27 September 2015

"လိပ်ကျွန်းအရေးနဲ့စုံစမ်းစစ်ဆေးရေးကော်မတီဘာလဲ ဘယ်လဲ ဘယ်လိုဖြစ်ခဲ့လဲ"????

Min Oo (FED) 2015.09. 27 - 1: 05 AM

မနေ့ကလိပ်ကျွန်းအမှုနဲ့ပါတ်သက်လို့ အကြောင်းကြောင်းတွေကြောင့်ပြန်လည်ပြောမိ ကြရင်း မိမိတို့ FED ၊MAT ၊ မြန်မာသံရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများကောင်စီစသည် စသည်ဖြင့် စခဲ့ပုံလေးတွေ က တဆင့် သံရုံးမှစုံစမ်းရေးကော်မရှင်ဖွဲ့ပေးပြီးနောက်ပိုင်းတွင် ထိုထိုသော အသင်းအဖွဲ့များ တဦးချင်း လူပုဂ္ဂိုလ် များ၊ မြန်မာဆိုရှယ်မီဒီယာ အသိုင်းအ၀ိုင်းမှ အမှုအတွက်အင်တိုက်အားတိုက်ပါဝင်ကြသူများနဲ့ ကူညီပါဝင်ကြ သူမြန်မာနိုင်ငံသားများအားလုံးရဲ့ ခုချိန်ထိအောင် စုစည်းဆင်နွဲလာခဲ့တဲ့ ဒီသမိုင်းကြောင်းလေးကို သတိတရဖြစ်မိ လို့အခုလိုတင်ပြမိပါတယ်။ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု ဖြစ်ပွားပြီးနောက်မှာ လိပ်ကျွန်းမှ နယ်မြေခံ အလုပ်သမားများနဲ့ဆက်သွယ်ရရှိခဲ့ပြီး ထိုကျွန်းမှ မိမိတို့ မိတ်ဆွေ (ယခုဘန်ကောက် တွင်ပြောင်း
ရွှေ့အခြေချနေထိုင်လျက်ရှိသူ) စတဲ့ မြန်မာညီအကိုများနဲ့ တောက်လျောက်ဆက်သွယ်နေခဲ့ရာမှ ကျွန်းရှိမြန်မာ များအပေါ် ပုံချတော့မည့်အနေအထားကို သံသယဖြစ်မိကတည်းက သံအမတ်ကြီးအား ဆက်သွယ်ပြီးမြန်မာနိုင်ငံသားများလုံခြုံရေးကိုကူညီပေးဖို့တောင်းဆိုတင်ပြခဲ့တယ်၊





အဲ့နောက်ပိုင်း ၀င်းဇော်ထွန်းနှင့်ဇော်လင်းအားဖမ်းဆီးလိုက်သောအခါတွင် စုံစမ်းသိရှိရသလောက် တရားခံ မဖြစ်နိုင်သော အနေအထားများကိုသိသာလှသဖြင့် သံရုံးတွင် အစည်းအဝေးများပြုလုပ်ကာ အမှုမှန်ဖေါ်ဆောင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပါတယ်။

ပြီးတော့သံရုံးနှင့်ရှေ့နေများကောင်စီအားချိတ်ဆက်ကာ လောလောဆယ်အမှုအတွက်ဦးဆောင်လိုက်ပါမည့် ရှေ့နေခွန်ထနူ နှင့်တိုင်ပင်ခဲ့ပြီးလိုအပ်သော ပြင်ဆင်မှုများပြုလုပ်ကြပါတယ်။ ၆ -၁၀- ၂၀၁၄ မှာစုံစမ်းရေး ခရီးစဉ်ကို သံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး၊ စစ်ဘက်ဆိုင်ရာသံအရာရှိ ဗိုလ်မှုးလေး၊ ကိုကျော်သောင်း၊ ဦးအောင်မျိုးသန့်၊ကိုမိုးဝေနှင့်မိမိအပါအ၀င် မိမိတို့ရုံးမှရှေ့နေတို့ လိပ်ကျွန်းအရေးအတွက် စုံစမ်းရန်စတင် ခရီးထွက်ခဲ့ပြီး ကော့စမွေကိုအဲ့ဒီ ညရောက်ပါတယ်။

နောက်တနေ့ ကော့စမွေထောင်ကိုသွား ကလေးတွေကိုတွေ့ခွင့်တောင်း၊ နေ့လည်ပိုင်းမှာတွေ့ခွင့်ရခဲ့ တယ်၊
 နောက်တော့ သက်သေ မောင်မောင်ကိုဖမ်းထားတဲ့ ကော့စမွေ ဘိုဖွတ် ရဲစခန်းမှာတွေ့ဖို့ကြိုးစား တယ်၊ မရသေးလို့ နောက်တမနက်မှာ လိပ်ကျွန်းကို ခရီးဆက်ပါတယ်၊ ပြီးတော့အဲ့ဒီညနေမှာ လိပ်ကျွန်းမှ
 ကော့စမွေ့ကို ပြန်လာ၊နောက်နေ့မှာ မောင်မောင်ကိုရဲစခန်းတွင်သွားတွေ့ခွင့်ရခဲ့တယ်။

အဲ့ဒီကနေ ဇော်လင်းတို့ သူငယ်ချင်း အခြားသက်သေနှစ်ဦးကိုမောင်မောင်နဲ့အတူစစ်တဲ့ရက်တွေမှာတရားရုံးကို စုံစမ်းရေးကော်မတီတွေအနေနှင့်တောက်လျောက်သွားရောက်စောင့်ကြည့်ကြားနာနေခဲ့ပြီး တဖက်က လည်း သံရုံးနှင့်ပုံမှန်အစည်းအအေဝေးများ ပြုလုပ်ကာ သံရုံးအနေနဲ့ ရှေ့နေများကောင်စီကို အမှုအား တရားဝင်အပ်ဖို့၊ ထို့အတူ ထိုင်းလူ့အခွင့် အရေးကော်မရှင်ရဲ့အထူးအကြံပေးလူကြီးမင်းလဲဖြစ်၊ မိမိတို့ FED ၏လက်ရှိ နာယကကြီး အာကျန် ခရိုင်ဆတ်၏ စီစဉ်ညွှန်ကြားချက်နှင့်အတူ သံရုံး၊ ရှေ့နေများကောင်စီ၊ လူ့အခွင့်အရေးကော်မရှင်မှလူကြီးများအားလုံးတွေ့ဆုံညှိနှိုင်းရေးကိုစီစဉ်ကြပါတယ်။

တရားရုံးရုံးချိန်း ၂၀၁၄၊ ၁၀ ၊၁၄ ရက်နေ့အပြီး ကော့စမွေရဲမှ လမ်းတွင်ဒီအတိုင်း လွတ်ပေးလိုက်သော သက်သေမောင်မောင်အား ကော့စမွေမှသည် သံရုံးသို့နောက်တရက်တွင် မိမိတို့ကော်မတီဝင်များထဲမှ ဆားပုလင်းကြီး ကိုကျော်သောင်းကကယ်ထုတ်ခ်ါဆောင်ကာ သံရုံးတွင်ထား၊ ပြီးတော့မှ ၂၂၊ ၁၀၊၂၀၁၄ မှာ သံရုံးတွင် သံအမတ်ကြီးနှင့် ရှေ့နေများကောင်စီဥက္ကဌကြီးနှင့်သူ၏အဖွဲ့သားများ၊ မိမိတို့နာယကကြီး အာကျန် ခရိုင်ဆတ်နှင့်အဖွဲ့၊မိမိတို့အဖွဲ့မှ ဦးထူးချစ်ခေါင်းဆောင်ကာ အားလုံးတွေ့ဆုံပြီး တရားဝင်အမှု အပ်နှံလုပ်
ဆောင်ရေး ကိုစီစဉ်လိုက်နိုင်ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ မြန်မာပြည်မှ ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့၏မိဘများကိုစီစဉ်ခေါ်ယူကာသံအမတ်ကြီးနှင့် မိမိတို့ကော်မတီအဖွဲ့ဝင်များက ချိန်းဆိုထားသော ၂၀၁၄-၁၀-၂၉ မှာ ရှေ့နေများကောင်စီရုံးခန်းတွင် ဥက္ကကြီးအား မိဘများကိုပါခေါ်ဆောင်သွားကာ သံအမတ်ကြီး ဦးဝင်းမောင်မှလိပ်ကျွန်းအမှုအတွက် လိုက်ပါ
ဆောင်ရွက်ရန်တရားဝင်အပ်နှံခဲ့တာဖြစ်ပါတယ်။

 ထိုင်း-မြန်မာသမိုင်းတွင် တာဝန်ကျသံအမတ်ကြီးများထဲမှ အခုလိုထိုင်း ရှေ့နေများကောင်စီကို ပထမဆုံး တရားဝင်သွားရောက်တာဟာ သံအမတ်ကြီးဦးဝင်းမောင်ကပထမဆုံးဖြစ်ပြီး၊ ရှေ့နေများကောင်စီဥက္ကဌကြီးနဲ့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌကြီးအနေနဲ့ကလဲ သမိုင်းမှာ ပထမဆုံးအနေဖြင့် မြန်မာသံရုံးကိုလာရောက် တာဖြစ်ပါကြောင်း၊ DSI နှင့် လူ့အခွင့်အရေးကော်မရှင်ရုံးသို့ မိဘများအားခေါ်ဆောင်ကာ အမှုမှန်ပေါ်ပေါက်
ရေး ကြိုးစားတင်ပြလုပ်ဆောင်ပုံ၊ အမျိုးသားလွှတ်တော်အမတ်ဦးခင်အောင်မြင့်အပါအ၀င်၊ နေပြည်တော်မှ အထူးအဖွဲ့စေလွှတ်ရောက်ရှိကာ မိမိတို့ကော်မရှင်နှင့်လိုက်ပါဆောင်ရွက်ပုံ၊ ။


အဲ့ဒီနောက် အမှုအတွက်ပံ့ပိုးဆောင် ရွက်ခြင်းဆိုင်ရာမှာ သံရုံးအနေဖြင့်ပူးပေါင်းပါဝင်ခြင်းအပိုင်းတွင် အားနည်းချက် အားသာချက်များ၊ လူထု - မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မိမိတို့ဝန်ဆောင်မှုပိုင်း အတိုးအလျော့ ဖြစ်ခြင်းများ သံသယဖြစ်စရာခြိမ်းခြောက်ခံရပုံနှင့် ရုံးချိန်းတနေ့မှာ တရားရုံးကိုယ်ရောင် လာပြခဲ့တဲ့ လိပ်ကျွန်းကမာဖီးယား၊ အခက်အခဲနဲ့အတွေ့အကြုံများ စသဖြင့် စသဖြင့်တို့ကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါဦးမည်ခင်ဗျား။