25 January 2016

“အလုပ်သမားလင်မယားသတ်မှုဖေဖေါ်ဝါရီ ၂၄ ရက်နေ့အမိန့်ချမည်”

                                                                                                
၂၀၁၆  ခု ဇန်န၀ါရီလ ၂၄    
သတင်း-ဘခက်


     အရက်သေစာသောက်စားမူးယစ်ပြီး သတ်မိကြောင်း ၀န်ခံထွက်ဆိုသည့်လူသတ်သမားအား လာမည့်ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ထိုင်းတရားရုံးတစ်ခုကပြောသည်။

          ၂၀၁၆ ခုနှစ်  ဇန်န၀ါရီလ ၂၂ ရက်နေ့က ဘန်ကောက်မြို့ ဘန်ဘော်ရပ်ကွက် ဘန်ခိုထရမ် (ဆန်ဖွယ့်ထွန်ပိုလီ-ဆန်အာရားထွန်ပိုလီ-ဆန်ချွည်ထွန်ပိုလီ) တရားရုံးတော်တွင် စစ်ဆေးခဲ့သည်။

 ကြားနာရာ သို့ MAT အဖွဲ့ နှင့်အတူ လိုက်ပါသွားခဲ့သည့်  ရခိုင်အလုပ်သမား မောင်ကိုထွန်း က“ကျုးလွန်သတ်သွားသူ တရာခံ ၀တုတ်(ခ)စိန်ကျော်သန်း က သူသတ်ခဲ့တယ်လို့ ၀န်ခံတယ်။  လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ချမယ်လို့သိရ ပါတယ်။ နောက်လူသတ်တရားခံတစ်ဦးကတော့ ခုထိ ထွက်
 ပြေးလွတ်မြောက်နေဆဲပဲဖြစ်ပါတယ်။ တရွာတည်းသားချင်းတွေဖြစ်ကြတာပါ။ ကိုယ့်ဆီမှာလည်း သေဆုံးသူရဲ့မိဘတွေက လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ လူသတ်သမားကတော့ ကျနော်တို့ကို ပြန်လွတ်လာရင် တွေ့ကြသေးတာ
 ပေါ့ဆိုပြီးတော့ ခြိမ်းခြောက်သွားပါသေးတယ်” ဟု ပြောသည်။

      ဘန်ကောက်မြို့ ဘန်ဘော်ရပ် အယ်ကချိုင်း ၇၆ လမ်းအတွင်းရှိ ၆/၁ လမ်းထိပ် တိုက်အမှတ် (၄၀/၇၃၈) ၅ထပ်တိုက်အခန်းနံပါတ်၂၀၅တွင် နေထိုင်သည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံ၂ဦး ကို 31.3.2014. ရက်နေ့ နံနက် ၂နာရီခန့်တွင် ရခိုင်အလုပ်သမား၂ဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။


          လူသတ်မှုကို ကျူးလွန်ခဲ့သူ၂ဦးအနက် တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သိုင်းချောင်းအုပ်စု ပြားဂျွိန်ချောင်းဖြားကျေးရွာနေ(အဖ ဦးသာလှိုင်+ဒေါ်မဦးချေ သား ၀တုတ်(ခ)စိန်ကျော်သန်း ကို (31.5.2015   တနင်္ဂနွေနေ့နံနက်ပိုင်တွင်ထိုင်းနိုင်ငံမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့နှင့် ထိုင်းနိုင်ငံရခိုင်အမျိုးသားပါတီ(အမြုတေ) တာဝန်ရှိ သူများနှင့်ဘန်ဘွန် (ထိုင်းဒုစရိုက် နှိမ်နှင်းရေးအထူးရဲ တပ်ဖွဲ့)နှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမဟာချိုင်နယ်ရှိ ဝပ်ကေသုံဘုန်းကြီးကျောင်းတွင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

       သေဆုံးသွားခဲ့သည့်ဇနီးမောင်နှံ၂ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သိုင်းချောင်းအုပ်စု ပြားဂျွိန်ချောင်းဖြားကျေးရွာနေ အဖ ဦးဖိုးတုတ်(ခ)ဦးမောင်ထွီးစံ+ဒေါ်လှစောတို့၏သား မောင်စိုးသန်း အသက် ၂၈နှစ် ။ ဇနီးဖြစ်သူ မမိဖြူ အသက် ၂၆နှစ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့  အမှတ်(၄)ရပ်ကွက်မြို့ ဦးကျောင်းအနီးမှ အဖ ဦးကျော်ထွန်း+ဒေါ်မချေတို့၏သမီးဖြစ်သည်။