29 January 2015
“ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုတိုက်ဖျက်ရေးစည်းဝေးပွဲကျင်းပ”
၂၀၁၅ ခု ဇန်န၀ါရီလ ၂၉ ရက်
မြတ်ညို (အလွတ်သတင်းထောက်)
 ၁၀ကြိမ်မြောက် ထိုင်းနှင့်မြန်မာအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေးတပ်ဖွဲ့များ နယ်စပ်ဖြတ်ကျော်လူကုန်ကူး မှုဆိုင်ရာစည်းဝေး ပွဲအား ယနေ့မန္တလေးတွင်ကျင်းပလျှက်ရှိသည်။
          မြန်မာနိုင်ငံဘက်မှ မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ်
စည်းဝေးပွဲအစီအစဉ်တွင် ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်   ရေးအဖွဲ့အချင်းချင်း ဆက်သွယ်ဆောင်ရွက် မှု၊ လူကုန်ကူးခံရသူ များအား ပြန်လည်စေလွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပူးပေါင်းဆောင်ရွက် မှုတို့အားပြန်လည်သုံးသပ်ခြင်းများပါဝင်သည်။
           ထို့အပြင် လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားသည့်အမှုများ အမြန်ဆုံး စီရင်ဆုံးဖြတ်ချက်ချနိုင်ရေး ကိစ္စ၊အမှုစီရင်ရာတွင် မျှတမှု ရှိရေးနှင့် ထိုင်းနိုင်ငံဘက်တွင် တရားမ၀င်အလုပ်ရှာဖွေပေးသည့်   အေဂျင်စီများနှင့် လူကုန်ကူးမှုကျူးလွန်သည့် အေဂျင်စီများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့ကို အကျယ်တ၀င့်ဆွေးနွေးကြ သည်။
        ထို့အပြင် ထိုင်းငါးဖမ်းလှေပေါ်တွင်ဖမ်းဆီးခံရပြီး အင်ဒိုနီး ရှားကျွန်းများပေါ်တွင် ရောက်ရှိနေ
သော မြန်မာအလုပ်သမားများအား နိုင်ငံသားများအဖြစ်နိုင်ငံသားစီစစ်ရာတွင်  ပူးပေါင်းအဖြေ ရှာရေး၊ အလျှင်အမြန် အတည်ပြုနိုင်ရေး အတွက် သံရုံးများမှ အသိအမှတ်ပြုရေးတို့ပါဝင်သည်။ 
           နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး (၁၀) ကြိမ်မြောက် အစည်းဝေးကို ယနေ့တွင်စတင်ပြီး နက်ဖြန်ဇန်န၀ါရီလ ၃၀ ရက်ေ န့တွင် အဆုံးသတ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၏  ဖေါ်ပြ ချက်များ အရသိရှိရသည်။