26 September 2015

25/09/2015 ရက်နေ့ ရုံးချိန်း(လိပ်ကျွန်း)



ယနေ့ ရုံးချိန်းမှာတော့ ထိုင်းရှေ့နေများကောင်စီရဲ့ အကြံပေးချက်အတိုင်း၊ ထိုင်းရဲတပ်ဖွဲ့အသုံးပြုခဲ့သည့် ထိုင်း -မြန်မာ-ထိုင်း ဘာသာပြန်သူအနေဖြင့် ဘာသာပြန်သူတစ်ယောက်ရဲ့ အရည်အချင်းမပြည့် မှီမှု့ နဲ့ တစ်စုံ တစ်ရာ စိတ်ခံစားမှု့( မကျေနပ်ချက်) ရှိနိုင်သည့် ကိစ္စများပေါ်လွင်စေရန် မိမိတို့  သံရုံးအထူးအဖွဲ့ အနေဖြင့် အောက်ဖေါ်ပြပါ သက်သေများကို ကော့စမွေ တရားရုံးတွင် သက်သေထွက်ဆိုနိုင် ရန်စီစဉ်ပေးနိုင် ခဲ့ပါတယ်။

(၁) ဒေါ်သူဇာနွယ်၊
- မြန်မာစာပြဆရာမတစ်ဦးဖြစ်ပြီး၊ ရမ်ခမ်ဟန် တက္ကသိုလ်၊ဘန်ကောက်၊ထိုင်းနိုင်ငံ။တွင် ထိုင်းကျောင်းသား များအား မြန်မာစာသင်ပေးနေသည့် ဆရာမတစ်ဦးဖြစ်ပါသည်။ ထိုင်းနိုင်ငံ ၏ နာမည်ကြိးတက္ကသိုလ် တစ်ခုဖြစ်သည့် National Institute of Development Administration ( NIDA) မှ မဟာသိပ္ပဘွဲ့ ရရှိထားသူဖြစ်ပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းတရားရုံးများတွင် ထိုင်း-မြန်မာ-ထိုင်း ဘာသာလုပ်ကိုင်ခဲ့ဘူးသူဖြစ်ပါသည်၊
 ဒေါ်သူဇာနွယ်မှ ဘာသာပြန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့်အရည်အချင်းများ၊ နှင့် ဘာသာပြန်သူတ စ်ဦး ထားရှိရမည့် ကျင့်ဝတ်များကို ထွက်ဆိုသွားခဲ့ပါသည်၊ ထို့အပြင် မြန်မာနိုင်ငံ၏ လူမျိုးစုများ၊ ဘာသာစကား များနှင့် သမိုင်းနောက်ခံ များကို ထွက်ဆိုခဲ့ပါသည်၊ အဓိကအားဖြင့်ရခိုင်ပြည်နယ်အတွင်း၊ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပြသနာများကို သမိုင်းနှင့် နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါသည်၊



(၂) ဦးအောင်စိုး (မြန်မာသံရုံး စကားပြန်) 
- ဦအောင်စိုးအနေဖြင့်လဲ ဘာသာပြန်တစ်ဦး ၏ ကျင့်ဝတ်နှင့် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ အကြောင်းပြောပြနိုင်ခဲ့သလို၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်မှု့ အခြေအနေများလဲ ရှင်းပြနိုင်ခဲ့ပါသည်။ ထို့အပြင် အဓီက သက်သေတစ်ဦးဖြစ်သည့် ဝင်းနှင့် ဇော်တို့နှင့် အခင်းဖြစ်ပွားစဉ်က အတူတူ ရှိနေသည့် မောင်မောင်နှင့်ပတ်သက်သည့် ထွက်ဆိုချက်များကို ထွက်ဆိုနိုင်ခဲ့ပါသည်။


(၃) ဦးထွန်းအေး၊ အတွင်းဝန်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး
- ဦးထွန်းအေးနေဖြင့် အဓိကသက်သေ မောင်မောင်နဲ့ပါတ်သက်ပြီးအဓိက သက်သေထွက်ဆိုခဲ့သလို့ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် လိပ်ကျွန်းလူသတ်မှု့နှင့် ပတ်သက်သည့် အထူးစုံစမ်းစ စ်ဆေးရေးကော် မီတီ ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အနေဖြင့် ဦးဆောင်ဖွဲ့စည်းပေးခဲ့ကြောင်း ကိုထွက်ဆိုခဲ့ပါသည်။ စုံစမ်းရေးကော်မီတီအနေဖြင့် အဓီက သက်သေ မောင်မောင်နှင့် တွေ့ဆုံခဲ့ပုံ၊ ဝင်းနှင့် ဇော်ကို ထောင်ထဲ တွင် ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က တွေ့မြင်ခဲ့ ရသည့် အခြေအနေများ ၊ကို ထွက်ဆိုခဲ့ပါသည်။့ ထောင်ထဲ တွင် တွေ့ ကြုံခဲ့စဉ်က ဝင်းနှင့် ဇော်အနေဖြင့် ညှင်းပန်းနိုမ့်စက်ထားသည့် ဒါဏ်ရာများပြခဲ့ကြောင်း။ ချိမ်းခြောက်ပြီး အတင်အဓမ္မ ဝင်ခံခိုင်းခဲ့ကြောင်း၊ ဝန်ခံပါက၊ ( ၄-၅) နှစ်သာထောင်ကျမည့် အကြောင်းနှင့် ဝန်မခံပါက၊ ခြေလက်များကို ဖြတ်တောက်ပစ်မည်၊ မီးရှို့သတ်ပစ်မည်၊ ခြေလက်များဖြတ်တောက်ပစ်ပြိး အင်္ဂတေ နှင့်လောင်းပြီး ပင်လယ်ထဲ ပစ်ချပစ်မည်ဟု လူသတ်မှု့ဖြင့် အစွတ်စွဲခံနေရသည့် ဝင်းနှင့်ဇော် မှ ပြောကြားခဲ့ ကြောင်းကို ထိထိရောက်ရောက် ထွက်ဆိုနိုင်ခဲ့ပါသည်။

- တရားခံဟု စွတ်စွဲခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနျှင့် မောင်ဇော်လင်းတို့ ကို အောက်တိုဘာလ ( ၁၀-၁၁) ရက်များတွင် ပြန်လည်စစ်ဆေး မည်ဖြစ်ပါ သည်၊ ညီငယ်နှစ်ယောက်ကို စစ်ဆေးပြီး ၂၀၁၅-ခုနှစ်မကုန်မှီ အမိန့်ချမှတ်လိမ့်မည်ဟု မျော်လင့်ရပါကြောင်း။

( ကမ္ဘာကျော်လိပ်ကျွန်းအမှု့ကို စိတ်ဝင်စားနေကျသည့် မြန်မာနိုင်ငံ သားများအတွက် အကျဉ်းချုပ် တင်ထားခြင်းသာဖြစ်ပါသည်၊မပြည်စုံသေးပါ)

( ထူးချစ်)