20 December 2016

လာမည့်နှစ် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သံအရာရှိ သုံးဦးကို တိုးမြှင့်ခန့်အပ်မည်




မြန်မာတိုင်း ပြည့်သက်ဖြိုး   |   Monday, 19 December 2016 ကို ကူးယူဖေါ်ပြပါသည်။
 
       ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားသံအရာရှိသုံးဦးကို လာမည့် ၂၀၁၇ ခုနှစ်၌ တိုးမြှင့်ခန့်အပ်သွား မည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
 
“လာမယ့်နှစ် ထိုင်းနိုင်ငံမှာအလုပ်သမားသံအရာရှိ သုံးဦးကို တိုးမြှင့်ပြီး မြို့နယ်အလိုက် ခန့်အပ်ဖို့စီစဉ်ထား ပြီးဖြစ်ပါတယ်”ဟု ၄င်းက နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICC 2) တွင် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနား၌ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများပြားသည့်အပြင် အမှုအခင်းနှင့် ပြဿနာဖြစ်ပွားမှုလည်း များပြား လျက်ရှိရာ သံရုံးဝန်ထမ်းအင်အားနှင့် အလုပ်သမားသံအရာရှိအင်အား မလုံလောက် သော ကြောင့် ယခုကဲ့ သို့ တိုးမြှင့်ခန့်အပ်ရခြင်းဖြစ်ကြောင်း ဦးသိန်းဆွေက ဆိုသည်။

“ထိုင်းမှာက ရွှေ့ပြောင်းအလုပ်သမားတွေများတယ်၊ အမှုအခင်းလည်းများတယ်၊ ပြသနာလည်းများ တယ်၊
 ဆောင်ရွက်ပေးရမှာလည်း တော်တော်လေးကျယ်ပြန့်တာပေါ့၊ အလုပ်သမားက သန်းနဲ့ ချီပြီး ရှိတဲ့အခါ 
သံရုံးမှာရှိတဲ့ အင်အားနဲ့ အလုပ်သမားသံအရာရှိက မလောက်နိုင်ဘူး၊ ထိုင်းစကားတတ်တဲ့ ၀န်ထမ်းတစ်ေ ယာက်၊ ဥပဒေကျွမ်းကျင်တဲ့ ၀န်ထမ်းတစ်ယောက်စတဲ့ထပ်ပြီးတော့သုံးယောက် လောက်ထပ်ခန့်ဖို့ရှိတယ်၊
 သံရုံးကလည်းပဲ နိုင်ငံခြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အင်အားတွေ ထပ်ဖြည့်ပေးနေတယ်” ဟု ၄င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

အလုပ်သမားသံအရာရှိ သုံးဦးဖြင့် အင်အားဖြည့်ဆောင်ရွက်ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားကိစ္စများေ ဆာင်ရွက်ရာတွင် ယခင်ကထက် ပိုမိုတိုးတက်လာမည်ဖြစ်သော်လည်း အကန့်အသတ်ရှိနေသေးကြောင်း
 ဦးသိန်းဆွေက ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင်ပြည်ပနိုင်ငံများ သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏အခွင့်အရေးများကိုကာကွယ်စောင့် 
ရှောက်ပေးရန်နှင့် ပြသနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် နှစ်ဦးစီနှင့်
 ကိုရီးယားသမ္မတနိုင်ငံတွင် တစ်ဦးစသည်ဖြင့် အလုပ်သမားသံအရာရှိများကို ခန့် အပ်ထားပြီးဖြစ်သည်။

ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရည်ရွယ်ထားသူများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ၊၄င်းတို့ ၏ မိသားစုများအတွက် သတင်းအချက်အလက်များပေးနိုင်ရန်နှင့် အလုပ်သမားရေးရာကိစ္စများကို ကူညီဆောင် ရွက်ပေးနိုင်ရန်တို့အတွက် ရွှေ့ပြောင်းအလုပ်သမားကူညီထောက်ပံ့ရေးဌာန၁၀ ခုကို  ၀န်ကြီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် ထိုင်းနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် အလုပ်သမားစေလွှတ်မှုဆိုင်ရာနားလည်မှု စာချွန် လွှာကို လက်မှတ်ရေးထိုးထားပြီး ဂျပန်နိုင်ငံနှင့်လည်း လက်မှတ်ရေးထိုးရန်အတွက်စီစဉ်လျက်ရှိသည်။