မင်းဘခက် ဒီဇင်ဘာ ၂၅
ထိုင်းအစိုးရ လူကုန်းကူးတိုက် ဖျက်ရေး ဗဟိုအဖွဲ့  ANTI-HUMAN TRAFFCKING DIVISTION တစ်နိုင်ငံ လုံးဝန်ထမ်းများ နှစ်ပတ် လည် တွေ့ဆုံ ဂုဏ်ပြုပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့  MAT အား အကောင်းဆုံး ဆက်သွယ်ဆောင် ရွက်မှု ဂုဏ်ပြုလွှာအား ပေးအပ်ချီမြှင့်ခဲ့သည်။

“ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ တကယ်လဲဂုဏ်ပြုသင့်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်းကမှ ထိထိရောက်ရောက် ထောက်ပံ့မှုမရှိဘဲ လုပ်ဆောင်နိုင်တာ ပာာ တကယ်မွန်မြတ် ပါတယ်။ ညဘက်တွေမှာ ကျနော်တို့နဲ့ အတူတူလိုက်ပြီး စီးနင်းသလို ပင်လယ်ပြင်မှာ လူကုန်ကူးသူတွေကို လိုက်လံရှာဖွေရာမှာလည်း ဒီအဖွဲ့လိုက်တာပါပဲ။ဒါ့ကြောင့်မို့AHTDကဂုဏ်ပြုလွှာကိုပေးအပ်ခြင်းဖြစ်ပါတယ်”
ပာုပြောဆိုသည်။

MAT အဖွဲ့၏ ဆက်သွယ်ရေး အရာရှိ ကိုစိုင်းအေး က“ ထိုင်းတစ်နိုင်ငံလုံး AHTD ၀န်ထမ်းတွေနဲ့ ကျနော်တို့ကိုမိတ်ဆက်ပေးပါ တယ်။ ဟိုတယ်တစ်ခုမှာ ကျကျနန ညစာစားပွဲ နဲ့ ဂုဏ်ပြု တာဖြစ်ပါတယ်။ ၂၀၀၇ ကတည်းက ကျနော်တို့ နဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ကိုင်လာခဲ့ကြတာပါ။ ကျနော်တို့ဟာ မိမိလုပ်အားခတွေနဲ့ အကုန်အကျ

ပြီးခဲ့သည့်ဒီဇင်ဘာ၁၇ရက်နေ့ က မြန်မာ သံမှူး ဦးအောင်ကျော်လင်းက လူကုန်ကူးခံခဲ့ကြရ သည့် မြန်မာအလုပ်သမားအမြောက်အများကို MAT နှင့် ပူးပေါင်း ကယ်တင်ပေးခဲ့သည့် AHTD အား ဂုဏ်ပြုကျေးဇူးတင်လွှာပေးအပ်ခဲ့ကြောင်းသိရှိရသည်။