိုပါ အယုံအကြည်ပျက်သွားရင် အားလုံးနစ်နာတယ်။ အလုပ်သမားတွေ    ပြန်သွား တာ အားလုံးအတွက် နစ်နာတာပဲ” ဟုပြောသည်။
           
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က MOU ပြဿနာတွေ အခြားနေရာတွေ မှာ လည်း  ရှိနေပါသေးတယ်။ နောင်လည်းရှိနေအုံးမယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ MOU စည်းကမ်းချက်တွေက  ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ ကတိတည်လို့ မဖြစ်လောက်အောင် စည်းကမ်းချက်တွေပါနေသလိုအလုပ်သမားတွေ အတွက် လည်း အာမခံမှု အလွန်နည်းနေတာကို ကျနော်တို့ လေ့လာသိရှိရပါတယ်။လိုက်နာ ဖို့ခက်ခဲနေတဲ့ ဒီစာချုပ်အတိုင်းသာ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း ကို မြန်မာ အစိုးရက အလုပ်သမားတွေ ဆက်လက်ပြီးတော့တင်သွင်းနေအုံး မယ် ဆိုရင်အခက်အခဲတော့ကြုံနေအုံးမယ်လို့ ထင်ပါတယ်
။ နိုင်ငံဖြတ်ကျော် လိုက်နာရမယ့် စည်းကမ်းချက်သတ်မှတ်မယ် ဆိုရင်ကုမ္ပဏီ တွေ
ရော အလုပ်သမားရေးကျွမ်းကျင်သူတွေ တို့နဲ့ ပါ ညှိနှိုင်း သတ်မှတ်ကြရင်ကောင်း မယ်လို့ ထင်ပါတယ်” ဟု အကြံပြုပြောဆိုသွားသည်။
       မူလက အလုပ်မဆင်းပဲ ၉၈ ဦးရှိခဲ့သော်လည်း   မြ၀တီသို့ အလုပ်သမား မ=၂၅ ဦးနှင့် ကျား=၄၈ဦး (ပေါင်း ၇၃ ဦး) တို့ ပြန်လာခဲ့ကြသည်။   ကျန်အလုပ်သမား အချို့ မှာ ဆက်လက် အလုပ်လုပ်ကိုင် နေခဲ့ကြ ကြောင်း အလုပ်သမားများပြောပြချက် အရသိရသည်။
          MOU ကုမ္ပဏီမှ လုပ်ပေးထားသည့် ပတ်စပို့မှာ ထိုင်းနိုင်ငံအထွက်တွင် ရုတ် သိမ်း တံဆိပ်ထု ထားသဖြင့်  ထိုင်းနိုင်ငံဘက်မှ လက်ခံမည့် ကုမ္ပဏီ မရှိပါက အဆိုပါ အလုပ်သမားများ မှာ ထိုင်းနိုင်ငံ အတွင်းသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်ခွင့် ရရှိမည်မဟုတ်တော့ပေ။ အဆိုပါ အလုပ်သမားများအား မြ၀တီပန်းခြံအနီး MOU ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးက ခေတ္တ ကျွေးမွေးစောင့်ရှောက်ထားသည်။
  အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ပြန်လည်ဝင်ရောက် လိုကြသေးကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။