09 January 2016

လူကုန်ကူးမှုအရှိန်မြှင့်တိုက်ဖျက်ရေးအစည်းဝေး MATတတ်ရောက်ဆွေးနွေး

 
9.1.2015
ဘန်ကောက်
သတင်း-စောမောင်


ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နယ်၊ ထုန့်ဆောင်ပောာင့် နယ်မြေရှိ Rajpruek Clubတွင် ဇန်နဝါရီလ ၈ရက် နံနက် ၉နာရီက လူကုန်ကူးမှုများကို အရှိန်မြှင့် တိုက်ဖျက်ရေး အတွက် ထိုင်းနိုင်ငံရှိ အလုပ်သမား ဝန်ကြီးဌာန အပါအဝင်အဖွဲ့အစည်များနှင့် အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ (MAT)မှ တာဝန်ရှိသူတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အထူးစုံစမ်းရေး အဖွဲ့ DSI( Department of Special Investigation) ၊ ထိုင်းနိုင်ငံ ရောက်မြန်မာ
နိုင်ငံသားများအဖွဲ့(MAT) နှင့် ဌာနဆိုင်ရာအဖွဲ့စည်းများမှ တာဝန် ရှိသူများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းဝေပွဲတွင် MOU စနစ်သည် တရားမဝင် လူကုန်ကူးမှု ပပျောက်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့သော်လည်း၊ ထိုင်းနိုင်ငံကို MOUစနစ်ဖြင့် မြန်မာအလုပ်သမားများကို ခေါ်ဆောင်လာသော ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများကို အထူး သတိထားရန် လိုအပ်ကြောင်း၊ MOUစနစ်ဖြင့် ရောက်ရှိလာကြသော မြန်မာ အလုပ်သမားများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို MATမှ တာဝန်ရှိသူ တစ်ဦးက အထောက်အထားများနှင့်တကွ တင်ပြဆွေးနွေးခဲ့သည်။

အစည်း အဝေးသို့တတ်ရောက်လာကြသည့် အဖွဲ့စည်းများမှ တာဝန်ရှိ သူများကလည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော MOUမြန်မာ အလုပ်သမားများကို ၁၅ရက်အတွင်း အလုပ်မခန့်အပ်ပေးနိုင်ပါက တာဝန်ယူ ခေါ်ဆောင်လာသော ကုမ္မဏီကို တရားဥပဒေအရ အရေး ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ကြသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသော အလုပ်သမားများမှာ ၂လကျော်ကြာသည်အထိ အလုပ်မရသဖြင့် နေထိုင်စားသောက် ရန်အတွက် မြန်မာနိုင်ငံရှိ မိသားစုထံ ငွေပြန်တောင်းခံရခြင်း၊ စာချုပ်ချုပ်လာသော အလုပ် နှင့် လက်တွေ့လုပ်ရသောအလုပ်များ ကွဲလွဲခြင်း၊ အေဂျင်စီ ပွဲစားများက အလုပ်သမားများထံမှ ငွေရလိုမှု တစ်ခုတည်းသာ လုပ်ဆောင်နေပြီး အလုပ်သမားများ ကြုံတွေ့ရသော
ပြဿနာများကို ဖြေရှင်းမပေးသည့် အပြင် ခြိမ်းခြောက်နေမှုများကို ဗွီဒီယိုမှတ်တမ်းများဖြင့် တင်ပြခဲ့ကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရှိရသည်။

ထိုင်းနိုင်ငံ၏ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများတွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားနေသောကြောင့် ပင်လယ်ပြင် ရေလုပ်သား လူကုန်ကူးခံရမှုများကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ပြီး အခြားသော လူကုန်ကူးမှုများကိုလည်း တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ….ကပြောကြားသည်။