28 December 2012

“ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်း ၀န်ဆောင်မှုလုပ်ငန်း ယာယီအကျိုးဆောင်လိုင်စင်”


 “ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်း ၀န်ဆောင်မှုလုပ်ငန်း ယာယီအကျိုးဆောင် လိုင်စင်”

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၄)အရ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် လိုင်စင် ထုတ်ပေးခြင်းဖြစ်ပါသည်။

(၂) အကျိုးဆောင်လိုင်စင် ရရှိထားသူသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် အညီ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်များ၊ ညွန်ကြား ချက်များ၊ ၀န်ခံကတိများ၊ စည်းကမ်းများအားလိုက်နာ၍ ထိုင်းနိုင်ငံသို့ အလုပ်သမားစေ လွှတ်ခြင်းလုပ်ငန်းဆာင်ရွက်သွားရမည်ဖြစ်ပါသည်။

မှတ်ချက်။     ။ ယာယီအကျိုးဆောင်လိုင်ရ ကုမ္ပဏီ အနေဖြင့် လိုင်စင်ထုတ်ပေးသည့် ရက်မှ သက်တမ်း(၁)နှစ်အတွင်း ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နိုင်ခြင်း မရှိခဲ့ လျှင် လိုင်စင်များရုတ်သိမ်းခြင်းခံရမည်။   ။



      “ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့်ယာယီအကျိုးဆောင်လိုင်စင်ရ ကုမ္ပဏီ”  
                                    “လိုက်နာရမည့်အချက်များ”
(၁) မြ၀တီမြို့ကော့သောင်းမြို့နှင့်တာချီလိတ်မြို့တို့တွင် ရုံးခန်းဖွင့်လှစ်ထားရမည်။

(၂) ထိုင်းနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ထားရှိရမည်။(သို့မဟုတ်) ကိုယ်စားလှယ်ထား ရှိဆောင်ရွက်ရမည်။

(၃) လိုင်စင်သက်တမ်းကာလ တစ်နှစ်အတွင်း အလုပ်သမား(၅၀၀)ဦး ပို့ဆောင်နိုင် ရမည်။

(၄) အလုပ်သမားများ၏ မိသားစု လွှဲပို့ငွေများအား တရားဝင် လွှဲပို့နိုင်ရေး  ဆောင်
ရွက်ပေးနိုင်ရမည်။

(၅) အလုပ်သမားလိုအပ်သော စက်ရုံ၊ အလုပ်ရုံများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင် ရွက်နိုင်ရမည်။     အလုပ်ကမ်းလှမ်းလွှာ Demand Letter မှန်ကန်မှုရှိရမည်။

(၆) မြန်မာနှင့် ထိုင်းနိုင်ငံ နှစ်ဘက်စလုံးအတွက် အလုပ်သမားစေလွှတ်မှု လုပ်ငန်း
ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် ဘတ်(၁၀၀၀၀)(ဘတ်သစ်သောင်း) ထက်ပိုပို မယူရ။

(၇) ပြည်တွင်းခရီးစရိတ်၊ စားစရိတ်နှင့် နေထိုင်စရိတ်တို့အတွက် ကျပ်တစ်သိန်း ထက်ပို၍ အလုပ်သမားထံမှ မကောက်ခံရ။ ကော့သောင်းမြို့နှင့် တာချီလိတ်မြို့တို့မှ တဆင့် သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများအတွက် လေကြောင်း /ရေကြောင်း ခရီးစရိတ်အား သတ်မှတ်ထားးသည့် ကုန်ကျစရိတ်အတိုင်း ကောက်ခံ ရမည်။

(၈) အလုပ်သမားများ၏ နေထိုင်မှုအား အခမဲ့ စီစဉ်ပေးရမည်။

(၉) ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြစ်ပွားပါက အချိန်နှင့် တပြေး ညီ တာဝန်ယူဖြေရှင်းပေးနိုင်ရမည်။

(၁၀) အလုပ်သမားများအား ထိုင်းနိုင်ငံဥပဒေပါ အကျိုးခံစားခွင့်နှင့် ရပိုင်ခွင့်များ ရရှိအောင် ဆောင်ရွက်ပေးနိုင်ရမည်။

(၁၁) ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်မည့် အေဂျင်စီသည် အာမခံကြေးငွေ ကျပ်သိန်း(၅၀) ပေးသွင်းထားရမည်။

(၁၂) Employment Contract သတ်မှတ်ထားသည့် အလုပ်နေရာ၊ လုပ်ခလစာနှင့် ရပိုင်ခွင့်များအတိုင်း အလုပ်သမားများ အမှန်တကယ်ရရှိအောင် ဆောင်ရွက်ပေးရမည်။

(၁၃) ယာယီအကျိုးဆောင် လိုင်စင်ရ ကုမ္ပဏီအနေဖြင့် ပွဲစားများနှင့် ဆက်သွယ်၍  အလုပ်သမားစုဆောင်းခြင်း၊ စေလွှတ်ခြင်းများကို ဆောင်ရွက်ခွင့်မပြုပါ။

အထက်ဖေါ်ပြပါ အချက်များအား သဘောတူညီ၍ လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ၎င်းအချက်များအားလိုက်နာရန် ပျက်ကွက်ခဲ့ပါက အရေးယူခြင်းံရမည်ကို သိရှိပါကြောင်း ၀န်ခံကတိပြုလက်မှတ်ရေးထိုးပါသည်။   ။