30 September 2015

ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာလုပ်သားများ ဆန္ဒမဲ ပြန်လာပေးပါက လ.၀.က အရေးယူခြင်းကို တာဝန်မယူနိုင်ဟု ဦးတင်အေးဆို



ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်သည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ မွေးရပ်မြေသို့ ပြန်လာကာ ဆန္ဒမဲပေးပါက လူဝန်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုမှုများရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင်အနေနဲ့ တာဝန်ယူမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြော ကြားလိုက်သည် ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ ရောက်ရှိကာ ထိုဒေသအတွင်း ရွေးကောက်ပွဲ ၀င်မည့် ပါတီများနှင့် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည် ။

“ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်အောင်တော့ လုပ်နိုင်တယ် ။ ဒါပေမဲ့ နိုင်ငံရဲ့ တည်ဆဲဥပဒေအရ ပြည်ပကို တရားမ၀င် သွားရောက်ရင် ဥပဒေအရ အရေးယူနိုင် တာ
ကြောင့် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား ဆန္ဒမဲပေးရေးကို ကျွန်တော် တာဝန်မယူနိုင်ဘူး ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည် ။


တိုင်းရင်းသား စည်းလုံညီညွှတ်ရေးပါတီ၏ အတွင်းရေးမှူး ဦးမောင်မောင်က ရွှေ့ပြောင်းလုပ်သားများ ဆန္ဒ
မဲပေးရေးကို မေးမြန်းရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  ဖြေကြား
ခြင်းဖြစ်သည် ။

“လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ လ.၀.က(အက်) ဥပဒေမှာ နိုင်ငံသားတစ်ယောက်က တိုင်းတစ်ပါးကို တရားမ၀င် သွားရောက်ရင် ထောင်ဒဏ်ချမှတ်ပြီး အရေးယူလို့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသခံတွေ ကို မလုပ်ပါဘူး ။ သူတို့က တရားဝင်လမ်းကြောင်းက သွားတာဆိုရင် သက်ဆိုင်ရာ သံရုံးမှာ ဆန္ဒမဲပေးလို့ ရပါတယ် ” ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ခရိုင်(လ.၀.က)မှူး ဦးကျော်စွာလင်းက
 ပြောသည် ။ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများသည် ဆန္ဒမဲပေးရန် ဇာတိနေရပ်သို့ပြန်ပါ က
 ပြစ်ဒဏ်များ ကျခံနိုင်ဖွယ် ရှိသဖြင့် ဆန္ဒမဲ လာရောက်ပေးကြမည် မဟုတ်ကြောင်း နိုင်ငံရေးပါတီ များက လည်း သုံးသပ်ထားသည် ။ ထိုင်းနိုင်ငံ ချင်းဟိုင်း ၊ မယ်ဆိုင် ၊ ချင်းမိုင်မြို့များ၌ ရွှေ့ပြောင်းမြန်မာအလုပ် သမား  နှစ်သိန်းခန့်သည် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေကြသည်ဟု တာချီလိတ် ဒေသခံ များက ခန့်မှန်းထားသည် ။

MMK
The Ladies News Journal