24 January 2016

“အလုပ်မရှိပဲဖြစ်နေသည့်MOU အလုပ်သမားများအားထိုင်းရဲဖမ်းဆီး”

  
၂၀၁၆ ခု ဇန်န၀ါရီလ ၂၄
မောင်မောင်မြတ်ညို(အလွတ်သတင်းထောက်)

      MoNo Horizon  မိုနိုဟောရီဇင်အေဂျင်စီမှ တင်ပို့ထားသည့်MOUအလုပ်သမား ၅ ဦးအား အား နယ်မြေရဲ များကဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရဲစခန်းတွင် ၆နာရီကျော်ကြာ နေထိုင်ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

               အလုပ်သမားများသည် MoNo Horizon ကုမ္ပဏီကို ကျပ်ငွေ ကျပ်ငွေလေးသိန်းခွဲတိတိစီ ပေးခဲ့ရ သည်။ ၇၊ ၁၀၊ ၂၀၁၅ နေ့က ပထုန်ဌာနီကိုရောက်ပါသည်။ လူ၅၀ (ကျား၄၅+မ၅ဦး) လာခဲ့သည်။ စာချုပ်တွင် ဆောက်လုပ်ရေးဟုချုပ်ဆိုခဲ့သည်။ အခြားသူများမှာ လယောင် နှင့် အခြားနေရာများသို့ပြောင်း သွားခဲ့ရသည်။ လက်ရှိ ၆ဦးသည် နကဆန၀န်တွင်ရောက်ရှိနေသည်။ ၆ဦးအနက် တစ်ဦးမှာ ဈေးဝယ်သွားသဖြင့် ပုလိပ်ဖမ်းဆီးခြင်းကိုမခံခဲ့ရပေ။

            အလုပ်သမားများသည် ၁၁လပိုင်း လုပ်အားခ ပထုန်ဌာနီဆောက်လုပ်ရေးတွင် မရခဲ့ပါ။ အမျိုးသမီး အလုပ်သမကိုတစ်နေ့လျှင်ဘတ်၂၅၀သာပေးပြီး အမျိုးသားအလုပ်သမားကိုဘတ်၂၈၀ သာပေးပါသည်။ ။ ပန်းရံအလုပ်ကုန်သွားသဖြင့် နကဆ၀န် တွင်ရှိသော မုန့်စက်ရုံတွင် ၁၂လပိုင်း လုပ်အားခကိုလည်း မရခဲ့ဟုဆိုပါသည်။


    အချိန်ပိုကြေးအဖြစ် တစ်ဦးကို ဘတ် ၃,၀၀၀ ကျော်စီထုတ်ပေးခဲ့ပါသည်။ ထိုငွေများဖြင့် အလုပ်သမားများ မျှတစားသောက်နေရသည်ဟုဆိုပါသည်။

         အလုပ်သမားတစ်ဦးက “ ဇန်န၀ါရီလထဲမှာ ၁၀ရက်ခွဲပဲအလုပ်လုပ်ရပါသေးတယ်။ အလုပ်မလုပ်ရတာ ဆယ်ရက်ကျော်ပါပြီ။ လုပ်ထားတာလည်းမရဘူး။ ကျနော်တို့ စားရမဲ့သောက်ရမဲ့ဖြစ်နေပါတယ်။ ဒီနေ့မှာ ပုလိပ် လာဖမ်းတယ်။ အေဂျင်စီကိုဖုန်းဆက်လည်မကိုင်ပါ။ ကောစင်တာကိုဖုန်းဆက်လည်းမကိုင်ပါ” ဟုပြောသည်။ ၁၂,၀၀၀ ဖြတ်မည်ဟုပြောဆိုထားကြောင်း အလုပ်သမားများကပြောပါသည်။ ယခုအခက်အခဲကြုံနေရသော အလုပ်သမားများမှာ သက်ခိုင်ဦး၊ ဟန်ရွှေမြင့်၊ ရဲကိုကို၊ ဇင်မာလွင်၊ သူဇာဝင်း၊သီတာဝင်း ဆိုသူတို့ဖြစ်ကြပါသည်။  

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ MOU မူဝါဒတွေကိုပြန်လည်သုံးသပ်ဖို့ မြန်မာအစိုးရအလုပ်သမား ၀န်ကြီးဌာနကို ကျနော်တင်ပြတာများပြီ။ ဒီလဆန်း ၈ရက်နေ့က ရန်ကုန်မှာကျင်ပတဲ့ အလုပ်သမားရေး ကျွမ်းကျင်သူများနှီးနှောဖလှယ်ပွဲမှာလည်းပဲ ညွန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တင်ပြခဲ့ပါတယ်။ ကျနော်ဆီမှာ အကူညီတောင်းထားတာ နှင်းပန်းဝါကုမ္ပဏီက ဆေးရုံသုံးပစ္စည်းထုတ်လုပ်ရာကို ပို့ထားတဲ့အလုပ်သမားတွေ၊ မိုးမိုးဖင်မလီကပို့ထားတဲ့အလုပ်သမားတွေ၊ မေ၀င့်အေဂျင်စီက ပို့ထားတဲ့ အလုပ်သမားတွေလည်းရှိပါတယ်။ ကျနော်က စိတ်ပျက်လို့ ဘာမှမပြောချင်တော့တာ။ အလုပ်သမားပို့ ရရေးဒို့အရေးဖြစ်နေကြတယ်"ဟုပြောသည်။

 "အလုပ်သမားဝန်ကြီးကို ပိုင်တယ်လို့ ပြောရဲတဲ့ ပွဲစားအေဂျင်စီတွေရှိနေမှ
တော့MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းဟာ အလုပ်သမားတွေအတွက် တစ်စုံတစ်ရာငဲ့ကြည့်ချင်တဲ့စိတ်မရှိသေးပဲ ပွဲစားတွေနဲ့ပူးပေါင်းပြီးအကျိုးစီးပွားကိုအဓိကထားလုပ်နေဆဲပဲဖြစ်တယ်။ အစိုးရသစ်လက်ထက်မှာမှ ဘာပြောင်းလဲလုပ်ကိုင်လာမလဲလို့မျှော်လင့်တော့မယ်” ဟုဆက်လက် ပြောဆိုသည်။