15 January 2015

ဦးထွန်းထွန်းထိုက်၏ ဦးနှောက်တွင်းအကျိတ်ဖြစ်နေမှု အရေပေါ်ခွဲစိတ်


(၁၂-၁-၂၀၁၅)ရက်နေ့ည ရှစ်နာရီခန့်တွင် ကျွန်ုပ်တို့သည် လိပ်ကျွန်း(Koh Tao)အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းစီခံရသူ မောင်ဝင်းဇော်ထွန်း၏ဖခင် ဦးထွန်းထွန်းထိုက်အား ဦးနှောက်အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဒေါက်တာစန်းစန်းဦးအား ဒုတိယအကြိမ် သွားရောက်ပြသဖြစ်ခဲ့သည်။



ထို့နောက် ဒေါက်တာစန်းစန်းဦး၏ ညွှန်ကြားချက်အရနီးစပ်ရာ မြောက်ဥက္ကလာဆေးရုံကြီး၌တက်ရောက်
ကုသမှု ခံယူခဲ့သည်။

ဆက်လက်၍(၁၃-၁-၂၀၁၄)ရက်နေ့ ဦးနှောက်ဓာတ်မှန်နှင့်ဆေးစစ်ချက်များ အရ နှစ်ပေါင်းများ စွာကြာ
နေသော ဦးနှောက်တွင်းအကျိတ် (Brain Tumor) ဖြစ်နေသည်ဟုတွေ့ရှိ၍ ရန်ကုန်ပြည် သူ့ဆေးရုံကြီး ၊ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုအဆောင် အခန်းနံပါတ်(၁၀)သို့ (၁၄-၁-၂၀၁၅) ရက်နေ့၌
 ပြောင်းရွှေ့ခဲ့ကြပြီး ယခုအချိန်၌ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူ ရန် စောင့်ဆိုင်း လျက်ရှိသည်။



သည့်အတွက် လူမှုရေးအရ စာနာထောက်ထားပေးကြ သူများ၊ မေတ္တာ စေတနာဖြင့် အခမဲ့စမ်းသပ် ကုသပေးခဲ့ သော ဒေါက်တာစန်းစန်းဦး ၊ မြောက်ဥက္ကလာဆေးရုံကြီးမှ ဆရာဝန်၊ဆရာမများ၊ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနမှ ပါမောက္ခဒေါက်တာကြည်လှိုင်တို့အား ကျွန်ုပ်တို့ ရခိုင်အမျိုးသားကွန်ရက် အနေဖြင့် မိသားစုများနှင့်ထပ်တူ ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်။ ။

Credit- Arakan National Network Page