22 September 2015

”လက်ပြတ်သွားသည့်အလုပ်သမား ၁ ဦး နစ်နာကြေးဘတ်ငါးသိန်းရရှိ“


 မင်းဘခက်
21,9,2015

ဘန်ကောက်မြို့ ဖလန်ဆောင်နယ် ထင်ထလေးအရပ်ရှိသော KITO ဖိနပ်ထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်စဉ် ညာဘက်လက် သည် မတော်တဆ စက်ထဲဝင်သွားခဲ့ရာ ညာဘက်လက် လက်ကောက် ၀တ်ထိ  ပြတ်ခဲ့သည့်သောကြောင့် ရသင့်ရထိုက်သည့် နစ်နာ ကြေးရရှိရန်အတွက် MATအဖွဲ့မှ လုပ်ပါဆောင်ရွက်ပေးမှုကြောင့်17,8,2015 ရက်နေ့ ၌ ဘတ်ငွေ ၅ သိန်း(ကျပ်ငွေ သိန်း၁၅၀)အား ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၄သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီခန့်က လက်ကောက် ၀တ်ထိ ပြတ်သွားခဲ့သည့် ရခိုင်ပြည်နယ်
 ပေါက်တောမြို့နယ် လေညှင်းသာရွာ မှ အဖ ဦးထွန်းစိုးသိန်း+ဒေါ်မြသိန်လှ တို့၏ သားဖြစ်သူ
  မောင်အောင်တင်ဝင်း (အသက် ၂၆ နှစ်)အား အလုပ်ရုံက ဆေးဝါး ကုသပေးခဲ့သော်လည်း နစ်နာကြေး တစ်စုံတစ်ရာမှ မရရှိပါသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT )အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းထံ အကူညီတောင်းလာခဲ့ရာ MAT အဖွဲ့မှ အမှုလိုက် အရာရှိ ကိုဘခက် အား ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်(FED) အဖွဲ့မှ အရင်က ငှားပေးထား
ပေ ခဲ့သော ရှေ့နေနှင့်  အတူ မောင်အောင်တင်ဝင်းမှ ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိရန်အတွက် တစ်နှစ်ကြာ အမှုရင်ဆိုင်ခဲ့ရသည်။



 မောင်အောင်တင်ဝင်းက
“တိုင်းတစ်ပါးမှာ လာရောက်လုပ်ကိုင်းစားသောက်ရန် မမျှော့်လင့်ပဲ ဒုက္ခိတဘ၀ရောက်ခဲ့ရသလို အားကိုး ရာမရှိဖြစ်နေတုန်  ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့( MAT)အဖွဲ့ မှ ကူညီပေးခဲ့ သောကြောင့် 
ကျွန်တော်ရဲ့ ကျေးဇူးရှင် အစ်ကိုတွေကို ဘယ်တော့မှ ကျေးဇူး မမေ့ပါဘူး၊MATအဖွဲ့ ဆိုတာ ကျွန်တော် တို့လို ထိုင်းရောက်မြန်မာတွေအတွက်တော့ အားကိုးရာ အစစ်ပါပဲ ..” ဟု ဖြေကြားပေးခဲ့ပါသည်။


ဘန်ကောက်အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့မှအမှုလိုက်အရာရှိ
 မောင်မင်းဘခက်မှ..
“ ကျွန်တော်တို့ MATအဖွဲ့မှာ ဒီ၂၀၁၄-၂၀၁၅ ထဲမှာ ထိခိုက်ဒဏ်ရာရရှိကြ သည့် မြန်မာ အလုပ်သမားများ အတွက် ဥပဒေနှင့်ရင်ဆိုင်ရာမှာ အားနည် ချက်တွေရှိခဲ့ပါတယ်... အရင်နှစ်က ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED အဖွဲ့မှ MAT အဖွဲ့အတွက် ထိုင်းရှေ့နေတွေကို ၃နှစ်ငှား
ပေးထားတော့  ထိုင်းရောက်မြန်မာအလုပ်သမားများရဲ့ အမှုတွေကို ဆောင်းရွက်ပေးရတာ ပိုအားရှိခဲ့တာပေါ့ ကျွန်တော်တို့MATအဖွဲ့ကတော့ အကူညီတောင်းခံလာ တဲ့ မြန်မာအလုပ်သမားအရေးကိစ္စတွေကို တတ် စွမ်းသမျှကူညီဆောင်းရွက်ပေးသွားမှာပါ” ဟု ဖြေကြားခဲ့ပါသည်။


ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT) မှ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ် သမားအခွင့်အရေးချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်
 MAT အဖွဲ့ ၏အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်ဟု ဖော်ပြထားပါသည်။

  ဆက်သွယ်ရန်ဖုန်းများကတော့...
08 9652 5696
08 4670 5727
08 0588 5548
08 7312 1179
09 0661 0849
083 5527 892