26 January 2015

“အခွင့်ထူးဘာကြောင့်ခံချင်တာလဲ”

                                           
            ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူရာဒတ် က တတိုင်းပြည်လုံး၁၂ရာသီ ပတ်လုံးစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေ တွေရရှိအောင်တည်ဆောက်ထားတယ်။ ထိုင်းနိုင်ငံသားတွေ  သစ်ပင်ခုတ်စရာမလို၊ ထင်းခွေ စရာမလိုအောင် တတိုင်းပြည် လုံးမီးလင်းအောင်လုပ်ခဲ့ပြီးဖြစ်တယ်။ တတိုင်းပြည်လုံး နိုင်လွန်ကတ္တရာ လမ်းခင်းထားပြီးဖြစ်တယ်။ အသား/ငါးစားချင်လို့၊ မှိုစားချင်လို့၊ တ, စရာမလို အချိန်ပြည့်စားနိုင်လောက်
အောင် စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ် ထွန်းအောင်မြင်နေပြီဖြစ်တယ်။  နိုင်ငံတကာအဆင့်မီတဲ့ ကျမ္မာရေး
စောင့်ရှောက်ရေးကို တတိုင်း ပြည်လုံးအခမဲ့ရနေပြီဖြစ်တယ်။ ထိုင်းနိုင်ငံသားအားလုံး အထက်တန်း
ကျောင်းပြီးအောင်ထိ အခမဲ့ပညာသင်ကြားခွင့် ရအောင်စီစဉ်နိုင်ခဲ့ပြီ။ တတိုင်းပြည်လုံးတိုးတက်အောင် လုပ် ခဲ့ပြီ။


            ဘိုးတော်ဘေးတော်တွေကို သိမ်းပိုက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကျည်တစ်တောင့်ပစ်စရာမလို၊ စစ်သားတစ်ယောက် မသေရပဲ၊ သန်းချီတဲ့ မြန်မာလူမျိုးတွေကို အိမ်သာဆေးခိုင်းထားနိုင်ပြီ၊ ထိုင်းတွေစားဖို့ ဆန်စပါး၊ သားငါးတွေ ထုတ်လုပ် ဖို့ခိုင်းထားပြီ။ မြန်မာရေပိုင်နက်က ငါးပုဇွန်ကို မြန်မာအလုပ်သမားနဲ့ ဖမ်း၊ မြန်မာအလုပ်သမတွေနဲ့ကုန်ချောထုတ်၊ မြန်မာ နိုင်ငံကို ထုတ်ကုန်ပစ္စည်းတွေရောင်း၊ မြန်မာတွေ
ဆေးလာကု၊ မြန်မာတွေစာလာသင်။ အဲဒီလောက် သိမ်းပိုက်ထားတာမနား။ မြန်မာပြည်က ကျွန်းသစ်နဲ့ ထိုင်းအဆောက်အဦးတွေကိုအလှဆင်ထားတယ်။ မြန်မာပြည်ကထွက်တဲ့ဂက်စ်နဲ့ မီးထွန်းထားတယ်။ ဒီလောက်တော်တဲ့ ဘုရင်နတ်ရွာစံရင် ထိုင်းလူမျိုးတွေ ဘယ်လောက်ငိုကြမလဲ ဆိုတာ ကြိုသိနိုင်တယ်။

             ဒါ့အပြင်သဘာဝဘေးအန္တရာယ်အပါအ၀င် အခြားအရေးပေါ် ကိစ္စရပ်တွေအတွက် ရပ်ကျေးကနေ မြို့ကြီးအထိ အစီမံကောင်းတွေရှိနေပြီ၊  ဘဏ်စနစ်၊ ဆက်သွယ်ရေးစနစ်၊ အရာခပ်သိမ်းအားလုံးကို ထိုင်းဘုရင်ကြီးနဲ့ ထိုင်း နိုင်ငံရေးသမားတွေ၊ ထိုင်းနိုင်ငံသားတွေ ထည်ထောင်ခဲ့ကြတယ်။ ရင်သပ်ရှုမော ဖွယ်တိုးတက်နေတဲ့ ထိုင်းနိုင်ငံ ကို ရောက်ဖူးသူ တိုင်း သိကြမှာဖြစ်ပါတယ်။ ဘုရင်ရော နိုင်ငံရေး သမားတွေပါ ဘယ်လယ်သမားလယ်တွေကိုသိမ်းပြီးအနိုင်ကျင့်တာမရှိဘူး။

            မြန်မာပြည်မှာ နှစ်ငါးဆယ်ကျော်အုပ်ချုပ်လာခဲ့တဲ့သူတွေဟာအခွင့်ထူးခံချင်ကြတယ်။ အခွင့်ထူး လည်းခံကြဆဲ ဖြစ်တယ်။ သူတို့တိုင်းသူပြည်သားတွေအတွက် အသက်စွန့်ခဲ့လို့လား။ တိုင်းပြည်အတွက် ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ့လို့ လား။ တိုင်းပြည်တိုးတက်အောင်လုပ်ခဲ့ကြလို့ အခွင့်ထူးများခံစား ချင်ကြ သလား။ အချုပ်အခြာအာဏာကို စောင့်ရှောက်ရင်း နဲ့ရှမ်းပြည်နယ်နဲ့ မန္တလေးမြို့က တရုတ်လက်ထဲကို ကျရောက်ခဲ့ပြီ။ သိန်းချီတဲ့ ဘင်္ဂါလီတွေလည်း နိုင်ငံသားဖြစ်သွားခဲ့ပြီ။ လူဦးရေသန်းထောင်ချီရှိတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြီး၂နိုင်ငံကြားမှာ ဆက်လက်ပြီးဇောက်ထိုးမိုးမျှော်ဖြစ်နေလို့ကတော့ မြန်မာနိုင်ငံဆိုတာ
 ပြတိုက်ထဲကိုရောက်သွားမှာပဲ။

           အခွင့်ထူးခံချင်ကြသူတွေဟာ၊ စိုက်ပျိုးရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ်၊ ကျမ္မာရေးဖြစ်ဖြစ်၊ လမ်းပန်း ဆက်သွယ်ရေး ဖြစ်ဖြစ် တစ်ခုခုလောက် ကောင်းအောင်လုပ်နိုင်ခဲ့တာများရှိခဲ့ရင်တော့ အခွင့်ထူးခံ ချင်တာကို ပြည်သူအများနားလည်ပေးကြမှာပါ။ မြန်မာနိုင်ငံသားတွေ စေတနာမတုံးကြပါဘူး။ ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူရာဒတ် လို တိုင်းပြည်တိုးတက် ရေးအတွက်တစ်ခုခုလုပ်ခဲ့လို့ အခွင့်ထူးခံချင် တယ်ဆိုရင် ရက်ရက်ရောရောပေးကြမှာပါ။ ဖွတ်ကြောပြာစုဖြစ်အောင် အုပ်ချုပ်ထားပြီး၊ အသလွတ်ကြီး အခွင့်ထူးခံချင် အာဏာမြဲချင်တာကိုတော့ဖြင့်  ဘယ်သူမှ မသထာချင်ကြဘူးဗျာ။ ။

မောင်ပေါ်ထွန်း (ဘန်ကောက်)