21 December 2012

“မြန်မာသံရုံးက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD သို့ ဂုဏ်ပြုလွှာပေးအပ်”




၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးခံခဲ့ရသည့်  မြန်မာအလုပ်သမားအား ပူးပေါင်းကူညီ ကယ်တင် ခဲ့သောထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ANTI-HUMAN TRAFFCKING  DIVISTION သို့ ဘန်ကောက် မြန်မာသံမှူး ဦးအောင်ကျော်လင်း က ဒီဇင် ဘာ ၁၇ ရက်နေ့က ဂုဏ်ပြုလွှာပေးအပ် ခဲ့ကြောင်း သိရှိရသည်။
       AHTD မှ အရာရှိက “ ခုလို ကဂုဏ်ပြုလွှာပေး အပ်တာကို အလွန်ပဲ ၀မ်းမြောက် ပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့လည်းဂုဏ်တက် တာပေါ့၊ နောက်နောင် လည်းဆက် လက် ကူညီသွားမှာပါ။MATအဖွဲ့ရဲ့ပူးပေါင်း  ဆောင်ရွက်မှုကို လည်း ကျနော်တို့ အသိ အမှတ်ပြု ထားပြီးဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ ဂုဏ်ပြုလွှာ ပေးအပ်နိုင်ရေးအတွက် တာဝန်ပြီးဆုံး၍ ပြန်သွားခဲ့ပြီဖြစ်သော   မြန်မာသံမှူး ဦးနိုင်ထွန်းက စီစဉ်ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သည်။
          ပူးပေါင်းကူညီဆောင်ရွက်သည့် အဖွဲ့ တစ်ခုဖြစ်သော ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်
ရေးအဖွဲ့ AHTD ဟာ ကျနော်တို့ အဖွဲ့ နဲ့ အပွဲပွဲနွှဲခဲ့ကြ တယ်။ တပွဲမှ မလွဲခဲ့ ဘူး။ AHTDကလည်းကျနော်တို့MAT အ ဖွဲ့ ကို  သြဂုတ်လ၂၁ ရက်နေ့က ဂုဏ်ပြု လွှာပေးခဲ့ပါတယ်။ကျနော်တို့ကို ထိုင်းတောင်ပိုင်း အခြေစိုက် FED ကလည်း ကျနော်တို့ရဲ့အင်အားပါ ပဲ။ အလားတူ မြန်မာသံရုံးရဲ့အားကလည်း ကျနော် တို့ အတွက် ခွန်းအားကြီး တစ်ခု ဖြစ်ပါတယ်။  

ဒါကြောင့် ဒီတစ်နှစ်ထဲမှာ လူကုန်ကူးခံရသူပေါင်း ၂၉၀ ဦးနှင့် လူကုန်ကူးမှုဂိုဏ်း သားပေါင်း၈ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟုပြောသည်။
        မြန်မာနိုင်ငံမှ နေ့တဓူဝ  ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်အလုပ်လုပ်ကိုင်ရန် ကြိုးစားနေကြသည့် မြန်မာအလုပ်သမား များမှာပွဲ စားများပို့ဆောင်မှ  ရောက်ရှိနိုင် သဖြင့်လူကုန်းကူးခံခြင်း ပိုများနေ   ခြင်း
  ခြင်းဖြစ်ကြောင်း အလုပ် သမား အရေးဆောင်ရွက်သူများ ကပြော သည်။ 

 နှစ်နိုင်ငံ ငံအစိုးရ တရားဝင်အလုပ် သမား တင်သွင်းရေး MOU ကိစ္စမှာလည်း အချိန် ကြန့်ကြာမှုများကြောင့် ထင်သလောက် ခရီးမပေါက်   ဖြစ်နေကြောင်း MOU ကုမ္ပဏီများက ပြောသည်။