28 November 2015

“မြန်မာအချင်းချင်းလုပ်အားခေါင်းပုံဖြတ်တာကို MATက ကြားဝင်ဖြေရှင်း”

                  
၂၀၁၅ နိုဝင်ဘာ ၂၈
ခွန်လွန်း


       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင် ဘိုဝင့်မြို့နယ် တွင်ရှိ သော ပန်းရံဆိုဒ်တစ်ခုတွင် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမားများလုပ်အားခအား ပုတ်ပြတ်ယူသည့် မြန်မာ ကန်ထရိုက်က လုပ်အားခမပေးသဖြင့် MAT အဖွဲ့က သွားရောက်ညှိနှိုင်းပေးခဲ့ရသည်။

           ထိုင်းအခေါ် ဖိုးလမောင်း(မြန်မာအခေါ် ပုတ်ပြတ်ကန်ထရိုက်) လုပ်ငန်းရှင်ကိုစိုး(ခ) ဆုန်ချိုင်း သည်  မြန်မာအလုပ်သမား၈ဦးတို့၏ လုပ်အားခ ဘတ်ငွေ ၁၈၀,၉၆၀ အား ရှင်းမပေးသည့်အပြင် ခြိမ်းခြောက်ပြောဆို လာသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT က ယနေ့သွားရောက်ကူညီဖြေ ရှင်းပေးခဲ့သည်။

MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က“ မြန်မာအချင်းချင်း ကျနော်တို့သွားညှိတယ်မရဘူး။ နယ်မြေရဲကိုအကူညီတောင်းရပါတယ်။ နယ်မြေရဲက  အလုပ်သမာတွေရဲ့ လုပ်အားခတွေကိုထဲက ဒီနေ့ ဘတ်
၅၀,၀၀၀ ရပါတယ်။ ကျန်တဲ့ ငွေ၁၃၀,၉၆၀တွေကိုတော့ ၁၆.၁.၂၀၁၆ နေ့မှာရှင်းပေးပါမယ်လို့ ရဲစခန်းမှာ ကတိပြုလက်မှတ်ထိုးပေးခဲ့ပါတယ်” ဟုပြောသည်။   


အလုပ်သမား၈ဦးမှာ ဦးအောင်ကျော်မြင့် အသက် ၄၅ဒေါ်လှခိုင် အသက် ၄၆အချိုင် အသက် ၁၈ စာကလေး အသက် ၁၈ နေလင်းဦး အသက် ၂၀ဖြိုး၊ အသက် ၁၈၊ မစုစု အသက် ၂၀ကျော်ကျော် အသက် ၂၅ တို့ဖြစ်ကြပါသည်။