14 December 2016

“မြန်မာအိမ်အကူအလုပ်သမတစ်ဦးအိမ်ရှင်ပစ္စည်းများခိုးယူကြောင်း ထိုင်းသတင်းတွင်ဖေါ်ပြ”



            
 ၂၀၁၆ ဒီဇင်ဘာ ၁၄
ကိုတီး

         ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထုံဘူရီနယ်မြေမှ သူဌေးအိမ်တစ်အိမ်မှ တန်ဖိုးကြီးပစ္စည်းများပျောက် ဆုံးသွားခဲ့မှုကို မြန်မာ အိမ်အကူ အမျိုးသမီးတစ်ဦး ခိုးယူသွားကြောင်း ထိုင်းရပ်သတင်းတွင် ယနေ့ဖေါ်ပြ ထားသည်။

          မြန်မာနိုင်ငံ ကရင်ပြည်နယ် .  မြို့ဟု ပတ်စပို့တွင်ရေမှတ်ထားသည့်  အသက် ၃၀ အရွယ် မခင်မြင့်ဦး ဆိုသူသည် ၈.၁၂.၂၀၁၆ နေ့ကစတင်ကာ အဆိုပါ သူဌေးအိမ်တွင် အလုပ်စတင်လုပ်ဆောင်ခဲ့ပြီး ၁၂.၁၂.၂၀၁၆ တနင်္လာ နေ့ နံနက် ၁၀နာရီ ခန့်တွင် အမျိုးသားထံသို့ အလည်သွားမည်ဟုပြောဆိုကာ ပလပ် စတစ်အထုတ် ၂ခု ကိုင်ဆောင်သွားကြောင်း အိမ်ရှင်က ထိုင်းထောက်လှမ်းရေးအဖွဲ့သို့ ထွက်ဆိုထားသည်။

      ပျောက်ဆုံးပစ္စည်းများမှာ ပတ္တမြားကြိုးတစ်ကုံး၊ ပတ္တမြားလက်စွပ်၊ ပတ္တမြားနားကပ် (တန်ဖိုး ဘတ်၇သန်း ) ခန့်၊ ထိုင်းဘတ်ငွေ ရှစ်သောင်းခန့်နှင့် ယူရိုငွေ တစ်သန်း တို့ပါ ပျောက်ဆုံးသွားကြောင်း အိမ်ရှင် အသက် ၆၄နှစ် အရွယ် နိုင်ကေသိကျိလရှ်ဒေ့ဒန်လုမ် က အထူးရဲတပ်ဖွဲ့သို့ပြောဆိုထားသည်။

         ညနေ၈နာရီခွဲခန့်တွင် ဘီရိုထဲတွင်သိမ်းဆည်းထားသည့်ပစ္စည်းများမရှိတော့ကြောင်းသိရှိခဲ့ရကြောင်း အိမ်ရှင်က ထွက်ဆိုထားသည်။


    ယခုပျောက်ဆုံးပစ္စည်းခိုးယူသွားသူအား ဖမ်းဆီးပေးနိုင်သူအား ထိုင်းဘတ်ငွေ တစ်သိန်း ချီးမြှင့်မည်   ဖြစ် ကြောင်းထိုင်းသတင်းတွင်ရေးသားဖေါ်ပြထားသည်။

         သူခိုးအဖြစ်စွတ်စွဲခံထားရသူ မခင်မြင့်ဦး တွင် ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံရနောင်း စခန်းမှ ထုတ်လုပ် သည့် မြန်မာပတ်စပို့ အဟောင်းနှင့် ယမန်နှစ်က စမူပါကန်နယ်မြေတွင်ပြုလုပ်ထားသည့် ပန်းရောင်ဘတ် ကဒ် ကိုင်ဆောင်ထားကြောင်း ထောက်လှမ်းရေးမှတ်တမ်းများအရသိရှိရသည်။

ယခုသတင်းမှာ ယမန်နေ့က M Thai အွန်လိုင်းသတင်းတွင်ထုတ်လွှင့်ခဲ့သည်။ အဆိုပါသတင်းကို ဖတ်ကြရ သည့် မြန်မာများက ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းနှင့် အမျိုးမျိုးဝေဖန်ရေးသားထားသည်ကိုလည်း MAT အဖွဲ့က ဖတ်ရှုခွင့်ရရှိခဲ့ပါသည်။