30 September 2015

ကမ္ဘာကျော်လိပ်ကျွန်းအမှု့ ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်၊


ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများ၊ အစိုးရဌာန ဆိုင်ရာများ နှင့် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အနေနှင့် စိတ်ဝင်တစားစောင့် ကြည့် နားထောင်နေ သည်ဟုသိရပါသည်။

- လူမှု့ကွန်ယက်အသုံးပြုနိုင်သည့် မြန်မာနိုင်ငံသားများအနေနှင့် အမှု့နှင့်ပတ်သက်ပြီး နောက်ဆုံး အခြေ အနေ ၊နှင့် မည်သို့ ဆောင်ရွက်နေကြသည်၊ မည်သူတို့က မည်သည့်အပိုင်းတွင် တာဝန်ယူဆောင်ရွက်နေ ကြသည်၊ ကို အချိန်နှင့်တပြည်းညီ သိရှိနေကြသော်လည်း အွန်လိုင်းသတင်းနှင့်၊လူမှု့ကွန်ယက်များကို အသုံးမပြုနိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သတင်းစာနှင့် စာနယ်ဇင်းများကိုသာ မှီခို နေကြရပါသည်။

- မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း မီဒီယာကို အသုံးမပြုနိုင်သည့် အခြေခံလူထု၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊အနေဖြင့် ကမ္ဘာကျော်လိပ်ကျွန်းလူသတ်မှု့တွင် မတရားဖမ်းဆီးခံ ထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ အခြေအနေများအား၊ ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ရည်ရွယ်သည့် အတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တွင်အောက်ပါအစီစဉ် အတိုင်းပြုလုပ်မည်ဖြစ်ပါသည်။

(ထူးချစ်)

အမှုဆောင်ဒါရိုက်တာ။
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ( ထိုင်းနိုင်ငံ)

နေ့ရက် - အောက်တိုဘာ (၁)ရက်နေ့
အချိန် - နံနက် ၉နာရီခွဲမှ ၁၁နာရီထိ

နေ့ ရက် - Orchid Hotel၊ (၆) ထပ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်။ ရန်ကုန်မြို့ ။

ဆက်သွယ်ရန်။ ကိုငြိမ်းချမ်း၊ ( ၀၉ ၄၀၃၇၂၅၂၀၆)။ ကိုအောင်စိုးထိုက်( ၀၉ ၇၃၂၁၉ ၂၃၉ ။ ကိုထက်အောင်( ၀၉ ၄၂၀၁၆၅၆၇၁)၊ မသဇင်လှိုင် ( ၀၉ ၉ ၇၂၀၅၆၂၈၀)