23 February 2017

“မြ၀တီလူကုန်တားနဲ့ MAT အဖွဲ့တို့ အစပျောက်နေတဲ့သေဆုံးမှုအတွက်နစ်နာကြေးရအောင်ကူညီ”




၂၀၁၇ ခု ဖေဖေါ်ဝါရီလ ၂၃
ကိုတီး

       ဘန်ကောက်အခြေစိုက် MAT အဖွဲ့နှင့်မြ၀တီ လူကုန်တားတပ်ဖွဲ့စိတ်တို့ပူးပေါင်၍    ထိုင်းနိုင်ငံေ တာင်ပိုင်း ပကျွတ်ခီရီနံနယ်မြေတွင်လွန်ခဲ့သည့် ၂နှစ်ကျော်က ကားတိုက်မိ၍သေဆုံးခဲ့ သည့်မြန်မာ အလုပ်သမား တစ်ဦး အတွက် သင့်တော်သည့် နစ် နာကြေးရရှိအောင် ကူညီဆောင်ရွက်နိုင်ခဲ့သည်။

        ဧရာဝတီတိုင်း ကျုံးပျော်မြို့နယ်၊ အင်းရဲကျွန်း ဦးသိုက်တင်အေး နှင့် ဒေါ်အဲလှ တို့၏သား အသက် ၃၅ နှစ်အရွယ် စမင်းခိုင်ထွန်း ဆိုသူသည် MOU ဖြင့်လာထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။  ၂၀၁၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ သင်္ကြန်ကာလ ကားတိုက်မိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 


         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် အဆိုပါပကျွတ်နယ် 
 မြေအတွင်း ထိုင်းနှင့်မြန်မာအစိုးရတို့နှင့်အတူ လူကုန်ကူးမှုများကို ဆောင်ရွက်နေကြပါသည်။ ထိုအခါ ရွာသူကြီး တစ်ဦးက ကားတိုက်သေဆုံးမှုကို ဖွင့်ဟပြောလာခဲ့ပါသည်။ 


 MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့ သေဆုံးသူနဲ့ပတ်သက် တဲ့သတင်းအချက်အလက်တွေ ကို
 မြ၀တီ လူကုန်တား တပ်စိတ် က တပ်ကြပ်ကြီး အောင်မြင့်ထွန်းထံသို့ သတင်းပေးပို့ပြီး သေဆုံးသူမိဘတွေ ကိုအယင်ရှာတယ်။ သေမှုသေခင်း လည်းဖြစ်၊ ၂နှစ်ကျော် လည်းကြာပြီ ဆိုတော့ ခက်ခက်ခဲခဲတော့ လုပ်လိုက် ရပါတယ်” ဟုပြောသည်။ 

သေဆုံးသူ၏ မိဘ၂ပါးတို့အား ပြီးခဲ့သည့် ၂ပတ်က မြ၀တီလူကုန်တားတပ်ဖွဲ့ က ဘန်ကောက်အခြေစိုက် MAT အဖွဲ့သို့ ပို့ပေးလိုက်ပါသည်။

         နယ်မြေရဲစခန်း ၄ခုတို့အား လိုက်လံစုံစမ်းခြင်း၊ တိုက်မိသည့် ကားကုမ္ပဏီနှင့် ဌာနေရဲတပ်ဖွဲ့တို့ အပေး အယူပြုလုပ်ထားခြင်းများအပြင် ၂နှစ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် MAT အဖွဲ့သည် ထိုင်းဗဟို ရဲဌာနချုပ်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့တို့၏ အကူညီကို ရယူခဲ့ကြရပါသည်။ ၂ပတ်ကျော်ကြာသည့်အခါ အမှုတွဲဖြစ်စဉ်များ အားလုံး ဆက်စပ် ရုပ်လုံးဖေါ်နိုင်ခဲ့သဖြင့် ယမန်နေ့က နစ်နာကြေးအဖြစ် ဘတ်ငွေ တစ်သိန်းခွဲ ကို ကားကုမ္ပဏီ က ပေးလျှော်ခဲ့ပါသည်။

               သေဆုံးသူ၏ ဖခင် ဦးသိုက်တင်အေး က “မြန်မာလူကုန်တားရဲတပ်ဖွဲ့က MAT အဖွဲ့ကိုပို့ပေးလိုက် တာ။ MAT အဖွဲ့က လူကြီးတွေ ပင်ပန်းခံလို့ရတာ။ ထိုင်းရဲစခန်းတွေက မသိတော့ဘူးပဲငြင်း ဆန်နေကြ တယ်။ ဘာပြောပြော နစ်နာကြေးရရှိလာတော့ သားလေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနိုင် တာပေါ့။ ကူညီပေးကြတဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နဲ့ ထိုင်း အာဏာပိုင်တွေအပြင် MAT ကို အထူးကျေးဇူးတင်ပါ တယ်” ဟုပြောဆိုသွားသည်။