02 September 2015

ရခိုင်ပြည်သူများအား အသိပေးခြင်း


သတင်း|စောမောင်(ဘန်ကောက်)
2.9.2015

 မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စံချိန်တင်ရေးကြီးရေလျှံမှုများကြောင့် လယ်ယာမြေများ အိုးအိမ်ပျက်စီး
ဆုံးရှုံး မှုများနှင့် လူနှင့်ကျွဲနွားများစွာတို့လည်း သေကြေပျက်စီးခြင်းများ ရင်ဆိုင်တွေ့ကြုံခဲ့ရပါသည်။

ရေကြီးမှုများကြောင့် ရခိုင်ပြည်နယ်အတွင်ရှိ ရေတွင်ရေကန်များသည် ရေဆိုးနှင့်နွံ့များဝင်ရောက်မှုကြောင့် ရခိုင်တိုင်းရင်းသားများစွာသည်သောက်သုံးရေအခက်ခဲများတွေ့ကြုံလျက်ရှိရာ။

ထိုင်းနိုင်ငံရောက်စေတနာရှင်မြန်မာနိုင်ငံသား စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရေဆိုးနှင့် နွံ့စုတ် စက် ၁၀လုံးအားဝယ်ယူ၍  MATဒါရိုက်တာဦးကျော်သောင်းနှင့် ရန်ကုန်အခြေဆိုက် ရခိုင်တိုင်းရင်းသား
ရေးရာဝန်ကြီးရုံမှ ကိုဝတီရာဇာလိုက်ပါ၍  ရခိုင်ပြည်နယ်အနှံ့လှည့်လည်လုပ်အားပေးနေကြောင်း သတင်း ရရှိပါသည်။




MAT ဒါရိုက်တာဦးကျော်သောင်းမှ“ ရခိုင်ပြည်နယ်မှ ရေကြီးမှုနဲ့အတူနွံ့များဖုံလွှမ်းသွားတဲ့ ကျေးရွာတွေကို လှည့်လည်ပြီး ကျေးလက်ပြည်သူတွေ အဓိကထား သောက်သုံးနေတဲ့ ရေတွင်ရေကန်ပေါင်း ၂၀ကျော်ကို
ကျနော်တို့အဖွဲ့သားတွေ သန့်စင်းပေးနိုင်ခဲ့ပါပြီး ယခုလည်း ကျနော်တို့ အဖွဲ့သားတွေ  ရခိုင်ပြည်နယ်အနှံ့
လှည့်လည်ပြီး လုပ်အားပေးနေ ကြပါ တယ်...အကူညီလိုတဲ့ ကျေးရွာတွေမှ ဆက်သွယ်အကူညီတောင်းခံနိုင်
ရန် ကျနော်တို့ကို ဖုန်းနံပါတ်တွေပေးခဲ့ပါတယ်” ဟု ဖြေကြားခဲ့ပါသည်။


ရခိုင်ပြည်နယ်မှ ရေကြီးမှုများကြောင့် သောက်ရေသုံးရေအဖြစ်အသုံးပြုနေကြသည် ရေတွင်ရေကန်များ
 ရေဆိုးနှင့်နွံ့များအား သန့်စင်ရန် လိုအပ်သည့် ကျေးရွာများမှ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါသည်။




ဦးကျော်သောင်း - 094 929 4017(ကမ်းရိုးတန်းဖုန်း)
                       -09 2655 4831 3


ကိုဝတီရာဇာ -09 2526 1131 9