21 January 2016

“ဖေးဘွတ်တွင်ချစ်ကြိုက်မိ၍ထိုင်းကိုလိုက်လာခဲ့သည့်မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးအားကယ်တင်”




၂၀၁၆ ခု ဇန်န၀ါရီလ ၂၀
ခွန်လွမ်းတီး

           ဖေးဘွတ်တွင်ချစ်ကြိုက်မိ၍ ထိုင်းနိုင်ငံသို့လိုက်ပါလာခဲ့ပြီမှ သားအယားအဖြစ်ပေါင်းသင်းနေထိုင်ရ
ပြီး အခန်းပိတ်၊ နှိပ်စက်ညှင်းပန်းခံနေရသည့် မြန်မာနိုင်ငံမှ မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးကို MAT အဖွဲ့ က ကယ်ထုတ်ပြီး နေရပ်ရင်းသို့ ယမန်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့သည်။

           မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်……..ရွာမှ.. မ……..သည် လွန်ခဲ့သည့် ၈လခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ချာချင်ဆောင်အရပ်တွင် ကြက်ကြော်ရောင်းချသည့် မွတ်ဆလင်လူ ငယ်တစ်ဦးနှင့် ဖေးဘွတ်မှ ချစ်ကြိုက်မိခဲ့သည်ဟုဆိုသည်။ 

မ……. က “သမီးကို အစတုန်းကတော့ တမျိုးဆက်ဆံတယ် ၊နောက်ပိုင်းမှာ မူမမှန်တော့ဘူး။ အခန်းပိတ် ထားတယ်။ ရိုက်နှက်တယ်။ သမီးကို မောင်းထုတ်တယ်။ သမီးအမေကို ဆေးကုချင်လို့ အရဲစွန့်ပြီးလာခဲ့ တာ။ ဒီရောက်မှ သမီးအလိမ်ခံရပြီဆိုတာသိရတယ်။ MAT အဖွဲ့က ကူညီပေးခဲ့တဲ့အတွက် သမီး မိဘတွေ ဆီ ပြန်သွားပါပြီ။ သမီးတစ်သက် MAT အဖွဲ့က ဦးလေးတို့ကို မမေ့ပါဘူး”ဟုပြောသည်။


        သူမသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူမတွင်   မြန်မာ အမျိုးသားမှတ်ပုံတင်ပါရှိပါသည်။ လမ်းခရီးတွင် ချောမွေ့စွာသွားလာနိုင်ရေးအတွက် MAT အဖွဲ့ရုံး တာဝန်ခံ  ကိုစိုင်းအေး က ထိုင်းအစိုးရ DSI ကို အကူညီတောင်းခဲ့သည်။ မြန်မာသံရုံးကိုသတင်းပေးပို့ပြီး ယမန်နေ့က  ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

      MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ချာချင်ဆောင်မြို့နယ်ရဲတပ်ဖွဲ့ကိုအကူညီတောင်းခံပြီး ကူညီပေးခဲ့တာပါ။ ကျနော်တို့ သေချာစိစစ်ပြီးလုပ်ခဲ့ရတယ်။ အတော်စဉ်းစားပြီးလုပ်ခဲ့ရပါတယ်။ တရား မ၀င်တဲ့ အလုပ်သမားတစ်ယောက်ကို ချက်ခြင်းကူညီပြီး ချက်ခြင်းပြန်ပို့လို့ရအောင် လုပ်ဆောင်ခဲ့ရတာ   နိုင်ငံခြားတိုင်း ပြည်တစ်ခုမှာ အခက်အခဲအများကြီးရှိပါတယ်။  ရန်ကုန်က မွတ်ဆလင်မိတ်ဆွေတစ်ဦးက စရိတ်စက ကူညီပေးပါတယ်” ဟုပြောသည်။


         
























      MAT အဖွဲ့သည် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်ဖြစ်ပြီး အလုပ်သမား အခွင့်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်တို့ကို ဆယ်နှစ်ကျော်ကြာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ 

        လူကုန်ကူးခံရ၍ဖြစ်စေ၊ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရ၍ဖြစ်စေ၊ MOU ဖြင့်ရောက်ရှိလာခဲ့
သော အလုပ်သမားများ စာချုပ်ပါစည်းကမ်းချက်များဖြင့် မကိုက်ညီခြင်း၊ အလုပ်အကိုင်မရှိပဲဖြစ်နေခြင်း
များ ကြုံနေရလျှင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။ MAT အဖွဲ့
ကူညီဆောင်ရွက်နိုင်သည်များကို ကူညီပေးမည်ဖြစ်ပါသည်။

ဦးအောင်မျိုးသန့်   ၀၈၇ ၆၅၂ ၅၆၉၆...            ဦးကျော်သောင်း   ၀၈၄ ၆၇၀ ၅၇၂၇......
ကိုစိုင်းအေး....၀၈၀ ၅၈၈ ၅၅၄၈ ........         ကိုဘခက် . . .၀၈၇ ၃၁၂ ၁၁၇၉...
ကိုစောခွန်နောင်ဦး    ၀၈၃ ၅၅၂ ၄၈၉၂ .....  .ကိုသန့်စင်ထက်. . . .၀၈၆ ၉၀၅၂၄၄၆... ကိုအောင်ဆန်းဦး ၀၉၀ ၆၆၇၇ ၉၁၃....
ကိုစောမောင် . . .၀၈၃ ၇၃၅ ၂၀၈၇  ......