07 November 2015

“လိမ်လည်သည့်အေဂျင်စီအားအလုပ်သမားသံအရာရှိစိစစ်”

                        
၂၀၁၅ ခုနိုဝင်ဘာ ၇ ရက်
ဆန်းဦး+စောမောင်


         တိုးတက်ချမ်းသာအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့လာခဲ့သော အလုပ်သမား၃ဦးတို့အား စာချုပ်ပါစည်းကမ်းချက်များအတိုင်းအလုပ်ရှာမပေးရုံသာမက ဘတ်ငွေ ၈,၀၀၀ ပေးစေ၍ ပတ်စပို့ကိုအရွေးခိုင်းပြီးအတင်းအဓမ္မ လက်မှတ်ထိုးခိုင်းမှုအား ယနေ့ဖေါ်ထုတ်နိုင်ခဲ့သည်။

            ၂၇-၁၀-၂၀၁၅ ခုနေ့က အလုပ်သမားကျား၁၄၀ ဦးနှင့်မ၁၈ဦး စုစုပေါင်း(၁၅၈)ဦးတို့အား တိုးတက်ချမ်း သာအေဂျင်စီသည် မြန်မာနိုင်ငံတွင် အီလက်ထရွန်နစ်အလုပ်လုပ်ရမည်ဟုဆိုကာစာချုပ်ချုပ်ဆိုလာခဲ့ကြောင်း အလုပ်သမားများကပြောသည်။ ထိုင်းနိုင်ငံနေရာပေါင်းစုံသို့ အစုလိုက်ခွဲခြမ်းပို့ဆောင်ပြီးနောက် အလုပ်သမား ၄ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း နခိုစီဌာမ သစ်စက်သို့ရောက်ရှိသွားကြပါသည်။ ရခိုင်အလုပ်သမားတစ်ဦးမှာ  ပတ်စပို့စာအုပ်အား ဘတ်ငွေ ၈၀၀၀ ဖြင့်ရွေးကာထွက်ခွာသွားခဲ့ပါသည်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကြာအင်ကြီးကျေးရွာမှ ကိုကျော်ဇေ၊ ရန်လင်းဦးနှင့် ချစ်ဖွယ် ဆိုသူတို့က  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံသားမြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည်။

    ချစ်ဖွယ်က “ကျနော်တို့ MAT အဖွဲ့က ဦးကျော်သောင်း ကိုဆက်သွယ်မှန်း ပွဲစား မစိုးတို့လင်မယားသိသွားတယ်။ ရွာကမိဘတွေကို ပတ်စပို့စာအုပ်အတစ်အုပ်အတွက် ဘတ် ၈,၀၀၀ စီ ရန်ကုန်ကို သွားပေးရတယ်။ တစ်ရာကိုတစ်လ တစ်ဆယ်ကျပ်တိုးနဲ့ ပေးဆပ်ပါမယ်လို့ တိုးတက်ချမ်းသာအေဂျင်စီကိုသွားပြီး လက်မှတ်ထိုးရပါတယ်” ဟုပြောသည်။

        ယမန်နေ့က အလုပ်သမား၃ဦးအတွက် မိသားစုများထံမှ ငွေရရှိသည်နှင့်တပြိုင်နက် ပွဲစားမစိုးက  မြန်မာ ပြည် ကိုပြန်ရန်အတွက် ကားဂိတ်သို့လိုက်လံပို့ဆောင်ပေးခဲ့သည်။ အလုပ်သမား၃ဦး ကအကူညီတောင်းခံလာ သဖြင့် MAT အဖွဲ့က အလုပ်သမားသံအရာရှိ နှင့် ဆက်သွယ်၍ ယနေ့တွင်သွားရောက်ဖြေရှင်းခဲ့ကြသည်။ အလုပ်သမားသံအရာရှိက အတင်းအဓမ္မစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးစေခြင်းနှင့် မတရားမှုများအတွက် အလုပ်သမားဝန်ကြီးထံသို့တင်ပြမည်ဟုဆိုသည်။

           MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ပွဲစားတွေနဲ့ အလုပ်သမားအာဏာပိုင်တွေနဲ့ မြန်မာအလုပ်သမားတွေကို စာရွက်စာတမ်းဗန်းပြပြီး တရားဝင်လူကုန်ကူးနေတာလို့ ကျနော်ပြောရင် ကျနော့်ကိုစိတ်ဆိုးကြတယ်။ မှန်တယ်ထင်ရင်၊ အာမခံရဲရင် စစ်ပြပါလား အလုပ်သမားခေါ်စာတစ်စောင်လောက်လို့ ကျနော် စိန်ခေါ်ထားတာပဲ။ ခု တိုးတက်ချမ်းသာကုမ္ပဏီကသွင်ထား တဲ့ အလုပ်သမား ကျား၁၄၀ ဦးနှင့်မ၁၈ဦး စုစုပေါင်း(၁၅၈) ဦး တို့ကို ရှာပြလေ။ မရှိတော့ဘူး။ ခုလုပ်နေကြတာက လူသွင်းစားနေကြတာပါ။ MOU ပတ်စပို့က ထိုင်းနိုင်ငံမှာ ပန်းရောင်ဘတ်ကဒ်လောက်အသုံးမ၀င်ဘူး။ အလုပ်လည်းရှာမရဘူး။ ဒါကို အေဂျင်စီတွေသိပါတယ်။ သိလျှက် နဲ့ ဘာကြောင့် အလုပ်သမားတွေကို ဘတ် ၈,၀၀၀ ၁၂,၀၀၀ နဲ့ ရွေးခိုင်းနေကြတာလဲ။ အလုပ်သမားဝန်ကြီးဌာနက မသိချင်ယောင်ဆောင်နေရင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖြစ် ပြည်ထဲရေးဝန်ကြီဖြစ်ဖြစ် MOU နဲ့ လူကုန်ကူးနေ တာကို သေသေချာချာ အရေးယူသင့်ပြီ” ဟုပြောသည်။

       ယနေ့အလုပ်သမား၃ဦးပြဿ     နာအား အလုပ်သမားသံအရာရှိ ဦးလှထွန်း ကဖြေရှင်းပေးရာတွင် အလုပ်သမားမိသားစုများရန်ကုန်တွင် ပေးဆပ်ရသည့် ဘတ်ငွေ ၈,၀၀၀ ကို ပြန်လည်ပေးအပ်စေပါသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ ၃၈၀,၀၀၀ ပေးခဲ့ရမှုကို နောက်ထပ်အလုပ်ရှာပေးခဟုဆိုသည်။ အလုပ်သမားများအား တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်နှင့် အလုပ်မရမီ နေထိုင်စားသောက် စရိတ်ကို တိုးတက်ချမ်းသာအေဂျင်စီ၏ ပွဲစား ကျော်နိုင် မှ ကျခံစေရန် အဆုံးအဖြတ်ပေးခဲ့ပါသည်။