09 January 2016

“အလုပ်ရုံ၌ ပိတ်လှောင်ခြင်းခံရသည့် အလုပ်သမားများ MATမှ ကယ်ထုတ်”

 
သတင်း-ခွန်လွမ်းခက်တီးမောင်
မဟာချိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ကီလိုမီတာ ၃၀ ဝေးသော မပာာချိုင်မြို့နယ် ၊
ထချလောင်ရပ်ကွက်၌ ပုဇွန်အလုပ်ရုံ၌ ပိတ်လှောင်ထားခြင်းခံရသည်
မြန်မာအလုပ်သမား၁၀ဦး(ကျား၇ယောက်၊မ၃ဦး)တို့ကို ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် မဟာချိုင်မြို့ လူကုန်တားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ (၉.၁.၂၀၁၆) နံနက် ၉နာရီအချိန်ခန့်၌ ၀င်ရောက် ကယ်ဆယ်ခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT) ဘန်ကောက်ရုံတာဝန်ခံ ကိုစိုင်းအေး မှပြောသည်။

“သူတို့လုပ်နေတဲ့ ပုဇွန်အခွံခွာတဲ့အလုပ်ရုံက ပိတ်လိုက်တာကြာနေပြီး၊
အလုပ်ရှင်က အလုပ်သမားတွေကို ပေးရမယ့်ငွေကြေးတွေကို မပေးချင်
လို့ အလုပ်ရုံထဲမှာပဲ ပိတ်လှောင်ခံထားရတာ ၁၅ရက်ခန့်ရှိနေပြီး၊ သူတို့
ရဲ့ ဆပ်ကန်ထရိုက်ကလည်း ဒီအလုပ်သမားတွေကို တခြားစက်ရုံတစ်ခု
ကို ထပ်မံပို့မို့ဆောင်ရန်စီစဉ်နေတုန် အလုပ်သမားတွေက ဖုန်းဆက်
အကူညီတောင်းခဲ့ရကြတာ” ဖြစ်ကြောင်း ကိုစိုင်းအေးမှ ဆက်လက်ပြော
ကြားသည်။


အဆိုပါပုဇွန်ရုံသို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)နှင့်
မဟာချိုင်မြို့မှ လူကုန်တားရဲတပ်ဖွဲ့မှဝင်ရောက်ကယ်ဆယ်ကြရာ....
အလုပ်ရှင်၏ကိုယ်စာလှယ်ဖြစ်သူမှ.အလုပ်သမားများထံမှ ဘတ်ငွေ ၂၀၀၀၀
ရရှိမည်ဖြစ်သောကြောင့် ယခုလိုပြုလုပ်ခြင်းဖြစ်ကြောင်း စောဒကတတ်
ဖြေရှင်းသော်လည်း တာဝန်ရှိသူများမှ ဌာနဆိုင်ရာ၌ ဖြေရှင်းရန်ခေါ်ဆောင်
ကြရာ မလိုက်ပါပဲ စက်ရုံ၌ပဲဖြေရှင်းကြရာ နောက်ဆုံးအလုပ်သမားများ
လွတ်လပ်စွာအိမ်ပြန်ခွင့်ရရှိခဲ့ပါသည်။
အလုပ်ရုံ၌ ၁၅ရက်မျှ ပိတ်လှောင်ထားခြင်းခံရသည့် ကိုစိုးသူက
“ကျနော်တို့မှာ အခက်ခဲဒုက္ခများစွာကြုံတွေ့နေရလို့ ထိုင်းမှာဆက်လက်
အလုပ်မလုပ်ခြင်းတော့ဘူး ပြန်ခြင်းတယ်ဆိုလည်း အလုပ်ရှင်က
ပေးမပြန် ၊နေ့စဉ် ခြိမ်းခြောက်နေတာ ခံနေရတယ် ဒီမှာနေရတဲ့ ရက်တွေက ငရဲကျသလိုပါပဲ ..ကျနော်တို့ အကူညီလိုက်တောင်းနေတာ
ဘယ်သူမှမကူညီကြဘူး...နောက်ဆုံးဖေ့ဘုတ်ကနေ . MATအဖွဲ့ဖုန်းနံပါတ်
တွေ့တာနဲ့ အကူညီတောင်းခံခဲ့ရာမှ.. ကျနော်တို့ ငရဲတွင်းကနေ
လွတ်မြောက်လာခဲ့ရပါပြီး... MATအဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်း”
ပြောသည်။

၁၅ရက်မျှအခန်းပိတ်လှောင်ထားခြင်းခံရသည့် အလုပ်သမားများအား
ယနေ့ည၌ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)မှ မြ၀တီ
မြို့သို့ ပို့ဆောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။