03 December 2016

“ပဲခူးတိုင်း နတ်တလင်းမြို့က ကိုလှမျိုး နစ်နာကြေးရယူရန်အတွက်ဆက်သွယ်ပါ”




 ၂၀၁၆ ခု ဒီဇင်ဘာ ၃ ရက်
မင်းဘခက်



       ပဲခူးတိုင်းနတ်တလင်းမြို့မှ ကိုလှမျိုးအားရှာဖွေဆက်သွယ်၍ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ဆက်သွယ်ပါရန် အွန်လိုင်းပရိတ်သတ် များကို မေတ္တာရပ်ခံပါသည်။

       ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဘန်ဘော် အေကချိုင်း အလုပ်ရုံတစ်ခုအတွင်း အလုပ်လုပ် နေစဉ် ညာ ဘက် လက်ခလယ်၂ဆစ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကိုလှမျိုး အတွက် MAT အဖွဲ့နှင့်ရှေ့နေတို့ ကူညီဆောင်ရွက် ပေးခဲ့မှုဖြင့် 15.1.2015 နေ့ နစ်နာကြေး ဘတ်ငွေ (၈၀,၀၀၀) ကိုလက်ခံရရှိထားပြီးဖြစ် ပါသည်။ 

       ယခုအခါ ကိုလှမျိုးမှာ နေရပ်သို့ပြန်သွားပါသဖြင့် ဆက်သွယ်မရဖြစ်နေပါသည်။ ထိုင်းရှေ့နေများ က နစ်နာကြေးငွေများကို လက်ခံယူရန်အတွက် ကိုလှမျိုးကို ၀ိုင်းဝန်း ဆက်သွယ်ကြရန် ပြောဆိုလာပါသည်။ ကိုလှမျိုးသည် ပတ်စပို့ အမှတ် TJ- 032450 ကိုင်ဆောင်ခဲ့သူဖြစ်ပါသည်။


ဆက်သွယ်ရန်ဖုန်း
ကိုဘခက်   0873121179 MAT အဖွဲ့
ကိုစိုင်းအေး 0805885548 MAT အဖွဲ့