16 January 2016

“လုပ်အားခ ဘတ်ငွေတစ်သိန်းကျော် MAT တောင်းခံပေးလို့ရပါပြီ”




၂၀၁၆ခု ဇန်န၀ါရီ  ၁၆
ခွန်လွမ်းခက် 

           မြန်မာကန်ထရိုက်က မြန်မာဆောက်လုပ်ရေးအလုပ်သမားများအား လုပ်အားခရှင်းမပေးပဲ ခြိမ်းခြောက်ထားခဲ့သည့် လုပ်အားခ ဘတ်ငွေ တစ်သိန်းကျော်အား မြန်မာသံရုံးအလုပ်သမား ကူညီစောင့်   ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ယနေ့ အပြီးသတ်တောင်းခံပေးနိုင်ခဲ့ပါသည်။

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင် ဘိုဝင့်မြို့နယ် တွင်ရှိ သော ပန်းရံဆိုဒ်တစ်ခုတွင် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမားများလုပ်အားခအား ပုတ်ပြတ် ယူသည့်  ထိုင်းအခေါ် ဖိုးလမောင်း(မြန်မာအခေါ် ပုတ်ပြတ်ကန်ထရိုက်) လုပ်ငန်ရှင် ကိုစိုး(ခ) ဆုန်ချိုင်း သည် မြန်မာအလုပ်သမား၈ဦးတို့၏ လုပ်အားခ ဘတ်ငွေ ၁၈၀,၉၆၀ အား ရှင်းမပေးသည့် အပြင် ခြိမ်းခြောက်ပြောဆို လာသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT က ၂၀၁၅ နိုဝင်ဘာ ၂၈ နေ့သွားရောက်ကူညီဖြေ ရှင်းပေးခဲ့သည်။

 ထိုစဉ်က ဘတ်ငွေ ငါးသောင်းကို ကိုစိုးက ရဲစခန်းတွင် ရှင်းပေးခဲ့ပြီး ကျန်ငွေ ၁၃၀,၉၆၀ ကို ၂၀၁၆ ခု ဇန်န၀ါရီလ ၁၆ ရက်နေ့တတွင်ရှင်းပေးမည်ဖြစ်ကြောင်း ရဲစခန်းတွင် ကတိပြုလက်မှတ်ရေးထိုးထား ခဲ့သည်။

MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က“ မြန်မာအချင်းချင်း ကျနော်တို့သွားညှိတယ်မရဘူ။အဲဒါကြောင့် နယ်မြေရဲကိုအကူညီတောင်းရပါတယ်။ ထိုင်းစကားတတ်လို့ ထိုင်းလုပ်ငန်းရှင်နဲ့သိကျွမ်းတယ်။ ဗမာ အလုပ်သမားတွေကိုခိုင်းပြီး လုပ်အားမခမပေးဘူး။ ခြိမ်းခြောက်တယ်။ ဒါမျိုးက ထိုင်းနိုင်ငံမှာ အယင် တုန်းက လုပ်စားနေကျလေ။ ခု ကျနော်တို့က ထိုင်းနိုင်ငံနေရာအနှံ့မှာ တတ်နိုင်သမျှ အကူညီပေးနေ တယ်။ လိုအပ်တဲ့အခါ မြန်မာသံရုံးရော ထိုင်းအစိုးရကိုရောအကူညီတောင်းတယ်” ဟုပြောသည်။

    မွန်မြန်မာအလုပ်သမား၈ဦးမှာ ဦးအောင်ကျော်မြင့် အသက် ၄၅၊ ဒေါ်လှခိုင် အသက် ၄၆၊ အချိုင် အသက် ၁၈၊ စာကလေး အသက် ၁၈၊ နေလင်းဦး အသက် ၂၀၊ ဖြိုး အသက် ၁၈၊ မစုစု အသက် ၂၀၊ ကျော်ကျော် အသက် ၂၅ တို့ဖြစ်ကြပါသည်။