18 September 2015

နိုင်ငံတကာတရားမျှတရေးအဖွဲ့မှ ကိုစိုင်းအေး(MATအဖွဲ့)အား ဥပဒေရေးရာသင်တန်းဆင်း လက်မှတ်ပေးအပ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ - Rachadapisek Road, Chaophya Park Hotel၌ ထိုင်းတရားရုံးမှ ဦးစီးကျင်းပပြု လုပ်သည့် ထိုင်း၊လာအို၊ကမ္ဗောဒီယာနိုင်ငံများမှ ဥပဒေရာရေးကျွမ်းကျင်သူများရှေ့များမှ ထိုင်းတရားဥပဒေ
ရေးရာပညာရပ်များ အလုပ်သမားဥပဒေများနှင့်ပတ်သက်သည့် သင်တန်းတစ်ရပ်အား၃ရက်တာ(၁၆-၁၇- ၁၈)ပြုလုပ် ကျင်းပလျက်ရာ ထိုင်းတရားရုံး၏ ဖိတ်ကြားချက်ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ (MAT)မှ နိုင်ငံခြားရေးတာဝန်ခံ ကိုစိုင်းအေး(ခ)ကိုတီးအပါဝင် ထိုင်း မြန်မာ လာအို ကမ္ဗောဒီယာနိုင်ငံ များ မှ ရှေ့နေများဥပဒေရေးရာကျွမ်းကျင်းကြသည့် သင်တန်းသားအယောက်၄၀တက်ရောက် သင်ကြားခဲ့ ပါ သည်။


အဆိုပါဥပဒေသင်တန်းသို့ တက်ရောက်ခဲ့ကြသူများအား သင်တန်းနောက်ဆုံးနေ့၌ ဥပဒေရေးရာ သင်တန်း သားများအား စာမေးပွဲများဖြေဆိုကြရာ သင်တန်းသားစုစုပေါင်း အယောက်၄၀၌ ကိုစိုင်းအေး သည် အဆင့် ၁၁ ရရှိခဲ့ပါသည်။



ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့သည် ထိုင်းနိုင်ငံ၏ ဥပဒေအရတရားဝင်အဖွဲ့စည်း မဟုတ်သော် လည်း(မှတ်ချက်-ထိုင်းနိုင်ငံ၌ တရားဝင်အဖွဲ့စည်းဖြင့်ရပ်တည်လိုပါက ထိုင်းနိုင်ငံသားဖြင့်ဖွဲ့စည်း တရားဝင် မှတ်ပုံတင်နိုင်ပါသည်) ထိုင်းအစိုးရအထူးထောက်လှမ်းရေး တပ်ဖွဲ့DSI၊ထိုင်းအစိုးရ လူကုန်ကူးမှုအထူရဲတပ်ဖွဲ့ (AHTD)ထိုင်းအစိုးရ အဖွဲ့စည်းအသီးသီးမှ MATအဖွဲ့အား ၂၀၁၃ နှစ်က MATကိုအခမ်းအနား နဲ့ဂုဏ်ပြု လက်မှတ်ချီးမြှင့်ခြင်းများအသိမှတ်ပြုလက်မှတ်များစွာပေးအပ်ထားပါသည်။






ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမားသမားအခွင့်အရေးချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MAT အဖွဲ့ ၏အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးပါမည်။

08 9652 5696
08 4670 5727
 08 0588 5548
 08 7312 1179
 09 0661 0849
083 5527 892