26 January 2015

"လူကုန်ကူးခံခဲ့ရသည့်ရခိုင်အလုပ်သမားသားအဖ၂ဦး နေရပ်ပြန်ပြီ"

      
၂၀၁၅ ခု ဇန်န၀ါရီလ ၂၆
        မင်းဘခက်
        ၆လခန့်အလုပ်လုပ်ပြီး နေရပ်ရင်း ရခိုင်ပြည်နယ်သို့ပြန်ရန် ကားစောင့်နေစဉ် ခနုန်နယ်မြေရဲ၂ဦးကဖမ်းဆီးပြီးမြန်မာအမျိုးသမီး ပွဲစား၂ဦးကတစ်ဆင့် ရောင်းစားခံခဲ့ရသူ၂ဦးအား မြ၀တီလူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ယနေ့နံနက်တွင်အပ်နှံခဲ့ပြီးဖြစ်သည်။
 မြန်မာလူကုန်တားတပ်ဖွဲ့က နေရပ်ရင်းသို့ရောက်ရှိအောင် ကူညီ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။ယမန်နေ့ညနေက
 မြန်မာသံရုံးမှထုတ်ပေးသော ခရီးသွားလာခွင့်စာရွက်နှင့် MAT အဖွဲ့ မဟာချိုင်ရုံးတာဝန်ခံ ကိုအောင်ဆန်းဦးက လိုက်လံပို့ဆောင် ခဲ့သည်။
       ရခိုင်​ပြည်​နယ်​ ​မြောက်​ဦးမြို့နယ်​ လျှာရှည်​ပြင်​​ကျေးရွာ​နေ ဦး​မောင်ထွန်းတင်(အသက်၄၅ နှစ်)​နှင့်​သား ​မောင်​​ကျော်​နိုင်​​ဌေး (အသက်၂၂)တို့ သည်   ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ ၈၀၀ခန့်အကွာ နခွန်စီဌာမရမြို့နယ်ရှိ​ စီ​ချွန်​​ငါးဖမ်းလှဆိပ်​တွင်​ ​ရဲ က ဖမ်း၍ ပွဲစားများက​ရောင်းစားခဲ့ခြင်းဖြစ်သည်။
           ထိုအသားအဖ ၂ဦးတို့အား ပထမ မြန်မာပွဲစားအမျိုးသမီး
နှင့် ထိုင်းရဲဟု ယူဆရသူ၂ဦးတို့အား  အရေးယူနိုင်ရေးအတွက် အပူတပြင်း ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ထိုင်းအစိုးရ အထူး စုံစမ်းရေးဦးစီးဌာနDSI အကြီးအကဲ Mr.Komvich Padhanarath
က ပြောသည်။