၂၀၁၅ နိုဝင်ဘာ ၂၇
အောင်ဆန်းဦး+ကိုခွန်
တိုးတက်ချမ်းသာကုမဏီဖြင့်လာခဲ့သည့် MOU အလုပ်သမားများ အလုပ်အကိုင်မရှိပဲဖြစ်ကြောင်း
အလုပ်သမားများကပြောသည်။
အလုပ်သမား ၁၆၇ ဦး ၂၇.၇.၂၀၁၅ နေ့ကထိုင်းသို့လာခဲ့သည်။
အလုပ်သမားတစ်ယောက်ကို လေး သိန်းခွဲစီပေးခဲ့ရသည် ဆောက်လုပ်ရေးဖြင့်စာချုပ်ချုပ်လာသည်။
အလုပ်သမားများက ပန်းရံမလုပ်ချင်ကြောင်း ပြောဆိုကြရာ ထိုင်းကိုရောက်သည့်အခါ ကြက်သားရုံသို့ပို့
ပေးမည်ဟု ပွဲစားကပြောဆိုခဲ့ပါသည်။

အလုပ်သမားကို….
က“ ပွဲစားလည်းမလာပါ။ အလုပ်သမားသံအရာရှိကိုဖုန်းဆက်တော့လည်း အော်ဆဲခံရတာ ပဲအဖတ်တင်ပါတယ်။
ကျနော်တို့ဆီက ဘတ်ငွေ ၄,၀၀၀ ဖြတ်ထားပြီးပါပြီ။ ကျနော်တို့ အလုပ်လုပ်ချင်ပါတယ်။ ကူညီပေးပါ”
ဟုပြောသည်။

ယခုအသုတ်နှင့်လာခဲ့သည့် ရခိုင်အလုပ်သမား
၆ဦးတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်မြို့နယ်ရှိ နာနတ်သီး စိုက်ပျိုးရေးခြံတွင် ပို့ထားသဖြင့်
အလုပ်သမားများက မလုပ်လိုကြောင်းပြောဆိုသော်လည်း ပွဲစားများကလျစ်လှူရှု ထားသည်ဟုပြောသည်။
ပြီးခဲ့သည့်
နိုဝင်ဘာလ ၇ရက်နေ့က ပဲခူးတိုင်းညောင်လေးပင်မြို့နယ်၊ ကြာအင်ကြီးကျေးရွာမှ
ကိုကျော်ဇေ၊ ရန်လင်းဦးနှင့် ချစ်ဖွယ် ဆိုသူတို့က ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံသားမြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သဖြင့် စာချုပ်အတုလုပ်သည့်ကိစ္စကို
အလုပ်သမားသံအရာရှိရုံးတွင် ရှင်းလင်း ခဲ့ကြရသည်။ MAT အဖွဲ့နှင့် အလုပ်သမားသံအရာရှိ
ရှေ့တွင် မြန်မာနိုင်ငံတွင် မတရားဖြတ်တောက်မည် ငွေများအား ချေဖျက်နိုင်ခဲ့သဖြင့် အလုပ်သမားများကျေနပ်ခဲ့ကြသည်။
ရှင်းလင်းပြီးသောအခါ တိုးတက်ချမ်းသာပွဲစား ကျော်နိုင် ဆိုသူက အလုပ်သမား ၃ဦးထံမှကားခဟုဆိုကာ
ဘတ်ငွေ သုံးထောင် တောင်းယူသွားကြောင်း အလုပ်သမား များကပြောသည်။
MOU နဲ့ လာကြမယ့်
မြန်မာအလုပ်သမားတိုင်း
ကျနော်တို့ MAT အဖွဲ့ဖုန်းနံ
ပတ်ကို ရအောင်လုပ်လာကြဖို့တော့တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ တတ်နိုင်သမသမျှကူညီဖို့ မတရားမှုတွေကိုဖေါ်ထုတ်ပေးဖို့အဆင်သင့်ပါ။ ဟု ၎င်းက ဆက်လက်ပြောဆို
သည်။