20 January 2015

မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ဦးထံမှ ဘတ်ငွေသန်းနှင့်ချီး၍လိမ်သည့် စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်အား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းစီးလိုက်ပြီး


စန်ကျောင်ပင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ နိုင်ကေတီဆပ် အား ထွန်ဘူလီတရားရုံးမှ အမှုဖြစ်စဉ်နှင့် ပက်သက်၍ ညှိနှိုင်ဖြေရှင်းရန် ခေါ်စာများပေးပို့ခဲ့ရာ စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူမှ မချေ မငံပြန် လည်ပြောဆိုခြင်းကြောင့် ECD(Economic Crime Suppresion Division)ရဲမှ ၁၆.၁.၂၀၁၅၌ ဖမ်းစီလိုက်လိုပါသည်။

စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်အဖမ်းခံရာမှု၌ အာမခံလုံးဝ(လုံးဝ)ပေးမည် မဟုတ်ကြောင်း ထိုင်းရှေ့နေများကောင်စီမှပြောရေးဆိုခွင့်ရှိသူ မှ 19.1.2015(4.20) မိနစ် တွင် အတည်ပြုပြောကြား လိုက်သည်


စန်ကျောင်ပင်အမှုကော်မတီဝင်(၁၀)ဦးအနေဖြင့်(6.2.2015)နံက်၉.၃၀အချိန်တွင်ထွန်ဘူလီတရားရုံးသို့ ရုံးချိန်းမပျက်မကွက်တက်ရောက်ကြရမည်အလုပ်သမားများအနေဖြင့်စိတ်ပါဝင်စားသူများလာရောက်
လေ့လာနိုင်သည်။

စန်ကျောင်ပင်မှ ICရှိုးပွဲ လက်မှတ်ဝယ်ယူထားပြီး မကြည့်လိုက်ရသူများ တိုင်ကြားလိုပါက မဟာချိုင်မြို့

 ဝေလ၁လမ်းရှိ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(မဟာချိုင်ရုံးခွဲ) တွင် သက်သေခံ လက်မှတ်နှင့် တကွ လာရောက်တိုင်ကြားနိုင်ပါသည်။.
.
ဆက်စပ်သတင်းများ ===>>
မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ခန့် ဘတ်ငွေသန်းနှင့်ချီး၍အလိမ် ခံရ

အလိမ်ခံရငွေများ ပြန်ရရေး မြန်မာအလုပ်သမားများ ချီတက်တောင်းဆို
.
ရှယ်ယာအလိမ်ခံရသည့်အလုပ်သမားများအားထိုင်းရှေ့ နေများကောင်စီ ကူညီမည်