21 January 2015

ထိုင်းနိုင်ငံ ငါးဖမ်းလှေဆိပ်တစ်ခုတွင် ရောင်းစားခံနေရသည့် ရခိုင် အလုပ်သမား သားအဖနှစ်ဦးအားကယ်တင်နိုင်ကြောင်းသိရ


21/1/2014
သတင်း..စောမောင်
.
နခွန်စီဌာမရမြို့နယ်ရှိ​ စီ​ချွန်​​ငါးဖမ်းလှဆိပ်​တွင်​ ​​ရောင်းစားခံရသူ  ရခိုင်​ပြည်​နယ်​ ​မြောက်​ဦးမြို့နယ်​ လျှာရှည်​ပြင်​​ကျေးရွာ​နေ ဦး​မောင်​ထွန်းတင်​(အသက်​ ၄၅ နှစ်)​နှင့်​ သားဖြစ်​သူ ​မောင်​​ကျော်​နိုင်​​ဌေး(အသက်​ ၂၂ )တို့ဟာ ဘန်​​ကောက်​မြို့​တောင်​ဘက်​ ကီလိုမီတာ ၈ဝဝ ခန့်​အကွာရှိ နခွန်​မြို့နယ်​ စီခြုံ​ငါးဖမ်း
လှေဆိပ်​ရှိ ​လှေသူ​ဌေး နိုင်​ဝိစပ်​ ၏ ​လှေအမှတ်​ ၅ တွင်​​ ဦး​မောင်​ထွန်းတင်​ အားလည်း​ကောင်း သားဖြစ်​သူ ​ကျော်​​ဌေးနိုင်​ကို ​လှေအမှတ်​   လှေအမှတ်၁၂ မှကယ်တိုင်နိုင်ငံခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက်  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT),ထိုင်းတောင်ပိုင်း
 ဖန်ငအခြေစိုက် FEDအဖွဲ့ ,ထိုင်းအစိုးရ လူကုန်းကူးမှု တိုက်ဖျက်ရေးအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI),မြန်​မာသံရုံးအလုပ်​သမား ကူညီ​စောင့်​​ရှောက်​ရေး​ကော်​မတီတို့  ပူး​ပေါင်းဆောင်းရွက် ခဲ့ကြခြင်းဖြစ်ပါသည်​။

ယခု လက်​ရှိ မြန်​မာပွဲစား အမျိုးသမီးတစ်​ဦးကို လက်​ပူလက်​ကြပ်​ဖမ်းဆီးထား ရှိနိုင်​ပြီး ထိုင်းရဲတပ်​ဖွဲ့ဝင်​နှစ်​ဦးနှင့်​ ထွက်​​ပြေးလွှတ်​​မြှောက်​​နေ​သော မြန်​မာ ပွဲစား အမျိုးသမီးတစ်​ဦးအား ဆက်​လက်​ဖမ်းဆီး နိုင်​ရန်​​ဆောင်​ရွက်​လျှက်​ရှိပါ သည်။

MAT အဖွဲ့နှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​ကြသည့်အဖွဲ့ဝင်​များ စီခြုံရဲစခန်းတွင်​ ရှိ​နေစဉ်​ကာလအတွင်း တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​လယ်ပြင်​ထဲတွင် ထိုင်းငါးဖမ်း​လှေအမှတ်​ ၅ တွင်​​ခြောက်​လကြာ​ရောင်းစားခံ​နေရသည့်​ မြန်​မာအလုပ်​သမား ၄ ဦးမှ လည်း ထပ်​မံဆက်​သွယ်​အကူညီ​တောင်းခံလာပါသည်​။

သို့ဖြစ်​၍ MATနှင့်ပူး​ပေါင်းအ​ဖွဲ့တို့သည် ​နောက်ရက်​တွင်​ ထပ်မံကယ်​တင်နိုင်​ရန်​ စီစဉ်​​နေကြဆဲဖြစ်​​ကြောင်း MATအဖွဲ့ ဒါရိုက်​တာ ဦး​ကျော်​​သောင်းမှ ​ပြောသည်​။

"ထိုင်းနိုင်​ငံအတွင်း လူကုန်​ကူးခံရသူများကို ကယ်​ထုတ်​ရာမှာ ထိုင်းအစိုးရ လူကုန်​ကူးတားဆီး​ရေး အဖွဲ့ကသာ ဖမ်းဆီး​ပေးနိုင်​ပါတယ်​ ဒါ​ပေမယ့်​ လူကုန်​ကူးခံရတဲ့ သား​ကောင်​​တွေကို အသုံးပြုပြီး ကြီးပွား ချမ်းသာ​နေကြ တဲ့ ထိုင်းငါးဖမ်း​လှေပိုင်ရှင်​​တွေနဲ့ ပွဲစားများနဲ့ ပူး​ပေါင်းပြီး အ​ရောင်းအဝယ်​လုပ်​နေကြ တဲ့ ​ဒေသခံ အာဏာပိုင်​​တွေကို ထိထိ​ရောက်ရောက်​ အ​ရေးယူ​ပေးဖို့ လိုအပ်​ပါ တယ်​ ။ ဒါအပြင်​ အချိ​န်​လည်းကုန်​ အန္တရာယ်​လည်းများတဲ့ လူကုန်​ကူးမူတိုက်​ဖျက်​​ရေးလုပ်ကြသူ​တွေကို နိုင်ငံတကာနဲ့ အစိုးရတို့က ကူညီ​စောင့်​ရှောက်​ကြဖို့လည်း လိုအပ်​ပါတယ်​" ဟု ​ပြောသည်​။

         ထိုအသားအဖ ၂ဦးတို့အား ပထမ မြန်မာပွဲစားအမျိုးသမီး   နှင့် ထိုင်းရဲဟု ယူဆရသူ၂ဦးတို့အား  အရေးယူနိုင်ရေးအတွက် အပူတပြင်း ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ထိုင်းအစိုးရ အထူး စုံစမ်းရေးဦးစီးဌာနDSIအကြီးအကဲ Mr.Komvich Padhanarath က ပြောသည်။
  နိုင်ငံ​ရောက်​မြန်​မာနိုင်​ငံသားများအဖွဲ့ MAT အဖွဲ့သည်​ ယမန်​နှစ်​ ၂၀၁၄ ခုနှစ်​တွင်​ လူကုန်​ကူးမူ နှိမ်​နင်းခြင်း (၁၂) ကြိမ်​အတွင်း လူကုန်​ကူးခံရသည့်​ မြန်​မာအလုပ်​သမား​ပေါင်း ၁၂၀ ဦးတို့အား ကယ်​ထုတ်​နိုင်ခဲ့ပါသည်​။

ယခု စီခြုံကယ်​တင်​မှုသည်​ MATအဖွဲ့နှင့် ပုးပေါင်းပါအဖွဲ့များ၏ ၂၀၁၅ ခုနှစ်​၏​  ပထမဆုံးအကြိမ်ကယ်​ထုတ်ခြင်းဖြစ်ပါသည်။