01 January 2015

သောင်းချီ အလုပ်ကိုင်ဖန်တီးပေးမည့် စက်ရုံ ၂ ခု မအူပင်တွင်တည်ဆောက်မည်



    By ဒီဗွီဘီ    25 December 2014


အလုပ်အကိုင်အခွင့်အလမ်း သောင်းနဲ့ချီ ဖန်တီးပေးနိုင်မယ့်  ICT Project နဲ့ Addids ကုမ္ပဏီတွေရဲ့ စက်ရုံတွေကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တွင် ဆောက်လုပ်ဖို့ရှိ တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ICT Project ကို ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ Electrical and Electrionic Manufactures Association ကုမ္ပဏီက မအူပင်မြို့နယ် ပံတပွတ်ကျေးရွာ အနီးမှာ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မှာဖြစ်ပြီး လုပ်သား ၂ သောင်းကနေ ၃ သောင်းအထိ အလုပ်အကိုင် အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။

Addids Company ရဲ့ အားကစားစက်ရုံကိုလည်း မအူပင်မြို့နယ်၊ မင်းဘောကျေးရွာ မှာ ဒေါ်လာ သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံတည်ဆောက် မှာဖြစ်ပြီး လုပ်သား သုံးသောင်း အလုပ်အကိုင်အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။