17 November 2015

“မြန်မာပြန်မည့် အထောက်ထာရှိ မိန်းကလေးတစ်ဦး မဟာချိုင်ပုလိပ်ဖမ်းဆီးငွေညှစ်ခြင်း MATကူညီ



17.11.2015
မဟာချိုင်
သတင်း-စောဆန်း

 ပတ်စပို့နှင့်အလုပ်လုပ်ခွင့်ဝတ်ပါမစ်အပြည့်အစုံရှိသည့် မြန်မာ
အလုပ်သမတစ်ဦးအား မဟာချိုင် ပုလိပ်မှ ဖမ်းဆီး၍  ငွေညှစ်ခြင်းခံရ သဖြင့်  မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်
MAT အဖွဲ့က ကူညီဖြေရှင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကတန်မြို့ရှိ ရော်ဘာအစေးခြစ်လုပ်ငန်း၌ လုပ်ကိုင်နေသူ  မနွေနွေးဦးသည် မိမိနေရပ် မြန်မာပြည် မွန်ပြည်နယ်
အပေါင်မြို့နယ် စွယ်တော်ရပ်ကျေးရွာသို့ ပြန်ရန် လိုင်းကားဖြင့် ဘန်ကောက်သို့ စီးနင်းလိုက်ပါခဲ့ရာ အဒေါ်ဖြစ်သူ နေထိုင်သည့် မဟာချိုင်မြို့သို့ခေတ္တခဏ၀င်လည်ရန်  ယနေ့နံနက် ၄ နာရီခွဲ၌ မနွေးနွေးဦး စီးနင်းလိုက်ပါလာသည့် ကားသည့် မဟာချိုင်မြို့ သလာဒ်ကုန့်သို့ရောက်ရှိရာ ကားပေါ်မှအဆင် နယ်မြေခံ ပုလိပ်မှ ခေါ်ယူစစ်ဆေးခံခဲ့ရပါသည်။

မနွေးနွေးဦးမှ မိမိသည် မြန်မာနိုင်ငံသို့ အလည်ပြန်မည်သူဖြစ်ကြောင်း အိမ်ပြန်ရန်အတွက်  လ၀ကရုံမှ ခရီးသွားလာရန် ပက်စပိုစ့်၌ ဗီဇာတုံ ထုလာသည်ကို ပြသသောလည်း မဟာချိုင်ပုလိပ်မှလက်မခံပဲ ခရီးသွားအိတ်များအား မွှေနှောက်ရှာဖွေရာ မနွေးနွေးဦး၏
အလုပ်ဆင်းရက်နှင့် လုပ်အားခများအား မှတ်တမ်းပြုလုပ်ထားသည့် စာအုပ်အား ချဲဂဏာန်းစာအုပ်ဆိုပြီး ခြိမ်ခြောက်ငွေတောင်းခံရာ
မနွေးနွေးဦးမှ ဘတ်ငွေ၂၅၀၀အား ပေးခဲ့ရပါသည်။

မိမိ၌အထောက်ထားစာရွက်စာတမ်းများပြည့်စုံပါလျက် မဟာချိုင်ပုလိပ် များသည် မတရားသဖြင့် ဖမ်းစီး၍ခြိမ်ခြောက်ငွေတောင်းခံရသဖြင့်
ယနေ့ နံနက်၅နာရီ၌ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ရာ MATအဖွဲ့(ဘန်ကောက်ရုံတာဝန်ခံ)
ကိုစိုင်းအေးမှ ၀င်ရောက်ဖြေရှင်းပေးခဲ့ပြီးနောက်.... ပုလိပ်မှ မည်သည့် ညှိနှိုင်မှုမှ မလုပ်တော့ပဲ မနွေးနွေးဦးအား ၂၅၀၀ဘတ်ပေးပါက  မိမိသွားလို ရာသို့ သွားနိုင်ကြောင်းပြောဆိုရာ မနွေးနွေးဦးသည် ၂၅၀၀ဘတ်ပေး ပြီး ပုလိပ်ရုံမှထွက်လာခဲ့ရကြောင်း ထပ်မံအကြောင်းကြားရာ ကိုစိုင်းအေးမှ ယခုဖြစ်စဉ်အား ဥပဒေအရဖြေရှင်းမည် ဖြစ်ကြောင်းရဲအရာရှိနှင့်ပြောဆိုရာ ပုလိပ်အရာရှိမှ မနွေးနွေးဦးထံမှ ယူထားသည့် ၂၅၀၀ဘတ်အား
 ပြန်လည်းပေးအပ်ပြီး မည်သည့်နေရာမှ တိုင်ကြားမှု မပြုရန်ပြောဆို
ခဲ့ ပါသည်။

ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ MAT အဖွဲ့ကVDO နှင့်ဓါတ်ပုံများစွာရိုက်ကူး၍ ထိုင်းအစိုးရဗဟိုရဲတပ်ဖွဲ့နှင့် မြန်မာ အစိုးရ တို့ကို အကြိမ်ကြိမ်တင်ပြထားပါသည်။ တရားဝင်အလုပ်သမားကို ထိုင်းပုလိပ်တွေ လုံးဝမဖမ်း အောင် ပြောဖို့ က
 မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။
ကျနော်တို့ ဘယ်လောက်ကူညီနိုင်မလဲ။ ကျနော်တို့ကို အဆက်အသွယ်ရသူ တစ်ယောက်တစ်လေပဲ လွတ်မှာပေါ့။ မြန်မာ အစိုးရ ကထိထိရောက်ရောက်လုပ်မှ အလုပ် သမားတွေသက်သာရာရမှာပေါ့။
ထိုင်းအစိုးရအထက်ပိုင်းကိုပြောထားရုံနဲ့မလုံလောက်ဘူး။တရားဝင် မြန်မာအလုပ်သမားတွေကိုအခြားနိုင်ငံသားတွေလိုထိုင်းပုလိပ်တွေမဖမ်းရဲအောင် မြန်မာအစိုးရက လုပ်ပြဖို့လိုတယ်။
ကျနော်က အလုပ် သမားတွေအတွက်ဖြစ်သင့်ဖြစ်ထိုက်တာနဲ့  မြန်မာအစိုးရ လုပ်သင့်တာကိုပြောခဲ့တာ နှစ်ချီပြီရှိပြီ၊ ခုထိအောက်ခြေ က ထိုင်း ပုလိပ်တွေ မြန်မာအလုပ်သမားတွေကိုဖမ်းစား တုန်းပဲ” ဟုပြောသည်။