၂၀၁၅ ခုဇန်န၀ါရီလ
၂၆
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ၌ ရှိ သော
ရာဘာခြံတစ်ခုတွင် မြန်မာ အလုပ်သမား၃ဦးအား အမည်မသိသေ နတ်သမားများကပစ်သတ်သွားကြော င်းသိရသည်။
၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည ၈နာရီခွဲခန့်အချိန်တွင် ပစ် သတ်ခံခဲ့ကြရခြင်းဖြစ်သည်။ သေဆုံသူများမှာ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊
စက်စဲကမ်းခြေ ဓမင်းဆိပ်၊ စံပြကျေးရွာမှဖြစ်ကြသည် ။ အသက် ၁၃နှစ်အရွယ် မောင်ချစ်ဖူး
နှင့် အသက် ၃၀ အရွယ် ကိုကျော်ထူး တို့သည် ဦးဝင်းကြည် အမိ ဒေါ်ညှစ်တစ် တို့၏ သား များဖြစ်ကြသည်။ အသက် ၂၂ နှစ်အရွယ် ကိုဆန်းမင်း မှာ အဖ
ဦးဒညင်းပုန်း၊ အမိ၊ ခေါ်ခင်ချို တို့၏ သားဖြစ်ပြီး တရွာတည်းသား များဖြစ်ကြောင်းသိရသည်။
ကိုဆန်းမင်းက ခြုံဖွန်မြို့နယ် လမဲ အရပ်တွင်
ရာဘာခြစ်နေရာမှ မိုင် ၁၀၀ ခန့်ဝေးကွာသည့်အချင်းဖြစ်ပွား နေရာ သို့ အချင်းမဖြစ်မီ
၆နာရီလောက်မှာ ရောက်လာခဲ့သည်။ ၈နာရီခွဲလောက် မှာ အသတ်ခံရခြင်းဖြစ်သည်။
အလောင်းထုတ်ယူရရှိရေးအတွက်
မြန်မာသံရုံးမှ လိုအပ်သည့် စာရွက် စာတမ်းများအား ရယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
ယခုသေမှုသေခင်းအား အလောင်းထုတ်ယူရေးနှင့် သင်းဂြိုဟ်ခြင်းတို့အတွက် ကူညီဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၏ အကြံပေး မြန်မာ ရှေ့နေ ကြီး ဦးအောင်မျိုးသန့်က
“ ဒီလို အဖြစ်မျိုး ထိုင်းနိုင်ငံ အတွင်းမှာ
ရာထောင်သောင်းမကဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာတွေ အသတ်ခံသွားရတာကို အမှန်အတိုင်းပေါ် ပေါက်အောင်
မြန်မာအစိုးရရော ထိုင်းအစိုးရတို့ကပါ အမှန်တ ကယ် အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ ပူးပေါင်းပြီးထိထိ ရောက်ရောက်လုပ်မှ လျှော့နည်းသွားနိုင်မှာပါ ” ဟုပြောသည်။

