10 November 2015

အလုပ်သမားများ၏ လုပ်အားခများရရှိရန် MATအဖွဲ့မှ ကူညီပေး


 အထည်ချုပ်လုပ်ငန်း ရုတ်တရက်အလုပ်နားသောကြောင့် မြန်မာအလုပ်သမားများမှ မိမိတို့ရရှိမည့် နစ်နာကြေးများနှင့် လုပ်အားခများရရှိရန် အလုပ်ရှင်၌ တောင်းဆိုခဲ့ကြရာ အဆင်မပြေသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီက ကူညီပေးခဲ့ရကြောင်း သိရသည်။ 


ထိုင်းနိုင်ငံ ဓမောထာဖ စဖန်းဆောင် ၁၅လမ်းရှိ THANACHAl GARMENT CO.,LTD ၌ အလုပ်လုပ်ကိုင်းနေကြစဉ် မြန်မာအလုပ်သမားများရရှိမည့် တစ်လတာ လုပ်အားခများပေးရန် ပျက်ကွက်သလို အလုပ်ရပ်နားမှုကြောင့် အလုပ်သမားများ ရရှိမည့် နစ်နာချက်များအား ပေးရန်ပါ ပျက်ကွက်ခဲ့ပါသည်။ အဆိုပါ စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မမိုးမိုးမှ ... “ ၇.၁၁.၂၀၁၅နေ့မှ ပုံမှန်အတိုင်း ကျမတို့အလုပ်သမား အယောက် ၅၀ဟာ စက်ရုံအလုပ်ဝင်ချိန် နံနက် ၈နာရီမှာ အလုပ်ဝင်ကြပြီး ပုံမှန်အတိုင်း အလုပ်လုပ် နေကြစဉ် အလုပ်ရုံက တာဝန်ရှိသူတစ်ယောက်ရောက်လာပြီ ချုပ်လက်စအထည်တွေကို သိမ်းပြီး အလုပ်ရှင်ရုံခန်းမှာ အစည်းဝေးရှိလို့လာခဲ့ကြမို့ လာခေါ်တာနဲ့ အားလုံးအစည်းဝေးလုပ်ကြရာ အလုပ်ရှင်က သူလုပ်ငန်လည်ပတ်မှု ယာယီရပ်နားမယ်လို့ပြောတယ်... အဲသလိုဆို ကျမတို့ရရှိမည့် တစ်လစာ လုပ်အားခ တွေ အပြည့်ဝပေးမို့တောင်းဆိုတာ ပြေလည်မှု မရရှိတဲ့အတွက် အခုလို MATအဖွဲ့ကို ဆက်သွယ်အကူညီတောင်းကြတာပါ” ဟု ဖြေကြားခဲ့ပါသည်။ 


ထို့နောက် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီဝင် . MATအဖွဲ့မှ ယနေ့(၉.၁၁.၂၀၁၅)၌ လက်ရာ နယ်မြေ၅( ဆ၀ါဒီကန်) ရုံးသို့ အလုပ်သမားများနဲ့အတူ သွားရောက်၍ ဖြစ်စဉ်နှင့်ပက်သက်ပြီး ဖြေရှင်းပေးရန် သွားရောက်တောင်းဆိုခဲ့ရာ ဆ၀ါဒီကန်ရုံးမှ အရာရှိတစ်ဦးမှ အလုပ်ရှင်အားခေါ်ပေးခဲ့ပါသည်။ 



ထို့နောက် အထည်ချုပ်ပိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားများ ညှိနှိုင်ဖြေရှင်းကြရာ အလုပ်သမားများ ရရှိမည့် လုပ်အားခများ ပြန်လည်းပေးပါမည့် ဆ၀ါဒီကန်ရုံးမှ အရာရှိများရှေ့၌ ၀န်ခံဂတိပေးခဲ့ပါသည်။ MAT အဖွဲ့ ၏ 

MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း မှ “ကျနော်တို့ နိုင်ငံသားအလုပ်သမားတွေဟာ နည်းအမျိုးမျိုးဖြင့် အလုပ်ရှင်တွေရဲ့ မတရားအနိုင်ကျင့်ခံနေကြရတာ သနားစရာအမတန်ကောင်းပါတယ် အခုအလုပ် သမားတွေဆို စားစရာလည်းမရှိသလို နေထိုင်နေတဲ့ အခန်းခတောင် ပေးစရာမရှိလို့ အလုပ်ရှင်မှာ လုပ်အားခတွေ တောင်းဆိုတာ အမျိုးမျိုးလှည့်ပတ်ပြောနေလို့ အလုပ်သမားပြဿနာဖြေရှင်းရေးရုံးဖြစ်တဲ့ ဆ၀ါဒီကန်ရုံးမှာ လာရောက်ဖြေရှင်းရတာပါ” ဟု ပြောကြားခဲ့ပါသည်။