24 December 2012

"စာရွက်စာတမ်းမရှိသည့် အလုပ်သမား အထူးသတိပြုရန်"

လွန်ခဲ့သည့်  ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ပြီးဆုံးသွားသည့် နိုင်ငံသား စိစစ်ရေးလုပ် ငန်းစဉ်တွင် မပြုလုပ်နိုင်သေးသော၊ ပြုလုပ်ရန် မမှီသော ရွေ့ပြောင်း အလုပ်သမား များအတွက် (မည်သည်စာရွက်စာတမ်းမှမရှိသူများအတွက်မဟုတ်သေးပါ)ဆက်လက် လုပ်ဆောင်ရန် သတင်းများထွက်ရှိလာသော်လည်း အလုပ်သမားဝန်ကြီး ဌာနမှ   ကြော်ညာချက်များမထွက်လာသေးပါ။ သို့ဖြစ်ပါ၍ မိမိတို့နယ်မြေရှိ အလုပ်သမားများ အား တိကျသောကြော်ညာချက်ထွက်လာသည်အထိ စောင့်ဆိုင်းရန်အကြောင်းကြား အပ် ပါသည်။


 ပြုလုပ်မည့်ဤလုပ်ငန်းစဉ်မှာလည်း ယခင်နိုင်ငံသားစိစစ်ရေးပြုလုပ်ရန် ကျန်ရှိနေသူ များအတွက်သာဖြစ်ပါသည်။ လူသစ်များ၊ မည်သည့်စာရွက်စာတမ်းအထောက် အ ထားမရှိသူများအတွက်မဟုတ်သေးကြောင်း သတိထားရန် အသိပေးအပ်ပါသည် ခင်ဗျား။

 ပိုမိုသိလိုရာများရှိပါက ၀၈၁-၈၈၉-၅၃၄၅ သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျား။