28 January 2015

"ဘယ်လို အာမ,ခံ အမျိုးအစားလဲ၊ ပွဲစားလား၊ မြန်မာအစိုးရလား စုံစမ်းမေးမြန်းပေးကြပါ"



     မြန်မာအစိုးရက MOU အလုပ်သမားတွေအတွက် အာမ,ခံ စနစ်ကို တကယ်လုပ်လိုက်ပြီလား။ မြ၀တီ ကျောက်လုံးကြီးစခန်း က လုပ်တာလား၊ ပွဲစားအုပ်စုတစ်ခုက လုပ်တာလား။
          အလုပ်သမားတွေအကျိုးအတွက် လုပ်တာလား။ ပွဲစားနဲ့ အလုပ်သမားအာဏာပိုင်နဲ့ပေါင်းပြီး ရိုက်စားဂွင်ထွင်ကြတာလား   ဖေါ်ပြပါ ဖုန်းတွေကို ဆက်သွယ်မေးမြန်းကြပါ။

         ကြော်ညာစာရွက်မှာ ကုမ္ပဏီနာမည်နဲ့ လိပ်စာမပါဘူး။ စာရွက်ပါ လိပ်စာအတိုင်းဆိုရင် ရန်ကုန်မြောက်ဒဂုံမှာရှိတဲ့ အစိုးရ ပင်လုံခန်းမဖြစ်နေတာကြောင့် အလုပ်သမားဝန်ကြီးနဲ့ အလုပ် သမားညွှန်ချုပ်ကြီးတို့ဖတ်ရအောင် ဒီလင့်ကလေးကို ပို့ပေးကြပါ။ သမ္မတရုံးကိုရောက်အောင်လည်း ပို့ပေးကြပါ။

        ဘာသဘောနဲ့ ဘယ်သူတွေ လုပ်တာလဲဆိုတာ သန်းချီရှိ   တဲ့မြန်မာအလုပ်သမားမိသားစုတွေ အားလုံးသိအောင် စုံစမ်း ကြပါ။ အစိုးရမူဝါဒမှားရင် ပြည်ပရောက်အလုပ်သမားတွေကြော   ကော့အောင်ခံကြရပါတယ်။

        ၂၀၁၃ ခုနှစ်ကထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာ အလုပ်သမားတွေဆီက  အိမ်ပြန်စရိတ်ဆိုပြီး တစ်ယောက်ကို ဘတ်ငွေ ၁,၀၀၀ စီကောက်ထားတယ်။ အဲဒါ မြန်မာအလုပ်သမားဝန်ကြီးဌာန ပြန်တောင်းသင့်ပါတယ်။
     ဘီလီယံနဲ့ချီတဲ့ငွေတွေကို ပြန်ရရင် ဘဏ်တိုးနဲ့ထိုင်းရောက် အလုပ်သမားတွေကိုကူညီစောင့်ရှောက်မှုလုပ်နိုင်ပါတယ်။

                                       MAT သတင်းထောက်အုပ်စု